လုံးခင်း ရပ်ကွက်(၅)တွင် အချစ်ကို မျှဝေမစားနိုင်တဲ့ မယားကြီးက မယားငယ်ယူထားတဲ့ ကိုယ့်ယောကျာ်းကို ဓါးနှင့်ထိုးသတ်

လုံးခင်း ရပ်ကွက်(5)တွင် အချစ်ကိုမျှဝေမစားနိုင်တဲ့ မယားကြီးကမယားငယ်ယူထားတဲ့ ကိုယ့်ယောကျာ်းကို ဓါးနှင့်ထိုးသတ်

ဖြစ်စဉ်အကျဉ်းမှာ…(19.3.2020)ရက်နေ့ နေ့လည်(12:30) အချိန်ခန့် လုံးခင်း ရပ်ကွက်(5)တွင် လူသတ်မူ ဖြစ်ပွားကြောင်း သတင်းအရ လုံးခင်းရဲစခန်းမူး ဒုရဲမူး ဟန်မွှေးန/ထခေါင်းဆောင် ရဲအုပ်ဝေဠုအောင်မြင့် ဦးစီးသောအဖွဲ့နှင့်

အတူ ရပ်ကွက်(5)ရာအိမ်မူး ဦးကျော်ဆွေ၊ဆယ်အိမ်မူးဇော်ဝင်းကို တို့နှင့် အတူသွားရောက်စစ်ဆေးရာသေဆုံးသူမှာ သီဟစိုး (29)နှစ် ဗမာ/ဗုဒ္ဓ မြင်းစီးကျေးရွာ ရွှေဘိုမြို့နယ်နေသူဖြစ်ကြောင်းသိရပြီး သေဆုံးသူတွင် ဝဲဖက်ရင်အုပ် ထိုးသွင်းဒဏ်ရါ(1)ချက်၊ ဝဲဖက်နံရိုးဘေး ထိုးသွင်းဒါဏ်ရာ (3)ချက် ဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီးအခင်းဖြစ်စဉ်အားတွေ့မြင်သူကို မေးမြန်းရာ ရပ်ကွက်(5)ဦးစံသိန်း၏နေအိမ်တွင် အိမ်ငှါးနေထိုင်သူ သီဟစိုးနှင့် မယမင်းကို တို့(2)ဦးတရားမဝင် ပေါင်းသင်းနေထိုင်သည်ကိုသီဟစိုး၏ မယားကြီးဖြစ်သူ မငြိမ်းငြိမ်းအိ ရောက်ရှိလာပြီ

စကားများ ရန်ဖြစ်စဉ် မငြိမ်းငြိမ်းအိမှသီဟစိုးအား တစ်လင်တစ်မယားဥပဒေအရ အရေးယူပါကထောင်(7)နှစ်ကျနိုင်ကြောင်းပြောပြစဉ် သီဟစိုးမှထောင်ကျမခံနိုင်ဘူး နင့်ကိုသတ်ပီးမှထောင်ကျခံနိုင်ဟု ပြောဆိုကာ အနီးတွင်ရှိသော ကြက်သွန်လှီးစတီးဒါးဖြင့် မငြိမ်းငြိမ်းအိအား ထိုးမည်ပြုလုပ်စဉ် မငြိမ်းငြိမ်းအိမှ အဆိုပါ ဓါအား လုယူ၍ သီဟစိုး၏ နံကြားအား 3/4ချက်ခန့် ထိုးလိုက်၍သေဆုံးသွားခဲ့ကြောင်း သိရပြီ

ဓားဖြင့်ထိုးသူမငြိမ်းငြိမ်းအိ(34)နှစ် ဗမာ/ဗုဒ္ဓ မြင်းစီးကျေးရွာ ရွှေဘိုမြို့နယ်နေသူအားလုံးခင်းနယ်မြေရဲစခန်းမှ (ပ)၅၅/၂၀၂၀ အမူကြီးအမှတိစဉ်၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ထားကြောင်းသိရသည်။

နိုင်မိုး လုံးခင်း

Be the first to comment

Leave a Reply

Your email address will not be published.


*