အသက်၂၀အရွယ်ယောင်္ကျားလေးတစ်ယောက် တို့ဆေးလို့ ခေါ်ရမလား မသိဘူး စိန်လက်စွပ်လေး အချွတ်ခံလိုက်ရတယ်

Posted on

မနက်9-နာရီလောက်က တင်တင်အေးမုန့်ဟင်းခါး သွားဝယ်တဲ့ အသက်၂၀အရွယ်ယောင်္ကျားလေးတစ်ယောက်( တို့ဆေးလို့ ခေါ်ရမလား မသိဘူး)စိန်လက်စွပ်လေး အချွတ်ခံလိုက်ရတယ် ၊၊

ဖြစ်ပုံက ဒီလို -ရန်ကင်းမြို့နယ်၊၄-ရပ်ကွက်၊ရန်နိုင် ၁၀-လမ်းအနီးလည်းရောက်ရော အသက်ကြီးတဲ့ ယောင်္ကျားနှစ်ယောက်က -ညီလေးရေ ဒီနားမှာ စိန်တွေရောင်းဝယ်တဲ့ဆိုင်များ သိသလားကွာဆိုပြီးတော့ အပေါ်က စိန်သုံးပွင့်ကို အိပ်ထဲကယူပြီး ပြတယ် ၊၊ပြီးတော့ အဲ့ကောင်လေးဘေးကနေ လက်မောင်းကို ဘယ်ညာနှစ်ဖက်ညှပ်ပြီးကိုင်လိုက်ရော ၊၊

ကောင်လေးလည်း သူ့ကို ဘာတွေပြောနေတာလည်း မသိဘူးတဲ့ သူတို့ဆွဲခေါ်ရာကို ပါသွားတော့တာဘဲတဲ့လေ ၊၊77-ကိတ်မုန့်ဆိုင် လမ်းကြားကဖြတ်တယ် ၊၊စိန်ဂျူ.ဘုရားကျောင်းကိုလည်းတွေ့လိုက်တယ်၊အဲဒီကနေဆက်သွားတာ ဘုန်းကြီးကျောင်းတွေအများကြီးဘဲ ဖြတ်သွားတာဘဲ မှတ်မိတော့တယ်တဲ့၊၊နောက်တော့ လမ်းမှာရပ်ပြီး ငါ့ညီရဲ လက်စွပ်လေးက လှတယ်၊ကြည့်ရအောင်တဲ့၊၊ဒီစိန်သုံးပွင့်နဲ့ လဲပါဆိုပြီး ချွတ်ယူတာကို အသာတကြည်ဘဲပေးလိုက်ပေမယ့် လက်စွပ်မှာတိပ်ပတ်ထားတော့ မကျွတ်တာနဲ့ အတင်းချွတ်တော့တာဘဲတဲ့၊၊ဒါဏ်ရာရပြီး သွေးတောင်ထွက်တယ် ၊၊

လက်စွပ်လည်းရရော တစ်ယောက်က လက်စွပ်ကိုယူပြီး မင်းတို့တွေဆက်ညှိကြ ငါသွားနှင့်ပြီတဲ့ ၊၊ကျန်တဲ့တစ်ယောက်က သူ့ဆီက စိန်သုံးပွင့်ကိုပေးပြီးတော့ မင်းပြန်တော့ဆိုပြီး ပြန်ခိုင်းလိုက်တယ် ၊၊ကောင်လေးလည်းပြန်ပြီးတော့ တင်တင်အေးမုန့်ဟင်းခါးသွားဝယ်သေးတယ် ၊၊အိမ်ကလူတွေနဲ့တွေ့ပီး အကြောင်းစုံသိရော ရန်ကင်းရဲစခန်းတိုင်လိုက်ရတယ် ၊၊မိတ်ဆွေတို့လည်း အစစ အရာရာ သတိပြု နေထိုင်ကြပါနော် ၊၊

Credit-Ko Lwin

Leave a Reply

Your email address will not be published. Required fields are marked *