ကမ္ဘာ့လူဦးရေရဲ့(၆၀)%အထိ ဝူဟန်ဗိုင်းရပ်စ် ကူးစက်နိုင်ပြီး (၄၅)သန်းအထိ သေဆုံးနိုင်

ကမ္ဘာ့လူဦးရေရဲ့(၆၀)%အထိ ဝူဟန်ဗိုင်းရပ်စ် ကူးစက်နိုင်ပြီး (၄၅)သန်းအထိ သေဆုံးနိုင်ဟုသိရ…..

ကမ္ဘာတစ်ဝှမ်းလုံး​ခြောက်လှန့်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်အရေးစိတ်မအေးရသေးခင်မှာနိုက်ဂျီးရီးယားမှ​​နောက်ထပ်ထူးဆန်းတဲ့ ပြင်းထန်အဖျားရောဂါတစ်မျိုး ပေါ်လာပြီမို့အတော်လေးရတက်မအေးဖွယ်ရာပါဘဲနိုက်ဂျီးရီးယားမှာတော့ပြင်းထန်အဖျားက လူ(၁၀၀)ကျော်ကူးစက်ခံထားရပြီး(၁၅)ဦး​သေဆုံးခဲ့ပါပြီယအခုလည်း ကျွမ်းကျင်ပညာရှင်တွေရဲ့ခန့်မှန်းတွက်ချက်မှုအရဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုလူဦးရေ(၆၀)%အထိ ကူးစက်ခံရနိုင်ချေရှိကြောင်း၊ ဒီရောဂါဆိုးကြောင့် သေဆုံးသူမှာ(၄၅)သန်းအထိရှိနိုင်ကြောင်းသတိပေးလိုက်ပါတယ်။

သူတို့ရဲ့တွက်ချက်မှုအရလူတစ်ယောက်ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင်အနည်းဆုံး (၂.၅)ယောက်အထိကူးစက်နိုင်ခြေရှိတာကြောင့်အခုဆိုရင်တချို့သတင်းတွေရကူးစက်ခံရသူမှာသိန်းဂဏန်းလောက်အထိရှိလာနေပြီမို့ဒါဟ​ပေါ့သေးသေးကိစ္စမဟုတ်တော့ပါဘူးတဲ့​ဟောင်ကောင်တက္ကသိုလ်အများပြည်သူကျန်းမာရေးဆေးဝါးဆိုင်ရာအဖွဲ့အစည်းမှပါမောက္ခ Gabriel Leung ကတရုတ်ကိုမသွားဘဲ​ရောဂါကူးစက်ခံရသူပမာဏဟာနည်းပါးနိုင်သော်လည်​ရောဂါကူးစက်ခံရတဲ့ဦးရေပိုမိုများပြားလာခြင်းက အလွန်စိုးရိမ်စရာ​ကောင်းနေပြီလို့သတိပေးခဲ့တာပါ WHO ကလည်းဝူဟန်ဗိုင်းရပ်စ်အရေးနဲ့ပတ်သက်ပြီးသင်တို့စိတ်ထဲမှာဘယ်လိုမှ ထင်မှတ်မထားတဲ့အဆိုးဝါးဆုံးရန်သူလို့သမုတ်ခဲ့ပါတယ် ဘယ်လောက်အထိ ဆိုးသလဲဆိုရင်အကြမ်းဖက်သမားတွေထက်တောင်ပိုကြောက်ဖို့​ကောင်းနေပြီမို့နံပတ်(၁)ရန်သူလို့​ခေါ်ခဲ့ပါတယ်။WHO နောက်ဆုံးထုတ်ပြန်တဲ့စာရင်းမှာတော့လူ (၄၄၆၀၀)အထိကူးစက်ခံထားရပြီးလူပေါင်း(၁၁၀၀)ဦးအထိ သေဆုံးခဲ့ပြီးပြီလို့သိရပါတယ်တချို့ကတော့ အပူချိန်မြင့်တဲ့ရာသီမှာဒီဗိုင်းရပ်စ်​ပျောက်ကွယ်နိုင်ကြောင်​ပြောခဲ့ပေမယ့်​ဒေါက်တာ Tedros Adhanom Ghebreyesus ကတော့ ဒီရောဂါဟာ ထင်ထားတာထက် ပိုကြာနိုင်ပြီးကာကွယ်နိုင်မယ့်ဆေးမပေါ်သေး​နောက်ထပ် (၁၈)လလောက်အထိကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

တကယ်လို့ကာကွယ်ဆေးသို့မဟုတ်ထိရောက်တဲ့ကုထုံးကာလတိုအတွင်းမှာ​အောင်မြင်စွာ​ပေါ်လာခဲ့ရင်တော့အသေအပျောက် နည်းနိုင်ပါတယ်တဲ့။ ။

လင်းဇော်ကို (D Nae Khit)

Be the first to comment

Leave a Reply

Your email address will not be published.


*