ပဲခူးက KTV တွေမပိတ်သေးပေမယ့် အဝင်အဝမှာ လက်ဆေးဖို့စီစဉ်ထားပေး

ပဲခူးက KTV တွေမပိတ်သေးပေမယ့် အဝင်အဝမှာ လက်ဆေးဖို့စီစဉ်ထားပေး

မတ်လ(၁၉)ရက်၊ ၂၀၂၀။

ကိုဗစ်(Covid19)ကြောင့် ပဲခူးတိုင်းဒေသကြီးထဲက KTV တွေကိုမပိတ်သေးပေမဲ့ အဝင်ဝမှာ လက်ဆေးဖို့စီစဉ်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်ပဲခူးမြို့က KTV တွေမှာ ကျန်းမာရေးကြိုတင်ကာကွယ်တဲ့အနေနဲ့ KTV ထဲမဝင်ခင် ဟန်းဂျယ်အသုံးပြုတာ၊ လက်ဆေးကြောနိုင်အောင် စီမံထားတာတွေပဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဗစ်ကြောင့် တိုင်းဒေသကြီးကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အရ မြို့နယ်ကော်မတီဖွဲ့ပြီး ရပ်ကွက်တွေထဲမှာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောပါတယ်။

“KTV ပိတ်ဖို့အတွက်တော့ ညွှန်ကြားချက်ရတာနဲ့ ဆက်ပြီးဆောင်ရွက်သွားမှာပါ။ တိုင်းကျန်းမာရေးက ညွှန် ကြားတဲ့အတွက် မြို့နယ်ကော်မတီဖွဲ့ပြီးတော့ အသိပညာပေးလုပ်ငန်းတွေကို ရပ်ကွက်တွေမှာ ဆောင်ရွက် နေတာရှိပါတယ်။”လို့ ဦးသန်းဇော်က ပြောပါတယ်။

အဲဒီ KTV တွေကို ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်တွေအထဲအထိ အသိပညာပေးလုပ်ငန်းဆောင်ရွက်တဲ့အချိန် တခါထဲအသိပညာပေးလုပ်ပေးခဲ့ပြီးပြီလို့လည်း သိရပါတယ်။

“သမ္မတရုံးကလည်း စာထုတ်ထားပြီးသားလေ။ ဒါကို အစိုးရအဖွဲ့က စနစ်တကျစီမံခန့်ခွဲဖို့လိုတယ်။ ဒီအချိန် မှာတော့ KTV မှမဟုတ်ပါဘူး လူစုလူဝေးတွေကို မလုပ်သင့်ပါဘူး။ အရေးကြီးတဲ့ပွဲတော်တွေတောင် မလုပ်ဘူး ဆိုတော့ ဒီကိစ္စကပိုပြီးမလုပ်သင့်ဘူး။”လို့ ပဲခူးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံက ပြောပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့လည်း အဲဒီကိစ္စကို လွှတ်တော်မှာ တိုက်တွန်းထားသလို မလိုလားအပ်တဲ့ လူစုလူဝေးကိစ္စကို ရှောင်ကြဉ် သင့်တယ်လို့ ဦးကျော်မင်းစံက ပြောပါတယ်။

အခုအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေက KTV၊ နိုက်ကလပ်တွေကို ယာယီ ပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက အသီးသီးထုတ်ပြန်ထားပါတယ်။

ခရစ်ဒက် O Media

Be the first to comment

Leave a Reply

Your email address will not be published.


*