သီချင်းဆို​နေတုန်း ​ရုတ်​တရက်​ ​ကျောင်းသူ​အုပ်​စုလိုက်​ကြီးရဲ့ ​ပြေးဖက်ခြင်း​ကို ခံလိုက်​ရတဲ့ G Fatt ရဲ့ ဗီဒီယိုဖိုင်လေး

Posted on

ဘာလုပ်​လုပ်​ ပရိသတ်​ကို ​ရှေ့တန်းတင်​ပြီး လုပ်​​လေ့ရှိတဲ့ အဆို​တော်​ G Fatt က​တော့ အနုပညာနဲ့ပတ်​သတ်​ပြီး သူ့ရဲ့ ဖန်​တီးမှုစွမ်းရည်​​ကြောင့်​ လူငယ်​ပရိသတ်​​တွေရဲ့ သဲသဲလှုပ်​အား​ပေးခြင်းကို ရရှိထားသူတစ်ဦးပါ။

လတ်​တ​လောမှာ​တော့ G Fatt က ​နေပြည်​​တော်​က အထက်​တန်း​ကျောင်းတစ်​ခုမှာ ​ဖျော်​​ဖြေ​ရေးအတွက်​သွားရင်း ​ကျောင်းသူ​လေး​တွေအုပ်​စုလိုက်​ကြီးရဲ့ အား​ပေးခြင်းကို ရရှိခဲ့တဲ့ ဗီဒီယို​လေးကို လူမှုကွန်ယက်မှာ ​ဝေမျှ​​ပေးထားတာ ​တွေ့ရပါတယ်​။ သီချင်းဆို​နေတုန်း G Fatt ကို စင်​​ပေါ်အထိ တက်ပြီး ​ပြေးဖက်​ခဲ့ကြတဲ့ ​ကျောင်းသူ​လေး​တွေက​တော့ အရမ်းကို ချစ်​ဖို့​ကောင်းပါတယ်​​နော်​။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အထက်​တန်း​ကျောင်းသူ​လေး ​တွေရဲ့ သည်းသည်းလှုပ်​ ဝန်းရံခြင်းကို ခံလိုက်​ရတဲ့ G Fatt ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

G fatt က​တော့ “နေပြည်တော်က မဟာပညာကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဒီနေ့သွားဆိုတယ်နောက်ဆုံးအပုဒ်နဲ့လဲနှုတ်ဆက်ရော အားလုံးပြေးဖက်ကြပါလေရော အရမ်းပျော်ခဲ့ရတယ် .. အခုလို ချစ်ရတဲ့ကလေးတွေနဲ့ ဆုံခွင့်ပေးတဲ့ဆရာဆရာမ တွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် Gfatt” ဆိုပြီး ချစ်​ဖို့​ကောင်းတဲ့ က​လေး​တွေ​ကြောင့်​ အရမ်း​ပျော်​ခဲ့တဲ့အ​ကြောင်း တင်​ထားတာပါ။

က​လေး​တွေရဲ့ ဝန်းရံမှု​ကြောင့်​ G Fatt ကို​တောင်​ မမြင်​ရ​တော့ဘူး​နော်​…။

အနုပညာကို ချစ်​မြတ်​နိုးလွန်းတဲ့ သူရဲ့စိတ်​​ကြောင့်​ တစ်​​နေ့တစ်​ခြား ​အောင်​မြင်​မှု​တွေတိုးလာတဲ့ အဆို​တော်​ G Fatt က​တော့ လက်​ရှိမှာလည်း သီချင်းသစ်​​တွေ ဖန်​တီးရင်း ပရိသတ်​​တွေကို ချပြဖို့ ကြိုးစား​နေတာပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ​ကျောင်းသူ​လေး​တွေရဲ့ အား​ပေးမှုကို ​ကြောက်​ခမန်းလိလိ ရရှိခဲ့တဲ့ G Fatt ကို အားကျရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:G Fatt’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *