မောင်ဖြစ်သူ ရောင်းတဲ့ ထီဆိုင်ကနေ ထီထိုးပြီ ထီဆုကြီး ဆွတ်ခူးရရှိခဲ့လို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ဟေမာန်မန်းဝင်း

Cele Connections ပရိသတ်ကြီးရေ ဖခင်ဖြစ်သူ ဦးမန်းဝင်းရဲ့ ခြေရာအတိုင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူ ပရိသတ်အချစ်တော် သရုပ်ဆောင် ဟေမာန်မန်းဝင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဖခင်ဖြစ်သူ ဟာသပညာရှင် ဦးမန်းဝင်းကတော့ ဇူလိုင်လ (၁၃)ရက်နေ့မှာ မိသားစုနဲ့အတူ ချစ်တဲ့ ပရိသတ်တွေကို ထာဝရအပြီးအပိုင် ထားရစ်ခဲ့ကာ ခွဲခွာ နှုတ်ဆက်သွားခဲ့ပြီ ပဲဖြစ်ပါတယ်နော်.။

သမီးကြီး ဟေမာန်မန်းဝင်းကတော့ ဖခင်ဖြစ်သူကို သတိရနေရင်း ချစ်တဲ့မိခင်နဲ့ မောင်နှမတွေအတွက် ရပ်တည်ကာ အပြုံးမပျက် ရှေ့ဆက်ကာ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့ ကြိုးစားနေသူပဲဖြစ်ပါတယ်.။ ဒီနေ့ သြဂုတ်လ (၁)ရက်နေ့မှာတော့  မောင်ဖြစ်သူရဲ့ ထီဆိုင်က ရောင်းတဲ့ ထီကို ထိုးပြီး ငါးသောင်းဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အကြောင်းလေးကို “ပထမဆုံးလမှာ မကြီးဟေမာမန်းဝင်း က ကဆ (၂၁) ဂဏန်းနဲ့ထီ ငါးသောင်းကျပ် ဆု ဆွတ်ခူးသွားပါတယ်ခဗျာ.။ ဒီလမပေါက်သူများ နောက်လကံကောင်းကြပါစေ။ #စိတ်ချယုံကြည်ချမ်းသာထီ” ဆိုပြီး မောင်ဖြစ်သူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။.

မောင်ဖြစ်သူရောင်းနေတဲ့ ထီဆိုင်ကနေ ထီထိုးပြီး ငါးသောင်းဆုကို ဆွတ်ခူးရရှိခဲ့လို့ ဟေမာန်မန်းဝင်းတစ်ယောက်တော့ လအစမှာပဲ ကံကောင်းခြင်းတွေနဲ့အတူ ပျော်ရွှင်နေမယ်ဆိုတာ အသေအချာပါပဲနော်..Cele Connections ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Connections ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Chan Thar Mann Win’s Facebook

Sakura(Cele Connections)

Be the first to comment

Leave a Reply

Your email address will not be published.


*