Day: March 14, 2019

မိဘကိုကျေးဇူးဆပ်ချင်တာကြောင့် သာသနာ့ဘောင်ကို ၀င်ရောက်ကုသိုလ်ယူနေတဲ့ ဟဲဗီးဖြိုး (ဦးသောမ)

March 14, 2019

Zawgyi ဖြင့်ဖတ်ရန် အနုပညာလောကသားတော်တော်များများဟာ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးပြီး သံယောဇဉ်ရှိကြပါတယ်။ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ဟဲဗီးဖြိုးတစ်ယောက် နောက်ပိုင်းဇာတ်ကားတွေမှာသိပ်မတွေ့ရတော့ပဲ ပရိသတ်တွေနဲ့ အဆက်ပြတ်သလိုဖြစ်နေတာပဲဖြစ်ပါတယ်။ ” ကျွန်မက နှင်းဆီပါမောင် ” ဇာတ်ကားမှာ ယွန်းယွန်းနဲ့အတူတူသရုပ်ဆောင်ပြီး နောက် ပိုင်း ဇာတ်လမ်းတွဲတစ်ချို့မှာပါဝင်သရုပ်ဆောင်ခဲ့ပါသေး တယ်။ ဒီနောက်မှာတော့ သိပ်မ တွေ့ရတော့ပဲ ပရိသတ်တွေရှေ့က အချိန်တစ်ခုထိ အနည်းငယ်ပျောက်နေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်လည်း ကောင်း ပရိသတ်တွေကလည်းချစ်ခင်အားပေးတဲ့ အရည်အချင်းပြည့်ဝ တဲ့ အနုပညာရှင်ဖြစ်တာမို့ အားလုံးကလည်း ပိတ်ကားပေါ် ပြန်လည် ရောက်ရှိလာမယ့် ဟဲဗီးဖြိုးရဲ့ ရွှေရောင်နေ့ရက်တွေကို ပြန်လည်မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော် ဟဲဗီးဖြိုးဟာ သာသနာ့ဘောင်ကိုဝင်ရောကါနေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ဟဲဗီးဖြိုးက “မိဘကိုကျေးဇူးဆပ်ချင်တာရယ်၊ လူ့ဘောင်လောကမှာ ပျော်မွေ့ခဲ့တဲ့ မကောင်းတာတွေအကုန်လုံးကို စွန့်လွှတ်ချင်တာရယ်ကြောင့် ဦးပဉ္စင်းဝတ်ဖြစ်ခဲ့တာပါ”လို့ပြောလာခဲ့ပါတယ်သာ။ သာသနာ့ဘောင်သို့ ၀င်ရောက်ကုသိုလ်ယူနေတဲ့ […]

Read More

ဝမ်းရေးအတွက် လမ်းဘေးထွက်တောင်းရမ်းနေရသော လူရွှင်တော်ကြီးတစ်ဦး

March 14, 2019

မန္တလေးမြို့လယ်ကောင် ၇၃ လမ်းမပေါ်မှာ နိစ္စဓူဝ ဖြတ်သန်းသွားလာနေသူတွေအဖို့ မီးပွိုင့်မှာ မီးနီရပ်စောင့်နေချိန် ကား၊ ဆိုင်ကယ်တွေအနားကပ်ပြီး လာရောက်တောင်းရမ်းတတ်တဲ့ အဖိုးအို တစ်ဦးကို သတိထားမိကြမှာပါ။ ခေါင်းပေါင်းခပ်နွမ်းနွမ်းတစ်ထည် ခေါင်းမှာပတ်ထားပြီး ဟောင်းနွမ်းနေတဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒီအဘိုးအိုကို တောင်းရမ်းသူတစ်ဦးအဖြစ်သာ လူအများစုက မြင်ကြမှာဖြစ်ပြီး၊ တစ်ချိန်က ခေတ်ဟောင်း လူရွှင်တော်ကြီးတစ်ဦးအဖြစ် စင်မြင့်ထက်မှာ ပရိသတ်ကို ကပြဖျော်ဖြေ အသုံးတော်ခံခဲ့တယ် ဆိုတာကိုတော့သတိထားမိသူ အင်မတန်နည်းပါလိမ့်မယ်။ သူ့နာမည်ဟာ အဘိုးဦးတူးဖြစ်ပြီး အသက် ၇၃ နှစ် ရှိပါပြီ။ သူဟာ တစ်ချိန်က ဇာတ်သဘင်စင်မြင့်ထက်မှာ ပရိသတ်တွေကို ဟဒယဆေး တိုက်ကျွေးခဲ့တဲ့ လူရွှင်တော်တိုင်းကျော် ဖြစ်ပါတယ်။ ခမ်းနားလှတဲ့ ဇာတ်စင်ပေါ်က ဘဝကို အတိတ်မှာချန်ထားခဲ့ပြီး မန္တလေးရဲ့ လမ်းဘေးတစ်နေရာမှာ လူမသိ သူမသိ တောင်းရမ်း စားသောက်နေပါတယ်။ […]

