အသက် (၄)နှစ်အရွယ်ကလေး အဘိုးကြီးရုပ်ပေါက်ရတဲ့အကြောင်း

Posted on

Bayzid ဆိုတဲ့​က​လေး​လေးဟာ အသက်​၄နှစ်​ပဲရှိ​ပေမယ့်​လည်း သူ့ရဲ့ရုပ်​ရည်​ဟာ အဘိုးကြီးတစ်​​ယောက်​လို ဖြစ်​​နေတာပါ။

” ကျွန်​မတို့လင်​မယား သူ့ကို​ဈေး​ခေါ်သွားတဲ့အခါ တစ်​ချို့က​တော့ အံ့သြဖွယ်​ရာအ​နေနဲ့ကြည့်​ကြတယ်​ တချို့က​တော့သနားကြတယ်​ အနီးနားကလူတစ်​ချို့က​တော့ ကစားစရာ​တွေဝယ်​​ပေးကြတယ်​” လို့ Bayzid ရဲ့မိခင်​က​ဆိုပါတယ်​။

သူမက​တော” Bayzid ကို ကျွန်​မတို့တတ်​နိုင်​သမျှ​ပျော်​​အောင်​ထားတယ်​ သူလုပ်​ချင်​တာဆို လုပ်​ခွင့်​​ပေးထားတယ်​ သူဟာတခြားက​လေး​တွေနဲ့ကွဲပြား​နေ​ပေမယ့်​ သူကိုယ်​တိုင်​​တော့ အခုထိ နားမလည်​​သေးပါဘူး “လို့ မိခင်​ဖြစ်​သူကဆိုပါတယ်​။

“ကျွန်​မတို့ ဆရာဝန်​​တော်​​တော်​များများနဲ့ တိုင်​ပင်​​ဆွေး​နွေးကြည့်​ပါတယ်​ ဘယ်​သူ့မှ ဒီအ​ကြောင်းအရင်းကိုမ​ပြောနိုင်​ကြပါဘူး ကျွန်​မက​တော့ သူ့ကို​မွေးဖွားစဉ်​က အားနည်း​နေလို့ဖြစ်​မယ်​ထင်​ပါတယ်​” လို့လည်း ​က​လေးရဲ့​ရောဂါဖြစ်​စဉ်​နဲ့ပတ်​သတ်​ပြီးဆိုပါတယ်​။

ဖခင်​ဖြစ်​သူက​တော့” အခုတ​လော က​လေးခဏခဏဖျားတယ်​ သူ့​သွေး​ပေါင်​ချိန်​မှာလည်းပြဿနာရှိ​နေတယ်​ သူ့အတွင်းကလီစာ​တွေကလည်း ​မွေးကတည်းက​ကောင်းစွာမဖွံ့ဖြိုးလာဘူး သားရဲ့​ဆေးစရိတ်​ကိုမတတ်​နိုင်​မှာ စိုးရိမ်​​နေရတယ်​”လို့ ဆိုပါတယ်​။

Writer – LLA ( Shwe Yaung Lan )
Source – Born Different

Leave a Reply

Your email address will not be published. Required fields are marked *