Local News

အတူအိပ်မယ့် ပြည့်တန်ဆာမိန်းကလေးမှအမျိုးသားကိုဆေးခပ်ပြီး အချဉ်ဖမ်း ထွက်ပြေး

May 19, 2019

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့မှတည်းခိုးခန်းတစ်ခုတွင် အခကြေးငွေဖြင့် ကာမပျော်ပါးရန် ရောက်ရှိနေသည့် အမျိုးသားထံမှ ငွေသားနှင့် လက်ဝတ်ရတနာများ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော် လိမ်လည်ထွက်ပြေးသူ ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးကို ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေလ ၈ ရက် ညနေ ၆ နာရီ အချိန် ရွှေပြည်သာမြို့နယ် (၅)ရပ်ကွက်မှ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ် ဦးနှင့် ကာမပျော်ပါးရန်အတွက် ငွေကျပ် ၁၀၀၀၀ ဖြင့် သဘောတူညီမူရပြီးနောက်တည်းခိုခန်းတွင် တည်းခိုနေစဉ် အမျိုသမီးက ဘီယာထဲ မူးယစ်စေတတ်သော ပစ္စည်းတွေနဲ့ ရောတိုက်ခဲ့ပြီး အမျိုးသား အိပ်ပျော်သွားချိန်တွင် ၎င်းအမျိုးသားဝတ်ဆင်ထား သည့် ရွှေထည်ပစ္စည်းနှင့် ငွေသားအပါဝင် စုစုပေါင်းတန်ဖိုး သိန်း ၁၀၀ ရာကျော်ခန့်ကိုယူဆောင်ပြီး တိမ်းရှောင်သွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ […]

Read More

မန္တလေးတိုင်းဒေသကြီး ယင်းမာပင်​တိုက်​နယ်​တွင် ကလေးသုံးမွှာပူးကို အောင်​မြင်​စွာမွေးဖွားနိုင်

May 19, 2019

မန္တလေးတိုင်းဒေသကြီး ယင်းမာပင်​တိုက်​နယ်​တွင် ကလေးသုံးမွှာပူးအား အောင်​မြင်​စွာမွေးဖွားနိုင်​ အောင်​မြင်​ ​အောင်​​မွေးဖွား​ပေးခဲတဲ့ ဆရာacc ဖြစ်​ပါတယ်​ မန္တလေးတိုင်းဒေသကြီး သာစည်​မြို့နယ်​ ယင်းမာပင်​တိုက်​နယ်​ ပြည်​သူ့ဆေးရုံကြီး၌ ကလေးသုံးမွှာပူးအား အောင်​မြင်​စွာမွေးဖွားနိုင်​ ယင်းမာပင်​အုပ်​စု မဒါန်းကျေးရွာနေ ကိုအောင်​ဇော်​ထက်​၏ဇနီး မနန်းလှိုင်​ဝင်း၏ သုံမွှာပူးကိုယ်​ဝန်​အား ယင်းမာပင်​တိုက်​နယ်​ ဆေးရုံအုပ်​ကြီး ဒေါက်​တာသက်​နောင်​စိုး နှင့်​ ဆေးရုံဝန်​ထမ်းများမှ အောင်​မြင်​စွာခွဲစိတ်​ မွေးဖွားနိုင်​ခဲ့ကြောင်းသတင်းရရှိပါသည်​ ။ ယင်းမာပင်​တိုက်​နယ်​ဆးရုံအုပ်​ကြီး ဒေါက်​တာ ကိုသက်​နောင်​စိုးနှင့်​ ဆေးရုံဝန်​ထမ်းများအား ယင်းမာပင်​တောင်​ပေါ်သူ တောင်​ပေါ်သားများမှ အထူးပင်​ ကျေးဇူးတင်​ ဂုဏ်​ယူဝမ်းမြောက်​ပါကြောင်း လူနာရှင်​များကိုယ်​စား ပြောကြားလိုက်​ပါတယ်​ ။ Unicode ဖြင့်ဖတ်ရန် မန္တလေးတိုင်​းဒေသကြီး ယင်​းမာပင်​တိုက်​နယ်​တွင် ကလေးသုံးမွှာပူးအား အောင်​မြင်​စွာမွေးဖွားနိုင်​ အောင်​မြင်​ ​အောင်​​မွေးဖွား​ပေးခဲတဲ့ ဆရာacc ဖြစ်​ပါတယ် မန္တလေးတိုင်​းဒေသကြီး သာစည်​မြို့နယ်​ ယင်​းမာပင်​တိုက်​နယ်​ ပြည်​သူ့ဆေးရုံကြီး၌ ကလေးသုံးမွှာပူးအား အောင်​မြင်​စွာမွေးဖွားနိုင်​ […]