Read More

ရည်းစားဟောင်းကို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာထိုးသတ်ခဲ့ရခြင်းအကြောင်း ထွက်ဆိုပါပြီ

March 14, 2019

ရည်းစားဟောင်းကို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာထိုးသတ်ခဲ့ရခြင်းအကြောင်း ထွက်ဆိုပြီ တာချီလိတ်မြို့ တည်းခိုခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်းစားဟောင်း ဖြစ်သူကို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သူကို တာချီလိတ်မြို့ အဝေးပြေးကားလေးဝင်းမှာ မတ်လ (၁၄)ရက် ညနေ (၅)နာရီခန့်က ဖမ်းဆီးရမိတယ်လို့ တာချီလိတ်မြို့မ ရဲစခန်းကနေသိရပါတယ်။ မတ်လ (၁၄)ရက် မနက်အစော (၁)နာရီခန့်က တာချီလိတ်မြို့ တည်းခိုခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ မစုစုလှိုင်ကို ရည်းစားဟောင်းဖြစ်သူ သန်းဝေက ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာကြောင့် မစုစုလှိုင်မှာ မတ်လ (၁၄)ရက် မနက် (၅)နာရီခန့်မှာ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးခဲ့ပါတယ်။ မစုစုလှိုင်သေဆုံးခဲ့တာကြောင့် ကတ်ကြေးဖြင့် ထိုးသတ်သူ သန်းဝေကို တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းရာမှာ သန်းဝေမှာ မြိုင်မြို့နယ်၊ အိုက်မရွာမှာနေထိုင်သူဖြစ်ပြီး တာချီလိတ်မြို့ကို မန္တလေးကနေတစ်ဆင့် […]

Read More

ကားရှေ့ ကျောက်တုံးနဲ့ပိတ်ပြီး ယုတ်မာတဲ့အိမ်နီးချင်းကို ပညာပေးလိုက်ခဲ့တဲ့ အမျိုးသမီးရဲ့လုပ်ရပ်

March 14, 2019

မိမိကားရှေ့ ကျောက်တုံးကြီးနဲ့ပိတ်ပြီး ယုတ်မာတဲ့အိမ်နီးချင်းကို ပညာသားပါပါတုံပြန့်လိုက်တဲ့ ဘူမိဗေဒပညာရှင် တကယ်လို့ မင်းအလုပ်သွားဖို့ကားထုတ်ဖို့ပြင်နေတုန်း ကျောက်တုံးကြီးပိတ်နေရင် ဘယ်လိုလုပ်မလဲ။ တချို့က ကျောက်တုံးကို နေရာရွေ့ပစ်ကြမှာဖြစ်ပြီး အခြားသူတွေကတော့ အလုပ်နောက်မကျအောာင် အငှားကားနဲ့သွားကြမှာပါ။ ဒါပေမယ့် ဘူမိဗေဒပညာရှင် တစ်ယောက်ကတော့ သူရဲ့ကားရှေ့မှာ ကျောက်တုံးကြီးထားပြီး ပိတ်ခဲ့တဲ့သူကို လှလှပပ ပညာပေးခဲ့ပါတယ်။ Melissa Scruggs အမည်ရှိအမျိုးသမီးတစ်ဦးက မီးတောင်ဆိုင်ပညာရပ်နှင့် Ph.D ရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက Melissa ဟာ အမြဲဆူညံ စည်းကမ်းမရှိတဲ့ အိမ်နီချင်းနဲ့ပြသာနာတက်ခဲ့ဘူးပါတယ်။ ထိုအိမ်နီချင်းက ပါတီတစ်ခုလုပ်ပြီး မူးရူးနေကာ ခြံစည်ရိုးခိုင်ဖို့ ထားတဲ့ ကျောက်တုံးကြီးကို ဘူမိဗေဒပညာရှင်ရဲ့ ကားအရှေ့သို့ သူရဲ့အပေါင်းအပါတွေနဲ့အတူ မပြီး ရွေ့ခဲ့ပါတယ်။ ဒါကြောင့် မနက်ခင်း အလုပ်သွားဖို့ ကားအနားရောက်လာခဲ့ရာမှာ Melissa သိလိုက်ရတာက သူ(မ)ကားထွက်လို့မရအောင် ကျောက်တုံးကြီးပိတ်နေတာကိုတွေ့ခဲ့ရပါတယ်။ သူ(မ)အရမ်းကို […]

