ဘုန္းႀကီးက ဝါယာႀကိဳးနဲ႔႐ိုက္ထားတာ ေက်ာျပင္ရယ္ နံ႐ိုးနားရယ္ လည္ပင္းေတြ အျပင္ .

Posted on

သီေပါမွာျဖစ္တာတဲ့ မည္သူ႔ကိုမွ မရည္ရြယ္ အျပစ္မတင္ပါဘူး.သိေစခ်င္ရံုေလးပါ…

ကြၽန္မခေလး ဒီေန႔ ေက်ာင္းကအျပန္ အ႐ိုက္ခံရလို႔ဆိုၿပီး ဖုန္းဆက္လာေတာ့ ခေလးႏွစ္ေယာက္ရန္ျဖစ္လို႔ ႐ိုက္ခံရတယ္ေျပာပါတယ္.ဘယ္သူ႐ိုက္တာလဲလို႔ေမးေတာ့ ဘုန္းႀကီးက ဝါယာႀကိဳးနဲ႔႐ိုက္တာလို႔ေျပာပါတယ္.

ခေလးကို ႐ိုက္တာက ေက်ာျပင္ရယ္ နံ႐ိုးနားရယ္ လည္ပင္းရယ္ ႐ိုက္ထားတာပါ..နံ႐ိုးနားဆို႐ိုက္ခံရလို႔ ေသြးေတာင္ထြက္ပါတယ္.ေဆးခန္းသြားျပမယ္ဆိုၿပီးေခၚသြားေတာ့ ကြၽန္မအေမတစ္ေယာက္အေနနဲ႔ လိုက္ခြင့္ေတာင္မေပးပါဘူး..

အကယ္၍ ဒီလို႐ိုက္လို႔ ခေလးေသသြားခဲ့ရင္ေကာ ဘယ္သူတာဝန္ယူမွာလဲ႐ွင့္..ခုလိုပဲ ေတာင္းပန္ရံုပဲၿပီးသြားမွာလား..

အခုလို ပို႔စ္တင္ရတာကလဲ မည္သူ႔ကိုမွ အပစ္တင္လို ဒုကၡေရာက္ေစလိုတဲ့ ဆနၵမ႐ွိပါဘူး.ကြၽန္မခေလးအတြက္ ခံစားရလြန္းလို႔ပါ..ေနာက္လူေတြလဲ အခုလိုအျဖစ္မ်ိဳးမခံစားရေအာင္လို႔ တင္ရျခင္းျဖစ္ပါတယ္႐ွင့္..

ကြၽန္မတင္တဲ့ပို႔စ္ ကာယကံ႐ွင္ခေလးရဲ႕မိဘမို႔လို႔ တာဝန္ယူပါတယ္႐ွင့္..

ကြၽန္မခေလးက သီေပါၿမိဳ႕ ေရေဟာ္ဘုန္းေတာ္ႀကီးပညာေရးစာသင္ေက်ာင္းမွာေနပါတယ္႐ွင့္.

Crd Hsipaw Update News
မူရင္းတင္သူ_MaShan

Unicode

သီပေါမှာဖြစ်တာတဲ့ မည်သူ့ကိုမှ မရည်ရွယ် အပြစ်မတင်ပါဘူး.သိစေချင်ရုံလေးပါ…

ကျွန်မခလေး ဒီနေ့ ကျောင်းကအပြန် အရိုက်ခံရလို့ဆိုပြီး ဖုန်းဆက်လာတော့ ခလေးနှစ်ယောက်ရန်ဖြစ်လို့ ရိုက်ခံရတယ်ပြောပါတယ်.ဘယ်သူရိုက်တာလဲလို့မေးတော့ ဘုန်းကြီးက ဝါယာကြိုးနဲ့ရိုက်တာလို့ပြောပါတယ်.

ခလေးကို ရိုက်တာက ကျောပြင်ရယ် နံရိုးနားရယ် လည်ပင်းရယ် ရိုက်ထားတာပါ..နံရိုးနားဆိုရိုက်ခံရလို့ သွေးတောင်ထွက်ပါတယ်.ဆေးခန်းသွားပြမယ်ဆိုပြီးခေါ်သွားတော့ ကျွန်မအမေတစ်ယောက်အနေနဲ့ လိုက်ခွင့်တောင်မပေးပါဘူး..

အကယ်၍ ဒီလိုရိုက်လို့ ခလေးသေသွားခဲ့ရင်ကော ဘယ်သူတာဝန်ယူမှာလဲရှင့်..ခုလိုပဲ တောင်းပန်ရုံပဲပြီးသွားမှာလား..

အခုလို ပို့စ်တင်ရတာကလဲ မည်သူ့ကိုမှ အပစ်တင်လို ဒုက္ခရောက်စေလိုတဲ့ ဆန္ဒမရှိပါဘူး.ကျွန်မခလေးအတွက် ခံစားရလွန်းလို့ပါ..နောက်လူတွေလဲ အခုလိုအဖြစ်မျိုးမခံစားရအောင်လို့ တင်ရခြင်းဖြစ်ပါတယ်ရှင့်..

ကျွန်မတင်တဲ့ပို့စ် ကာယကံရှင်ခလေးရဲ့မိဘမို့လို့ တာဝန်ယူပါတယ်ရှင့်..

ကျွန်မခလေးက သီပေါမြို့ ရေဟော်ဘုန်းတော်ကြီးပညာရေးစာသင်ကျောင်းမှာနေပါတယ်ရှင့်.

Crd Hsipaw Update News
မူရင်းတင်သူ_MaShan

Leave a Reply

Your email address will not be published. Required fields are marked *