အိမ်အပြင်ထွက်တဲ့အခါ ရောဂါပိုးမကူးအောင်ကြံစည်ခဲ့တဲ့ အီတလီသားကြီးရဲ့ အကြံအစည်ကောင်းကြီး

အီတလီနိုင်ငံအတွင်းမှာ Covid-19 ရောဂါပိုးကြောင့် သေဆုံးသူ (၈၂၇)ယောက်အထိ ရှိခဲ့ပြီး ကူးစက်ခံရသူ (၁၂၄၆၂)ယောက်အထိ ရှိခဲ့တာပါ။ နိုင်ငံတွင်းမှာ နေထိုင်ကြသူတွေလည်း ဒီအခြေအနေကြောင့် အထိတ်တလန့်ဖြစ်နေကြပြီး အိမ်အပြင်ထွက်ဖို့ကိုတောင် ကြောက်လန့်နေကြတာပါ။

ဖေဖော်ဝါရီလအတွင်းမှာ စတင်ဖြစ်ခဲ့တဲ့ Covid-19 ကြောင့် ကမ္ဘာအဝှမ်းမှာ လူပေါင်း (၁၂၅၀၀၀)ကျော်လောက် ရောဂါကူးစက်ခံနေရပြီး သေဆုံးသူဦးရေဟာ (၄၀၀၀) လောက်အထိ ရှိလာခဲ့တာပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လူတစ်ဦးနဲ့တစ်ဦး (၃)ပေအကွာမှာ နေထိုင်ခြင်းဟာ ရောဂါကူးစက်မှု မဖြစ်အောင် တားဆီးပေးနိုင်တယ်လို့ သိရတာပါ။

အီတလီနိုင်ငံ၊ ရောမမြို့မှာနေထိုင်တဲ့ အမျိုးသားကြီး တစ်ယောက်ကတော့ အဲဒီ အကြံပေးချက်ကို လိုက်နာခဲ့ပြီး နေအိမ်ကနေ အပြင်ကို ထွက်တဲ့အချိန်မှာ အခြားသူတွေနဲ့ (၃)ပေအကွာဖြစ်အောင် စက်ဝိုင်းပုံ သစ်သားပြားကြီး တစ်ခုကို အပေါက်ဖောက်လို့ သူ့ရဲ့ကိုယ်မှာ ချိတ်လာခဲ့တာပါဒီ သစ်သားဝိုင်းကြီးကြောင့် သူ့အနေနဲ့ လူတိုင်းနဲ့ (၃)ပေအကွာမှာ ရှိနေဖို့ သေချာသွားခဲ့ပြီး ဘယ်သူမှလည်း သူ့နားကို လွယ်လွယ်နဲ့ ကပ်နိုင်တော့မှာ မဟုတ်ပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ဒီ စိတ်ကူးကောင်းတဲ့ အမျိုးသားကြီးက နာမည်ကြီးခဲ့ပါတယ်။ ဈေးဝယ်စင်တာ တစ်ခုထဲကို အဲဒီ အနေအထားကြီးနဲ့ ဝင်ရောက်လာခဲ့တဲ့ သူ့ကို အနီးမှာရှိသူတွေက ဗီဒီယို ရိုက်ကူးထားခဲ့ကြပြီး စိတ်ကူးကောင်းလွန်းသူကြီးလို့ ချီးကျူးခဲ့ကြတာပါ

အီတလီနိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ Covid-19 ကြောင့် လူဦးရေ အသေအပျောက်အများဆုံး နိုင်ငံ ဖြစ်လာခဲ့ပြီး ရောဂါကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေကြရဆဲ ဖြစ်ပါတယ်။

Source :Italy News

CRD

Be the first to comment

Leave a Reply

Your email address will not be published.


*