မကြာခင်မှာ အသက် (၃၂)နှစ်အရွယ်ကို ကူးပြောင်းတော့မယ်ဖြစ်တဲ့ သြဂုတ်လရဲ့ရွှေမင်းသမီးနှစ်ယောက်

အနုပညာလောကရဲ့ လျှမ်းလျှမ်းတောက်ကျော်ကြားကြတဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးနဲ့ ထပ်ဆင့်အကယ်ဒမီဝတ်မှုံရွှေရည်တို့ကို တစ်နိုင်ငံလုံးက ပရိသတ်တွေ အားလုံးချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်က ပရိသတ်တွေ တော်တော်များများသိပြီးသားဖြစ်တဲ့အတိုင်း ညီအစ်မတစ်ဝမ်းကွဲတွေသာဖြစ်ပြီး အမျိုးအရင်းကြီး တော်စပ်ကြသူတွေ ဖြစ်ကြပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်က လက်ရှိအချိန်ထိတိုင် နှစ်ယောက်စလုံး အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးတွေအဖြစ်နဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

သြဂုတ်လကတော့ ပရိသတ်တွေချစ်ကြတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ မွေးလလေးပဲ ဖြစ်ပါတယ်။ သြဂုတ်လ (၉) ရက်နေ့မှာမွေးဖွားတဲ့ ဖွေးဖွေးနဲ့ သြဂုတ်လ (၁၀)ရက်မှာ မွေးဖွားတဲ့ ဖွေးဖွေးတို့က တစ်ရက်ကြီးတစ်ရက်ငယ် ညီအစ်မတွေဖြစ်ကြပါတယ်။ (၁၉၈၈) ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သူမတို့နှစ်ယောက်စလုံးက အခု (၂၀၂၀)ခုနှစ်မှာတော့ (၃၂) နှစ်အရွယ်ကို အသီးသီးကူးပြောင်းတော့မှာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့မွေးနေ့လေးမှာ မွေးနေ့ပွဲလေးတွေပြုလုပ်တတ်ပြီး ဖွေးဖွေးကတော့ သာမာန်အတိုင်းပဲ ဖြတ်သန်းလေ့ရှိကြပြီး ဒီနှစ်မွေးနေ့မှာတော့ နှစ်ယောက်စလုံး ဘာအစီအစဉ်တွေရှိလဲမသိနိုင်သေးပါဘူး။ ပရိသတ်ကြီးလည်း သြဂုတ်လရဲ့ မွေးနေ့ရှင်နှစ်ယောက်ဖြစ်တဲ့ ဖွေးစိန်နဲ့ ကစ်လေးအစား ရင်ခုန်စိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*