Read More

စားသုံးသူတို့ရေ ကိုယ့်ဖာသာသာ ကာကွယ်ကြပါတော့နော်

March 14, 2019

ကင် ဆာ မျိုးစုံဖြစ်နေတဲ့ မြန်မာပြည်သူပြည်သားတွေ အတွက် သတိပေးပါရစေ။ ငရုတ် ဖလံဖြူ မှိုတက်တွေနဲ့ ဆိုးဆေးအနီရောက်အမှုန့်တွေ ရောနှောနေတဲ့ မြင်ကွင်းပါ ။ စား သုံးသူတွေကတော့ ရှိတာကို ဝယ်စားကြမှာပဲ။ ဒါတွေကို သေချာစစ်ဆေး ပြီးထိထိရောက်ရောက်အ ရေးယူသင့်တယ် ဒီလို့လူတွေ အသက်အန္တရယ်ရှိတဲ့ စားသောက်ကုန်တွေကို ဖျက်ဆီးသင့်တယ် ။ ဒီပုံဟာ ၂၀၁၈ ခုနှစ် နှစ်လည်လောက်ကတည်းက တက်လာတဲ့ပုံပါ။ ဒါပေမဲ့ ဒါ တွေ ကို ဘယ်လို အ ရေးယူလိုက်ပါတယ် ဆိုတဲ့ အသံတော့ အခုထိ မကြား ရ သေးပါဘူး။ ထိရောက်တဲ့အ ရေးယူဆောင်ရွက်မူတွေ မရှိရင်တော့ ဒါတွေက ဆက်လုပ်နေမှာပဲ မစားကြပါနဲ့ လို့ပဲ ပြောနေရုံနဲ့က မပြီးပါ။ စားဖို့မသင့်လို့ ပြောနေရုံနဲ့မပြီးပါ။ […]

Read More

ငါ့ အတွက်မပူကြနဲ့ အပေါ်ကို လက်ညှိုးထိုးပြီး ဟိုမှာနတ်တွေ လာကြိုနေပြီတဲ့။ (တကယ့်ဖြစ်ရပ် အမှန်ပါ)

March 14, 2019

ငါ့ အတွက် မပူကြနဲ့.. အပေါ်ကို လက်ညှိုးထိုးပြီး ဟိုမှာနတ်တွေ လာကြိုနေပြီ..တဲ့။ သရဏဂုံဖြင့် ဘဝကူးကောင်းသွားသူ တစ်ယောက် အကြောင်း ( ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ) ( ၇ )တန်းကျောင်းသားဘဝက မမေ့နိုင်သော ကိုယ်တွေ့ ဖြစ်ရပ်မှန် အတွေ့အကြုံလေးပါ… အဘိုးဖြစ် သူ ဦးဘဖေဟာ အသက်( ၈၅ )နှစ်အရွယ်မှာ ဇရာအိုရဲ့ ဘဝဝေဒနာကို ခံစားရတဲ့အခါ အဘိုးက…အမေ အမေဆိုပြီး တမ်းတပါတယ်။ အဲဒီလိုတမ်းတနေတော့ ကြာလာတဲ့အခါ မြေးဖြစ်သူကျွန်​​တော်​ နားငြီးလာတယ်။ ညအိပ်ရင်လည်း အဘိုးနဲ့ အတူ အိပ်ပါတယ်။ အဲဒီလိုညည်းရင်​ သူ့နားမှာနေပြီး ခြေထောက် တွေကိုနှိပ်ပေးရင် အညည်း​ရပ်ပြီး အဘိုးဟာ အိပ်ပျော်သွားပါတယ်။ အဘိုးဖြစ်သူဟာ သရဏဂုံကို သူ့ပုတီးလေးနဲ့ အချိန်ရသလို စိတ်နေတာကြာပါပြီ။ အာနာပါနတရားကို […]

Read More

ဘုရားရှိခိုးမပျင်းပါနဲ့ (ဘုရားရှိခိုး ပူဇော်ရသော အကျိုးရှစ်မျိုး )

March 14, 2019

ဘုရား ရှိခိုး မပျင်းနဲ့ အချိန်ဖြုန်းတဲ့ အလုပ် မဟုတ်ဘူး တစ်နေ့လုံးသုံးဖို့ စိတ်တန်ခိုး ထုတ်လုပ်တာ စိတ် ဓါတ်ဆီ ထည့်တာ စိတ် စက်ဆီ ဖြည့်တာ။ သန့်စင် တဲ့ စိတ်ဖြစ်အောင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေနဲ့ ဆေးတယ်လို့မှတ် စက်ကရိယာတွေကို ဆေးကြောသန့်စင်တယ်လို့ စိတ်ထဲ မှာ နှလုံးသွင်း ထား။ ဘုရားရှိခိုး တာ ဘုရား ဂုဏ်တော် ပွားတာ မေတ္တာပို့ တာ ထွက်လေဝင်လေ စူးစိုက်ပြီးမှ ငါးမိနစ် ဆယ်မိနစ် တရားထိုင် တာဟာ ကျန်းမာရေး လဲရ စိတ်ခွန်အား လဲကောင်း စိတ်ကြံခိုင်ရေး လဲတိုးတယ် ကိုယ်ခန္ဓာ ခွန်အား တိုးတက် ကိုယ်ခန္ဓာ ကြံခိုင်ရေး လဲတိုးတက် အကုန်လုံး အကောင်းတွေချည်းပါပဲ။ […]

