ယူကရိန်းနိုင်ငံမှာ ဗုဒ္ဓဘာသာကို မိသားစုလိုက်ယုံယုံကြည်ကြည်နဲ့ကိုးကွယ်လာကြပြီ

ဗုဒ္ဓသာသနာပြန့်ပွားမှုသိပ်မရှိခဲ့တဲ့ ယူကရိန်းနိုင်ငံမှာ ဗုဒ္ဓသာသာပြန့်ပွားလာနေပြီဖြစ်ပါတယ်…ဗုဒ္ဓရုပ်ပွားတော်တွေကိုလည်း ကိုယ်တိုင်ထုလုပ်ပူဇော်နေကြပြီး မိသားစုလိုက်ပါ ကိုးကွယ်လာကြတယ်လို့ သိရပါတယ်…လူမှုကွန်ရက်မှာ တင်ထားတဲ့ အဆိုပါအကြောင်းအရာ အပြည့်အစုံလေးကတော့ အောက်မှာ ဖော်ပြပေးထားတဲ့ အတိုင်းပါပဲ….

“ယူကရိန်းနိုင်ငံမှာ ဧကပေါင်းများစွာကျယ်ဝန်းတဲ့ ဘုန်းကြီးကျောင်းဝန်းထဲမှာ စင်တာတွေ အဆောင်တွေ ဆောက်လုပ်ကြပါတယ်ကလေးကစားစရာ နှင့် ရေကူးကန်ကအစ ဘုန်းကြီးကျောင်းဝန်းထဲမှာရှိပါတယ်။သူတို့ဆီက ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတွေကို ကြည့်လိုက်ရင် တကယ်အားရစရာတွေပါ…

မိသားစုအားလုံးစုပြီး တနင်္ဂနွေ သို့မဟုတ် ရုံးပိတ်ရက်တွေမှာ ပျော်ပျော်ပါးပါးဘုန်းကြီးကျောင်း သွားကြပါတယ်..ကလေးသူငယ်တွေနဲ့သွားတဲ့အခါ ကလေးတွေပျော်ရွှင်ဖို့အတွက် ကလေးကစားကွင်းကအစ ဘုန်းကြီးကျောင်းဝန်းထဲမှာ ပြုလုပ်ကြပါတယ်ယူကရိန်းနိုင်ငံက ဗုဒဘာသာအချို့ ဘုန်းကြီးကျောင်းသွားကြတဲ့အခါ မိမိဝါသနာပါရာ ကုသိုလ်တွေပြုလုပ်ကြပါတယ်…ဘုရားဆင်းတုတော်ထုလုပ်သည့်ကုသိုလ်..ဘုရားဆင်းတုတော်များကို ဆေးချယ်သည့်ကုသိုလ်…စေတီပုထိုးများကိုဆေးသုတ်သည့်ကုသိုလ်…အဆောင်များကို ပြုပြင်ဆောက်လုပ်သည့်ကုသိုလ်..

ကျောင်းပုရဝုဏ်အတွင်း သန့်ရှင်းရေးပြုလုပ်သည့်ကုသိုလ်..တရားထိုင်ရာတွင်အသုံးပြုရန် ထိုင်ခုံတွေပြုလုပ်ကြတယ်…စသည်အားဖြင့် ကုသိုလ်တွေပြုလုပ်ကြပါတယ်.အချို့လူသစ်တွေ ဘုရားဆင်းတုတော် မထုလုပ်တတ်သေးဘူးဆိုရင်လူဟောင်း စီနီယာတွေက ဘယ်လိုလုပ်ရတယ် ဘယ်လိုထုရတယ် စသည်အားဖြင့် သင်ပြပေးပါတယ်…. မလုပ်တတ်သေးတဲ့ လူသစ်တွေက မှတ်ထားရတယ်….တစ်ပတ်တစ်ကြိမ် (ရုံးပတ်ရက်) လောက်တော့ စင်တာ (ဘုန်းကြီးကျောင်း)သွားပြီး ကုသိုလ်တွေယူကြပါတယ် ကလေးသူငယ်တွေခေါ်ပြီး မိသားစု ပျော်ပျော်ပါးပါး ဘုန်းကြီးကျောင်းသွားကြပါတယ်။..” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့နေတာပါ….

ဒါကြောင့် ဥရောပအထိပါပြန့်နှံ့လာတဲ့ ဗုဒ္ဓဘာသာအကြောင်းလေးကို ပရိသတ်ကြီးတို့ သိရှိအောင် ပြန်လည်မျှဝေလိုက်ရပါတယ်…ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း ဝမ်းသာဂုဏ်ယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်…အားလုံးကျန်းမာချမ်းသာကြပါစေနော်…

Be the first to comment

Leave a Reply

Your email address will not be published.


*