
ပေါင်မြို့ မိုးနိုင်းရပ်ကွက်တွင် သိန်း ၂၀၀ ကျော်ခန့် ဖေါက်ထွင်းမှုဖြစ်ပွား

ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက် မြိုင်သုခလမ်း သာယာလမ်းသွယ်နေ အိမ်တစ်လုံးတွင် ဩဂုတ်လ ၁ ရက်နေ့ညကဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ငွေသားသိန်း၂၀၀ခန့်နှင့် ရွှေ၈ကျပ်သားခန့်ပါသွားကြောင်းအိမ်ရှင် မတင်မိုးကပြောကြားချက်အရသိရသည်။ ဖောက်ထွင်းသူမှာ တဖက်လူမနေသော ဆောက်လက်စအိမ်မှ သစ်သားများထောင်၍လှေကားလုပ်ကာနေအိမ်အပေါ်ထပ်တက်ပြီး ပြတင်းပေါက်မှကျော်ခွ၍ ဝင်ခြင်းဖြစ်ကြောင်းရွှေထည်ပစ္စည်း ၈ ကျပ်သားခန့် ငွေသားသိန်း၁၈၀နှင့် စုဗူးတစ်လုံး ခန့်မှန်းသိန်း ၂၀၀ ကျော်ခန့်ပါသွားကြောင်းသိရသည်။

ဖောက်ထွင်းသူကို အိမ်ရှင်တွေ့လိုက်ကြောင်း မျက်နှာကိုမွန်လုံချည်အုပ်ထားကြောင်း ကလေးသာသာလူငယ်တစ်ယောက်ဖြစ်နိုင်ကြောင်းသိရ။

Source – Michael Kyaw Mya Win

Be the first to comment

Leave a Reply

Your email address will not be published.


*