Read More

မြစ်ဆုံကိစ္စ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောပါပြီ

March 14, 2019

မြစ်ဆုံစီမံကိန်းကို ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်က စဉ်းစားစေချင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မတ်လ (၁၄)ရက် က ပြည်မြို့မှာ လူထုနဲ့ တွေ့ဆုံစဉ် ဒေသခံတစ်ဦးရဲ့မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာမှာ ထည့်သွင်းပြောကြား ခဲ့တာပါ။ အစိုးရအနေနဲ့ စီမံကိန်းတွေကို စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ ရှုထောင့်လေးခုပေါ်မူတည်ပြီး ရေရှည်အကျိုး အတွက် စဉ်းစားရတယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ တာဝန်သိစိတ်နဲ့ လုပ်မှာဖြစ်ပြီး ဆုံးဖြတ်ချက်ချ ရင် ပြည်သူတွေကို ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ ရှင်းပြမှာဖြစ်တယ်လို့ ပြောပါတယ်။ မြစ်ဆုံစီမံကိန်းဟာ တပ်မတော်အစိုးရလက်ထက်က သဘောတူခဲ့ တဲ့စီမံကိန်းဖြစ်ပြီး အကောင်အထည်ဖော်ချိန်မှာ ကန့်ကွက်မှုတွေရှိခဲ့ တာကြောင့် ပြီးခဲ့တဲ့ အစိုးရသက်တမ်းကစပြီး အခုချိန်အထိ စီမံကိန်းကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။5 PLUS NEWS Unicode […]

Read More

ရဲတပ်ဖွဲ့ဝင် (၉)ဦး သတ်ဖြတ်ခံရမှုမှာ တရားမျှတမှုမရှိဟု ဥရောပသမဂ္ဂသံရုံးထုတ်ပြန်ပြီ

March 14, 2019

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာရဲကင်းစခန်းတွင်တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်(၉)ဦးသတ်ဖြတ်ခံရမှုမှာ တရားမျှတမှုမရှိကြောင်း ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး ၊ ဥရောပအဖွဲ့ဝင်နိုင်ငံ သံရုံးများ ၊ ကနေဒါ နှင့် နော်ဝေ သံရုံးတို့မှ သံရုံး အကြီးအကဲများက မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် (၉) ဦးတို့ သတ်ဖြတ်ခံရခြင်းကဲ့သို့သော လုပ်ရပ်များသည် မည်သို့မျှ တရားမျှတမှု မရှိပါဟု ဖော်ပြထားသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် AA […]

Read More

ရွှေမှုန်ရတီ နဲ့ တူတယ်ဆိုပြီး နာမည်ကြီးလာခဲ့တဲ့ တက်သစ်စမင်းသမီးငယ်လေး

March 14, 2019

Zawgyi ဖြင့်ဖတ်ရန် ပရိသတ်ကြီးရေ လောကကြီးမှာ လူတူမရှား နာမည်တူမရှားဆိုသလိုပါပဲ ။ အခုတစ်ခေါက်မှာလည်း ပရိသတ်တွေရဲ့ အသဲကျော် ရွှေမှုန်ရတီ နဲ့ အင်မတန်တူတယ် ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးလာတဲ့ မော်ဒယ်မင်းသမီးသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော်။ တမင်တကာ တူအောင်ပြုလုပ်ထားတဲ့ အလှမဟုတ်ပေမယ့် အမှတ်တမဲ့ဆို ရွှေမှုန်ရတီလို့ ကို ထင်မှားရလောက်အောင် တူညီနေခဲ့တာပါ ။ အဆိုပါ မင်းသမီးလေးရဲ့ နာမည် ကတော့ ရွှေရည်ဝင်းထက်စံလို့ ခေါ်ပါတယ်။ မင်းသမီးအသစ်လေးကို စတင်ပွဲထုတ်ပေးခဲ့တာကတော့ Myanmar Famous Stars Page က ဖြစ်ပါတယ်။ စကားဝါသရုပ်ဆောင်သင်တန်းဆင်းတစ်ယောက်ဖြစ်တဲ့ ရွှေရည် တစ်ယောက် မော်ဒယ်လောက နဲ့ သရုပ်ဆောင် နယ်ပယ်တွေမှာ ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးလည်း ရွှေရည် နဲ့ ရွှေမှုန် […]

Read More