ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချန်းက ဧရာဝတီလင်းပိုင်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ပြောလာတဲ့ ရုပ်သံဖိုင်
Posted by Ice Cold on Friday, 31 July 2020
Unicode
ကိုယ့်နိုင်ငံသားမဟုတဲ့ ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချန်းက ဧရာဝတီလင်းပိုင်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ခုလိုပြောလာပါတယ်။
” မင်္ဂလာပါ ကျွန်တော် ဂျက်ကီချန်းပါ။ ကျွန်တော်ကို ကျေးဇူးပြုပြီး လျှပ်စစ်ရှော့စ်ရိုက် ငါးဖမ်းခြင်းများ ရပ်တန့်သွားအောင် ကူညီပေးကြပါဗျ။ ခင်ဗျားတို့အားလုံး ဧရာဝတီ လင်းပိုင်တွေကို ကာကွယ်ပေးရမယ်။
ကျွန်တော်ကို ကျေးဇူးပြုပြီး လျှပ်စစ်ရှော့စ်ရိုက် ငါးဖမ်းခြင်းများ ရပ်တန့်သွားအောင် ကူညီပေးကြပါဗျ။ ကမ္ဘာတစ်ဝန်းလုံးက ကလေးငယ်တွေကို ဧရာဝတီလင်းပိုင်ငယ်လေးတွေကို ရှင်သန်ဖို့ အခွင့်အရေး ပေးကြပါ။ ကျွန်တော် မကြာမှီ လာလည်မယ်၊ သူတို့နဲ့ တွေ့ဖို့ မျှော်လင့်ပါတယ်။
ကျွန်တော် ဂျက်ကီချန်းပါ။
Thank you ! ” ပါဆိုပြီး မင်းသားကြီးဂျက်ကီချန်းက ပြောလာပါတယ်။
ရှော့တိုက်ငါးဖမ်းကြလို့ လင်းပိုင်တွေပါ သေကုန်ရတာဖြစ်ပါတယ်။ လင်းပိုင်လေးတွေဟာ မျိုးပွားဖို့ ခက်ခဲတယ်။ ကြာလဲကြာတယ်။ ကြီးထွားနှုန်းလဲ နှေးကြပါတယ်။ ယခု ဧရာဝတီလင်းပိုင်လေးတွေသေတာ ၆ ကောင်ရှိနေပီ။
ပိုဆိုးတာကတော့ဗျာ မျိုးပွားပေးတဲ့ အမတွေကြီးဘဲ သေတာဖြစ်နေတယ်။ မျိုးဆက်ပွားဖို့ အလွန်ကို ခက်ခဲသွားတာပေါ့ဗျာ။ ရှားပါးတဲ့ရေချိုလင်းပိုင်တွေဖြစ်ပီး မြန်မာနိုင်ငံမှာ အကောင် ၇၀ ဘဲကျန်တော့တယ်။
မိုးတွင်းရေကြီးလို့ ရေစီးနဲ့ မျှောပါသွားလို့ ပြန်ရှာမတွေ့တဲ့အခါမျိုးလဲရှိလာအုံးမှာပါ။ အဆိုးဆုံးကတော့ ရှော့တိုက်ငါးဖမ်းကြတာပါဘဲ။ ကိုဗစ်မဖြစ်ခင်ကတော့ ဧည့်သည်တွေလာကာ လင်းပိုင်ကြည့်ကြတော့ လှေတွေသုံးကြနဲ့ဆိုတော့ အလုပ်ဖြစ်ပြီး ငါးမဖမ်းကြဘူး။
ခုကျ ငါးရှာဖို့ မြန်မာ့ရှားပါးလင်းပိုင်တွေ မျိုးတုန်းတော့ မလိုဖြစ်ကုန်ပြီ။ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဆိုသလိုဘဲ မျိုမတုန်းခင်ကာကွယ်ကြဖို့တိုက်တွန်းလိုပါတယ်။
မြန်မာနိုင်ငံရဲ့ ချစ်စရာ အလှအပတရားထဲမှာ ဧရာဝတီလင်းပိုင်တွေဟာလဲ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်တဲ့အတွတ်ကြောင့် သတ်မပစ်ဘဲ ကာကွယ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ လူအများမြင်အောင် ရှယ်ပေးချင်းဖြင့် ဧရာဝတီလင်းပိုင်းများကို ကာကွယ်ပေးလိုက်ကြရအောင်ဗျာ။ အာဂ
Be the first to comment
Leave a Reply
Your email address will not be published.
*