ရန်ကုန်မြို့မှာ နုန်းမြေများတဲ့အတွက် အထပ်မြင့်မှာနေထိုင်ကြသူတွေအနေနဲ့ ငလျင်အန္တရာယ်သတိပြုဖို့လိုအပ်

အန္တရာယ်ရှိအဆောက်အအုံတွေမှာနေထိုင်သူတွေဟာသတိပြုနေထိုင်ဖို့လိုအပ်ပါတယ်ရန်ကုန်မြို့တည်ရှိရာ​မြေနေရာအမျိုးစုဟာ နုန်းမြေဖြစ်ပြီ​မြေပျော့တွေဖြစ်တာကြောင့်ငလျင်အန္တရာယ်နဲ့ပတ်သက်လို့သတိပြုဖို့လိုအပ်တယ်လို​မြေငလျင်ပညာရှင်တစ်ဦးကပြောပါတယ်။

မြေငလျင်ဟာကြိုတင်ခန့်မှန်းရလို့ရတဲ့အရာမဟုတ်တာကြောင့် ရန်ကုန်မြို့ရဲ့အထပ်မြင့်အန္တရာယ်အဆောက်အအုံတွေမှာ​နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့အမြဲသတိပြုနေထိုင်ဖို့လိုအပ်တယ်လို​မြေငလျင်သုတေသနပညာရှ​ဒေါ်လှလှအောင်က Duwun ကိုပြောပါတယ်။

ရန်ကုန်မြို့ရဲ​မြေနေရာတော်တော်များများကနုန်းမြေတွေချည်းတော့မဟုတ်ဘူးဒါပေမယ့် နုန်းမြေများတယ်ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းက ရန်ကုန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဆိုရင်တုန်ခါမှုဒဏ်ကိုတော်တော်ခံစားလိုက်ရတယ်ငလျင်လှုပ်တယ်ဆိုတာကပြတ်ရွေ့ကလှုပ်တာပြတ်ရွေ့ကလှုပ်ရင်ပြတ်ရွေ့နဲ့နီးလားဝေးလားကြည့်ပြီးတုန်ခါမှုကွာတ​မြေနေရာအပျော့နဲ့အမာလည်းကွတာ့ါ။ ရန်ကုန်ကနုန်းမြေများတယ်ငလျင်အန္တရာယ်ကလည်းကြိုတင်ခန့်မှန်းလို့မရတော့အန္တရာယ်ရှိတဲ့အဆောက်အအုံတွေမှာနေထိုင်တဲ့သူတွေအနေနဲ့ကတော့သတိထားကာကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်တယ်လို​ဒေါ်လှလှအောင်ကပြောပါတယ်။

ငလျင်အန္တရာယ်ဟာကြိုတင်ခန့်မှန်းလို့မရတဲ့အရာဖြစ်လို့အန္တရာယ်ကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ပြည်သူတွေအနေနဲ့ကြိုတင်ကာကွယ်မှုတစ်ခုကိုသာလုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့ငလျင်အန္တရာယ်နဲ့ပတ်သက်ပြီးကြိုတင်ကာကွယ်နိုင်အောင်ရန်ကုန်တိုင်းဒေသကြီးအဆင့်ငလျင်အန္တရာယ်ဆိုင်ရာအသိအမြင်မြှင့်တင်မှုရက်သတ္တပတ်လူထုလှုပ်ရှားမှုကို‌တော့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့ကစလို့(၂၂)ရက်နေ့ထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဓူဝံ

Be the first to comment

Leave a Reply

Your email address will not be published.


*