Read More

တရုတ်နိုင်ငံသူတစ်ဦး သောင်ရင်း မြစ်တွင်းသို့  ခုန်ချကာ အဆုံးစီရင်

May 19, 2019

တရုတ်နိုင်ငံသူတစ်ဦး သောင်ရင်း မြစ်တွင်းသို့  ခုန်ချကာ အဆုံးစီရင် ရွှေကုက္ကိုယ်မြိုင် တရုတ်တန်းတွင် နေထိုင်နေသူ တရုတ်နိုင်သူတစေ်ဦး သောင်ရင်း မြစ်တွင်းသို့  ခုန်ချကာ အဆုံးစီရင် ဒီကနေ့ နံနက် ပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  အနီး ရွှေကုက္ကိုယ်မြိုင် ငြိမ်ချမ်းရေး ဒေသက China town ချိုင်းနားတောင်း တရုတ်တန်း ရပ်ကွက် မှာ နေထိုင်နေသူ ( LI YUQ IN ) လီယုချင် အသက်၂၇ နှစ်ဟာ ခင်ပွန်းဖြစ်သူ နဲ့  စကားများပြီး သောင်ရင်း မြစ်အတွင်းကိုခုန်ချကာ အဆုံးစီရင် သွားခဲ့ကြောင်း သိရပါတယ်။ သူမ ခင်ပွန်းဖြစ်သူဟာ အမျိုးသမီးအသစ် တဦး နဲ့ ဖေါက်ပြန် […]

Read More

အဂတိလိုက်စားမှုဖြင့်တရားစွဲခံထားရသူ မိုးညိုမြို့နယ် လဝက ဦးစီးအရာရှိ အကျဉ်းထောင်တွင် သေဆုံး

May 19, 2019

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသူ မိုးညိုမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးမှာ ယနေ့(မေလ ၁၉ ရက်)၊ နေ့လယ် ၁ နာရီ ၅၅ မိနစ်ခန့်က ပဲခူးအကျဉ်းထောင်တွင် သေဆုံးသွားကြောင်း သိရသည်။ “အကျဉ်းထောင်ထဲမှာ သတိလစ်သွားလို့ ဆေးရုံကိုပို့တဲ့အခါ ဆေးရုံရောက်တော့ သေသွားတာပဲ။ ဘယ်လိုကြောင့်သေရသလဲဆိုတာကိုတော့ ရင်မခွဲရသေးလို့ မသိသေးပါဘူး။ သူ့အမျိုးသမီးကို ဆက်သွယ်ပြီး ခေါ်ထားပါတယ်” ဟု ပဲခူးမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးနိုင်စိုးက အကုန်သိသတင်းဌာနသို့ ပြောသည်။ သေဆုံးသူဦးဇော်မိုးသည် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိတစ်ဦးဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပြုလုပ်သူများထံမှ ငွေကြေးနှင့်လက်ဆောင်ပစ္စည်းများတောင်းခံခြင်း၊ ဦးစီးအရာရှိ ရုံးခန်းအတွင်းရှိ အလှူခံပုံးအတွင်းသို့ အလှူငွေများထည့်ဝင်ခိုင်းခြင်းတို့ ပြုလုပ်ခဲ့မှုကြောင့် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ […]

Read More

အဖေတူအမေကွဲအစ်ကို မှ ညီမဖြစ်သူကို သားမယား အကြိမ်ကြိမ်ပြုကျင့်

May 19, 2019

မွန်ပြည်နယ် မုဒုံမြို.နယ် ကော. ခပုံကျေးရွာ အလည်ပိုင်း ရထားလမ်းအနီးနေ. ဒေါ်…. ၏ သမီး မ….. (၁၂)နှစ်အရွယ် ခလေးအား ဒေါ်….၏ ခင်ပွန်းဖြစ်သူဦး…. ယခင် အိမ်ထောင်မှ ပါလာသော သား မောင်ပိုင်စိုးသူ (ခ) အဘိုင် ၂၁နှစ် မှ အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုခဲ့ကြောင့် အိမ်နီးချင်းများ၏ ပြောပြချက်များအရ သိရ၍ သမီးဖြစ်သူ မ….. (၁၂)အားမေးမြန်အား မ…. မှ အစ်ကိုဖြစ်သူ ပိုင်စိုးသူမှ မိမိအား သာမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင် ပြောသဖြင့် မိခင်ဖြစ်သူ ဒေါ်….. မှ မွန်ပြည်နယ် မုဒုံမြို.နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသိင်္ဂီမော် အား ဖြစ်စဉ်နှင့်ပတ်သက်၍သွားရောက်ပြောပြသဖြင့် ၁၈ရက်နေ. ၁၄:၀၀ ခန်.အချိန်တွင် ဒေါ်မြသိင်္ဂီမော် မှ နစ်နာသူအား […]

