ခဏအချိန်လေးပေးပြီး ဖတ်ကြည့်ပါ ဖတ်ကြည့်လို့ အသိတိုးပြီး ဆွမ်းလောင်းလှူပါ မိတ်ဆွေများ

ဆွမ်းလောင်းရခြင်းအကျိုး(၁၂)ပါး

ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ ဆွမ်းလောင်းရင်ကုသိုလ်ရမယ်ဆိုတာလောက်ပဲ အကြမ်းဖျဉ်းသိထားကြပါတယ်။ တစ်ကယ်တမ်း ဘယ်လိုတွေအကျိုးထူးလဲ ၊ ဘယ်လိုကုသိုလ်တွေရလဲဆိုတာကိုတော့ သေချာမသိကြပါဘူး ။

ဒါကြောင့် ပရိတ်သတ်ကြီး အနေနဲ့ ကိုယ်ပြုလိုက်တဲကုသိုလ်ဟာ ဘယ်လောက်တန်ဖိုးကြီးပြီး ကုသိုလ်ဘယ်လောက်ရသလဲဆိုတာ သေချာသိစေဖို ဝေမျှလိုက်ပါတယ်။ ခဏ အချိန်လေးပေးပြီး ဖတ်ကြည့်ပါ။ ဖတ်ကြည့်လို့အသိတိုးပြီး ဆွမ်းလောင်းလှူပါ မိတ်ဆွေမျာ

၁။ တာဝတိဝံသာ နတ်ပြည်တစ်ထောင်သော နတ်မင်းတို့၏မိဖုရား အဖြစ်ကိုရခြင်း။၂။ တစ်ထောင်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကိုရခြင်း။

၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကိုရခြင်း။၎။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည်ဖြစ်၍ အလွန်အဆင်းလှခြင်း။

၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာရှုချင်စဖွယ် ရှိခြင်း။၆။ မြတ်သောအမျိုး၌ဖြစ်၍ အလင်းရောင်ကို ဆောင်နိုင်ခြင်း။

၇။ မောင်းမတစ်ထောင်တို့၏ အကြီးအမှူး ဖြစ်ခြင်း။၈။ မရေမတွက်နိုင်သော သင်္ကန်း၊ ဆွမ်း၊ ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာတို့ကို ရရှိခြင်း။

၉။ ဆွမ်းလှူခဲ့သည့် အချိန်မှစ၍ သုံးဆယ့်တစ်ကမ္ဘာတိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ရခြင်း။၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုးတို့၌သာ ကျင်လည်ခဲ့ ရခြင်း။

၁၁။ များသော စည်းစိမ်ဥစ္စာရှိ၍ မြင့်မြတ်သောအမျိုး၌ ဖြစ်ရခြင်း။ ၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခမ်း၍ ရဟန္တာ ဖြစ်ရခြင်း။ မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

Writer ; Kwee (Jeeptoolay)

Source ; အရှင်ကဝိသာရ နွဦေးမေတ္တာ တရား

Be the first to comment

Leave a Reply

Your email address will not be published.


*