အလှူခံလို့ရတဲ့ငွေနဲ့ ​ကျောင်းဆောက်လှူတဲ့ ဘဘကြီး

အသက်၉၀ ကျော်လို့၁၀၀ ပြည့်တော့မယ်​ဈေးမှာအလှုခံနေတာတွေ့တော့အဘကိုအလှူခံထည့်ရင်းကျန်းမာရေးသိပ်မကောင်းတဲ့ အဘဦးခင်မြင့်ကအဘမသေခင်လေးထပ်လှုချင်လို့အလှူခံနေတာပါလို့ပြောတော့မျက်ရည်တောင်ဝဲမိတယ်ရသမျှကိုမစားမသောက်ပဲစုပြီးကိုလှူတာပါ။

သူလက်ဖက်ရည်သောက်ချင်တာတောင်ဝယ်မသောက်ပါဘူးအဘကိုလဘက်ရည်လေးလှူပါဆိုပြီးသူများလှူမှသောက်တာပါအနှစ်နှစ်အလလအလှူခံရတဲ့​ငွေလေးတွေကိုကိုယ်ကျိုးအတွက်မသုံးဘဲအပ်ထားပြီးကျောင်းဆောင်ဆောက်လှူခဲ့ပါတယ်။

ဧရာဝတီတိုင်းပန်းတနော်မြို့ကပုခန်းကျောင်းတိုက်မှာအဘလှုဒါန်းထားတဲ့ကျောင်းဆောင်လေးမှာထိုင်ရက်ကလေးတံမျက်စည်း လှဲနေတာမြင်ရတော့အဘရဲ့ဘာသာသာသနာအပေါ်ချစ်တဲ့စိတ်ကို မလေးစားဘဲမနေနိုင်ပါဘူးလှူခြင်တဲ့ဆန္ဒလှူခြင်တဲ့စိတ်လှူခြင်တဲ့ ဝိရိယလှူခြင်တဲ့ပညာဒီလေးချက်သာပြည့်စုံပါစေငွေရှိခြင်းမရှိခြင်းဆင်းရဲခြင်း၊ချမ်းသာခြင်းကအဓိကမကျဘူးဆိုတာဒီဘကြီးက သက်သေပြသွားပါပြီကဲသင်လည်းအကြောင်းအမျိုးမျိုးပြပရိယာယ်တွေများမနေတော့ပါနဲ့အသေမဦးခင်ဉာဏ်ဦးနိုင်ကြပါစေ

Writer ; Kwee (Jeeptoolay)

Source ; Withar Khar

Be the first to comment

Leave a Reply

Your email address will not be published.


*