Read More

မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာတဲ့ ကား တိမ်းမှောက် ၄ ဦးသေဆုံး

May 19, 2019

မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာသောကား တိမ်းမှောက် ၄ ဦးသေဆုံး ယနေ့  ၁၉.၅.၂၀၁၉ရက်နေ့နံနက်တွင် မြန်မာနိုင်ငံသား (၁၀)ဦးကျော်ခန့်သယ်ဆောင်လာသည့် ကားတစ်စီး မိုင်တိုင်အမှတ် ၁၉၀ကျော်ဟိုက်ဝေးလမ်းမပေါ်တွင် တိမ်းမှောက်သဖြင့် လူလေးဦးသေဆုံးကြောင်းကြားသိရသည့်အတွက် ကူညီမှူပေးနိုင်ရန် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက်အခင်းဖြစ်နေရာသို့ သွားရောက်နေပါသည်။ ကပုန်း(၇)ရက်သားသမီးနာရေးကူညီမူအသင်း မလေးရှား ဒီကနေ့မနက်(၁၉.၅.၂၀၁၉) ၇ နာရီဝန်းကျင်လောက်မှာ ပီနန်း မှ kl သို့အသွား(မိုင်တိုင်အမှတ် ၁၉၀.၈) မှာ လူ၁၄ ယောက်တင်လာတဲ့ အောက်လမ်းပွဲစားကားတစီးတိန်းမှောက်ပီး ကားအနောက်ခြမ်းတခုလုံးစုတ်ပြတ်ပီး တချို့ တံတားအောက်သို့လွင့်စင်သွားတယ် လက်ရှိမှာ ၃ ဦးပွဲချင်းပီးသေပီး အောက်သို့လွင့်သွားသူများ အသက်ရှင်ဖို့မသေချာ ကားသမားမှာပျောက်ဆုံးနေပီး ယောက်ျားလေး ၁၁ယောက် မိန်းခလေး ၁ ဖြစ်ကာ အားလုံးချင်းလူမျိုးများဖြစ်တယ်လို့သိရပါတယ်… လက်ရှိမှာ တော့ ခရီးသွား ကိုမင်းသန်းက […]

Read More

နေအိမ်ထဲဝင်ပြီး အနုကြမ်းစီးကာ ငွေကြေးနဲ့ ရွှေထည်ယူဆောင်သွားသူကို ဖမ်းဆီးရမိ

May 19, 2019

Zawgyicode နေအိမ်ထဲဝင်ပြီး အနုကြမ်းစီးကာ ငွေကြေးနဲ့ ရွှေထည်ယူဆောင်သွားသူကို ဖမ်းဆီးရမိ နေအိမ်ထဲကိုဝင်ရောက်ပြီး အနုကြမ်းစီးကာ ငွေကြေးနဲ့ ရွေထည်တွေယူဆောင်သွားသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့နေအိမ်တစ်လုံးကို လူတစ်ယောက်ကဝင်ရောက်လာပြီါ် အိမ်ထဲမှာရှိနေတဲ့ ဒေါ်ခင်သန်းမြင့် ကို သိုင်းဖက်ကာ ပါးစပ်ပိတ်ပြီး မအော်ဖို့ပြောဆိုပြီး ငွေနဲ့ ရွှေထည်ပစ္စည်းတချို့ယူဆောင်သွားခဲ့ပါတယ်။အဲ့တာကြောင့် ဒေါ်ခင်သန်းမြင့်က အဲ့ဒီအမျိုးသားဟာ ငွေ ၁၀ သိန်းနဲ့ ၁၇ သိန်းတန် စိန်ခြယ်နားကပ်တစ်ရံကို ယူဆောင်သွားတာကြောင့် အရေးယူပေးဖို့ အမှတ်(၁)နယ်မြေရဲစခန်းကိုတိုင်တန်းခဲ့တာကြောင့် ရဲစခန်းကနေ (ပ)၂၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၈၆ နဲ့ အမှုဖွင့် စစ်ဆေးခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကသိရပါတယ်။ အဲ့ဒီနောက် ပစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာ အခင်းဖြစ်နေအိမ်ဘေးက CCTV မှတ်တမ်းတွေအရ ပြစ်မှုကျူးလွန်သူဟာ အဲ့ဒီအိမ်မျက်စောင်းထိုးက ရွှေကျီးမုန့်ကြွပ်စက်ရုံက အလုပ်သမားဖြစ်သူ […]

