တစ်ကယ့်နိဗ္ဗာန်အလားထင်မှတ်ရတဲ့ ဓမ္မအေးရိပ်သာတောရတရားစခန်း

အပြင်မှာ နိဗ္ဗာန် တကယ်ရောက်သွားသလိုခံစားရတဲ့ ဓမ္မအေးရိပ်သာတောရတရားစခန်းကျောင်းလေးအကြောင်းပြောပြချင်ပါတယ် အရင်ဆုံး ဓမ္မအေးရိပ်သာ တောရကျောင်းရဲ့ လိပ်စာလေးညွန်ပါရစေ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း မြို့မှာတည်ရှိပြီး ဧက၂၀၀လောက်ကျယ်ဝန်းပါတယ်။

အေးချမ်းလွန်းလို့ အဲဒီနေရာကိုသွားပြီး တရားစခန်းဝင်ချင်စိတ်ပေါက်သွားအောင် ပုံလေးတွေနဲ့ဖော်ပြပေးလိုက်ပါတယ်..အဲဒီနေရာမှာရှိနေတဲ့ ရေညှိတွေက ကော်စောမွေ့ယာခင်းထားသလား မှားရလောက်အောင် စိမ်းစိုပြီး အိစက်ညက်ညောနေပါတယ် ၊ တည်နေရာလေးကို တိတိကျကျထပ်ပြီး ညွှန်းရရင်

ဟုမ္မလင်း မြို့ရောက်ရင် ဗိုလ်ချူပ် ရုပ်ထုတွေပါလိမ့်မယ် ၊ အဲဒီကမှတဆင့် ဘယ်ဘက်မချိုးပဲ လမ်းတည့်တည့်သွားပါ ၊ လမ်းဘယ်ဘက်က မြို့ထဲသွားတာဖြစ်ပါတယ်။ ဆက်သွားရင်ချင်းတွင်းမြစ်တံတားအသစ်တွေ့ပါမယ် ၊ တံတားကျော်ရင် လမ်းဘယ်ဘက်မချိုးဘဲ မိနစ်၂၀ လောက်ဆက်သွားလိုက်ပါ၊

လမ်းဘယ်ဘက်မှာ စေတီကြီးတည်ဆောက်နေတာတွေပါလိမ့်မယ် ၊ စေတီရဲ့ ဘေးမှာလမ်းရှိပါတယ် အဲဒီလမ်းကိုဆက်သွားလိုက်ရင် ဓမ္မအေးရိပ် ကျောင်းရောက်ပါပီနော်။

သံဃာတော်တွေ သီလဆောက်တည်တဲ့ နေရာတစ်ပါးကျောင်းလို့ခေါ်တဲ့ အဆောင်တွေက အရှေ့မှာရော အနောက်မှာပါ အများကြီးရှိပါတယ်စိမ်းစိုပြီး အေးချမ်းလှတဲ့ သဘာဝရေညှိတွေ ကော်စောမွေ့ရာခင်းထားသလားထင်မှတ်ရအောင် ပေါများလှပါတယ်

ဆရာတော်ကြီးတွေ ညီတော်နောင်တော်တွေ တရားစခန်းခေတ္တနားပြီး တွေ့ဆုံကြတဲ့အခိုက်အတန့်လေးတွေပါ ၊ တခြားနေရာမှာလည်း တစ်ပါးနေကျောင်းဆောင်သေးသေးတွေအများကြီးရှိနေပါသေးတယ်

ဘုရားဋ္ဌာပနာထားတဲ့အဆောင်ပါ၊ ထိုနေရာမှာလည်း တရားအားထုတ်လို့ရပါသေးတယ် ၊ ဒီလိုစင်္ကြန်လျှောက်လို့ရတဲ့နေရာတွေအများကြီးရှိပါတယ် ၊ သစ်ပင်မှာကပ်ထားတဲ့ စကားမပြောရ အညစ်ကြေမစွန့်ရ ဆိုင်းပုတ်တွေအများကြီးကိုလည်းစိုက်ထူထားပါတယ်..

အပြင်မှာ တကယ်နိဗ္ဗာန်ပဲ အရမ်းအေးချမ်းလွန့်လို့ပါနော်…..အဆုံးထိကြည့်ပေးလို့ သာဓု သာဓု သာဓုပါရှင်

Writer ; Kwee (Jeeptoolay)
Source ; Zaw Lynn Phyo

Be the first to comment

Leave a Reply

Your email address will not be published.


*