အလှူခံလို့ရတဲ့ငွေနဲ့ ​ကျောင်းဆောက်လှူတဲ့ ဘဘကြီး

အသက် ၉၀ ကျော်လို့ ၁၀၀ ပြည့်တော့မယ်။ ဈေးမှာ အလှုခံနေတာတွေ့တော့ အဘကိုအလှူခံထည့်ရင်း ကျန်းမာရေးသိပ်မကောင်းတဲ့ အဘဦးခင်မြင့်ကအဘမသေခင်လေးထပ်လှုချင်လို့ အလှူ ခံနေတာပါလို့ပြောတော့ မျက်ရည်တောင်ဝဲမိတယ် ရသမျှကိုမစားမသောက်ပဲစုပြီးကို လှူတာပါ။

သူလက်ဖက်ရည်သောက်ချင်တာတောင်ဝယ်မသောက်ပါဘူး အဘကိုလဘက်ရည်လေးလှူပါဆိုပြီးသူများ လှူမှသောက်တာပါ ။ အနှစ်နှစ်အလလ အလှူခံရတဲ့ ငွေလေးတွေကို ကိုယ်ကျိုးအတွက် မသုံးဘဲအပ်ထားပြီးကျောင်းဆောင်ဆောက်လှူခဲ့ပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့ကပုခန်းကျောင်းတိုက်မှာ အဘ လှုဒါန်းထားတဲ့ကျောင်းဆောင်လေးမှာ ထိုင်ရက်ကလေးတံမျက်စည်း လှဲနေတာမြင်ရတော့အဘ ရဲ့ဘာသာသာသနာအပေါ် ချစ်တဲ့စိတ်ကို မလေးစားဘဲ မနေနိုင်ပါဘူး လှူခြင်တဲ့ ဆန္ဒလှူခြင်တဲ့ စိတ် လှူခြင်တဲ့ ဝိရိယလှူခြင်တဲ့ ပညာ ဒီလေးချက်သာပြည့်စုံပါစေငွေရှိခြင်း၊ မရှိခြင်းဆင်းရဲခြင်း၊ချမ်းသာခြင်းက အဓိကမကျဘူးဆိုတာဒီဘကြီးက သက်သေပြသွားပါပြီ။ကဲသင်လည်း အကြောင်းအမျိုးမျိုးပြ ပရိယာယ်တွေများမနေတော့ပါနဲ့ အသေမဦးခင်ဉာဏ်ဦးနိုင်ကြပါစေ

Credit