Read More

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် စင်္ကာပူ၌ ကွယ်လွန် ဆိုသည့် သတင်းမှာ မဟုတ်မမှန်သတင်းဖြစ်ပါသည်။

May 19, 2019

ပြည်သူ့အချစ်တော် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်….ဆိုသည့်သတင်းမှာမမှန်ကန် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်သည် ဆိုသည့်သတင်း မဟုတ်မှန် – ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်သည် ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး(ငြိမ်း) သည် ပြင်ဦးလွင်မြို့တွင် ကျန်းမာစွာ ရှိနေကြောင်း၊ မကြာမိ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ သြဝါဒဖြင့် ဒုလ္လဘ ရဟန်းပြုရန်ရှိကြောင်း သမ္မတ(ငြိမ်း)၏ တပည့်တစ်ဦးဖြစ်သူ ဦးအောင်ပိုင်မင်းက သူ၏ လူမှုကွန်ယက်အကောင့်တွင် ရှင်းလင်းပြောကြားထားသည်။ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသော ကောလဟလများနှင့်ပတ်သက်၍ သမ္မတ(ငြိမ်း) ကျန်းမာစွာရှိကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြနေခြင်းများလည်း ရှိသည်။ အောက်ပါပုံများမှာ ၁၈.၅.၂၀၁၉ ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ ဖလန်တောင်၊ မဟာဝိဇယဘုရားသို့ သမ္မတကြီး(ငြိမ်း) မိသားစု ဘုရားဖူး လာရောက်ပြီး အလှူငွေများ လှူဒါန်းခြင်းဖြစ်ကြောင်း အရှင် […]

Read More

တရားရုံးများတွင်ကျင်လည် ကျက်စားနေသည့် အမှုပွဲစားများ ၊ နယ်စားရှေ့နေများ ကို တိုင်ကြားနိုင်ပြီ

May 19, 2019

Zawgyicode တရားရုံးများတွင်ကျင်လည် ကျက်စားနေသည့် အမှုပွဲစားများ ၊ နယ်စားရှေ့နေများ ကို တိုင်ကြားနိုင်ပြီ တရားရုံးများတွင် ကျင်လည် ကျက်စားနေသည့် အမှုပွဲစားများ၊ နယ်စားရှေ့နေများ၏ မမှန်မကန်လုပ်ရပ်များအား ဖော်ထုတ်အရေး ယူနိုင်ရေးအတွက် တရားရုံးများတွင် လာရောက် တိုင်ကြားနိုင်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှ သိရသည်။“တရားရုံးများမှာ အမှုပွဲစားများ၊ကျက်စားလေ့ရှိခြင်းကြောင့် တရားစီရင်ရေး မဏ္ဍိုင်တိမ်းစောင်းမှုမရှိစေရန်အလို့ငှာ ယင်းတို့၏ မမှန်မကန်လုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်လျက်ရှိ ပါတယ်။ အကြောင်းအမျိုးမျိုးဖြင့် တရားရုံးသို့ ဆက်နွယ်ရောက်ရှိ လာကြသူကလည်း အမှုပွဲစားရှေ့နေဆိုသူများနှင့်စပ်လျဉ်း၍တရားရုံးသို့ ဖော်ထုတ်တိုင်ကြား နိုင်ပါ တယ်”ဟု ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးမှ တရားသူကြီးဦးစိုးနိုင်ကပြောသည်။ ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကော့သောင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးခင်ဇော်မှ တရားရုံးများတွင် အမှုပွဲစားများပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေခြင်းကို သိလိုခြင်း မေးမြန်းမှုအပေါ် တရားသူကြီးမှ […]

Read More

ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကိုဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၌ လုပ်ဆောင်မည်

May 19, 2019

Zawgyicode ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကိုဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၌ လုပ်ဆောင်မည် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများ အား ငွေကြေးထောက်ပံ့ခြင်းကို လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်၌ လုပ်ဆောင်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။“ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကို၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်မှာ လုပ်ဆောင်ခဲ့တယ်။ ယခု ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ လုပ်ဆောင်ခဲ့ပြီး လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု […]

Read More