ေက်ာင္းစာၾကည့္တိုက္မွ စာအုပ္မ်ားယူဖတ္တဲ့ ေက်ာင္းသား/သူ ၆ ဦး အၿငိဳးနဲ႕ ရိုက္ႏွက္အျပစ္ေပးခံရဟုဆို

ၿမိတ္ၿမိဳ႕နယ္တြင္ ေက်ာင္းစာၾကည့္တိုက္မွစာအုပ္မ်ားယူဖတ္တဲ့ ေက်ာင္းသား/သူ ၆ ဦး ႐ိုက္ႏွက္အျပစ္ေပးခံရ (26.2.2020)

ၿမိတ္ၿမိဳ႕နယ္၊ ပေသာင္းေက်း႐ြာအုပ္စု၊ ပေသာင္းေက်း႐ြာ အ.ထ.က(ခြဲ)တြင္ ေဖေဖၚဝါရီလ ၂၆ ရက္၊ နံနက္ပိုင္းက ဘာသာရပ္ဆရာမတစ္ဦးက ၅ တန္းေက်ာင္းသား/သူ ၆ ဦးကို ႐ိုက္ႏွက္အျပစ္ေပးခဲ့ေၾကာင္းသိရပါတယ္ပေသာင္းေက်း႐ြာ အ.ထ.က(ခြဲ)တြင္ ပညာဆည္းပူးေနတဲ့ ပၪၥမတန္း(B)အခန္းက မၾကယ္စင္ၿဖိဳးပါအဝင္ ေက်ာင္းသူ ၅ ဦးႏွင့္ ေက်ာင္းသား ၁ ဦးက ၊ ေက်ာင္းတြင္းစာၾကည့္တိုက္မွ စာအုပ္ေတြကိုယူဖတ္တာေၾကာင့္ ဘာသာရပ္ဆရာမေဒၚျဖဴျဖဴဝင္းက ကေလးေတြကို႐ိုက္ႏွက္မျပစ္ေပးခဲ့တာပါ။

“၈ တန္း ႏွင့္ ၄ တန္း စာေမးပြဲေျဖေနေတာ့ ၅ တန္းမွာ စာမသင္ဘူး၊ ကေလးေတြက စာၾကည့္တိုက္က စာအုပ္ေတြယူဖတ္တယ္၊ ဒါကို ဆရာမကႀကိမ္လုံးနဲ႔႐ိုက္တယ္။ အ႐ိုက္ခံရတာက ၆ ေယာက္လုံးအ႐ိုက္ခံရေပမယ့္ မၾကယ္စင္ၿဖိဳးနဲ႔ေတာ့ သူ႔မိသားစုေတြနဲ႔ ဆရာမက လူမႈေရးျပႆနာေတြရွိတယ္။အၿငိဳးနဲ႔အ႐ိုက္ခံရလို႔ ဒဏ္ရာေတာ္ေတာ္ျပင္းသြားတာျဖစ္မယ္”လို႔ ဦးေလးေတာ္စပ္သူ ဦးေနမင္းစိုးကေျပာပါတယ္အ႐ိုက္ခံရတဲ့ မၾကယ္စင္ၿဖိဳးတြင္ ေျခေထာက္အတြင္းဒဏ္ရာျပင္းထန္တာေၾကာင့္ ၿမိတ္ျပည္သူ႔ေဆး႐ုံတြင္ေဆးကုသမႈခံယူေနၿပီး အုပ္ထိန္းသူမ်ားက ပညာေရးဝန္ႀကီးဌာနကိုလိပ္မူၿပီး တိုင္ၾကားမွာျဖစ္သလို ၿမိတ္ၿမိဳ႕မရဲစခန္းတြင္လည္းတိုင္ခ်က္ဖြင့္ရန္ စီစဥ္ေနေၾကာင္းသိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

မြိတ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်မှစာအုပ်များယူဖတ်တဲ့ ကျောင်းသား/သူ ၆ ဦး ရိုက်နှက်အပြစ်ပေးခံရ (26.2.2020)

မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ အ.ထ.က(ခွဲ)တွင် ဖေဖေါ်ဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းက ဘာသာရပ်ဆရာမတစ်ဦးက ၅ တန်းကျောင်းသား/သူ ၆ ဦးကို ရိုက်နှက်အပြစ်ပေးခဲ့ကြောင်းသိရပါတယ်

ပသောင်းကျေးရွာ အ.ထ.က(ခွဲ)တွင် ပညာဆည်းပူးနေတဲ့ ပဉ္စမတန်း(B)အခန်းက မကြယ်စင်ဖြိုးပါအဝင် ကျောင်းသူ ၅ ဦးနှင့် ကျောင်းသား ၁ ဦးက ၊ ကျောင်းတွင်းစာကြည့်တိုက်မှ စာအုပ်တွေကိုယူဖတ်တာကြောင့် ဘာသာရပ်ဆရာမဒေါ်ဖြူဖြူဝင်းက ကလေးတွေကိုရိုက်နှက်မပြစ်ပေးခဲ့တာပါ။

“၈ တန်း နှင့် ၄ တန်း စာမေးပွဲဖြေနေတော့ ၅ တန်းမှာ စာမသင်ဘူး၊ ကလေးတွေက စာကြည့်တိုက်က စာအုပ်တွေယူဖတ်တယ်၊ ဒါကို ဆရာမကကြိမ်လုံးနဲ့ရိုက်တယ်။ အရိုက်ခံရတာက ၆ ယောက်လုံးအရိုက်ခံရပေမယ့် မကြယ်စင်ဖြိုးနဲ့တော့ သူ့မိသားစုတွေနဲ့ ဆရာမက လူမှုရေးပြဿနာတွေရှိတယ်။အငြိုးနဲ့အရိုက်ခံရလို့ ဒဏ်ရာတော်တော်ပြင်းသွားတာဖြစ်မယ်”လို့ ဦးလေးတော်စပ်သူ ဦးနေမင်းစိုးကပြောပါတယ်အရိုက်ခံရတဲ့ မကြယ်စင်ဖြိုးတွင် ခြေထောက်အတွင်းဒဏ်ရာပြင်းထန်တာကြောင့် မြိတ်ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး အုပ်ထိန်းသူများက ပညာရေးဝန်ကြီးဌာနကိုလိပ်မူပြီး တိုင်ကြားမှာဖြစ်သလို မြိတ်မြို့မရဲစခန်းတွင်လည်းတိုင်ချက်ဖွင့်ရန် စီစဉ်နေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)