ဘဏ္ေငြစာရင္းထဲမွ အလွဴေငြေပ်ာက္ဆံုးတဲ႔ကိစၥ ဧရာဝတီဘဏ္ ေျဖရွင္းျပီ…

0
194

(၁၁-၇-၂၀၁၉) ရက္ေန႕တြင္ ျဖစ္ေပၚခဲ့သည့္ ယာယီ၀န္ေဆာင္မႈ ဆိုင္းငံ့ခဲ့ေသာ ေငြစာရင္းႏွင့္ ပတ္သက္၍
အမ်ားျပည္သူသို႕ ရွင္းလင္း တင္ျပျခင္း။

ယေန႔ျဖစ္ေပၚခဲ့ေသာ ေငြစာရင္းအား ယာယီဆိုင္းငံ့ရန္ ေငြေၾကးခ၀ါခ်မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႔မွ ညႊန္ၾကားလာသည့္အတြက္ ၀န္ေဆာင္မႈ ယာယီဆိုင္းငံ့ခဲ့ရပါသည္။

ယင္းကိစၥအေပၚ အထူးအေလးထား၍ ဧရာဝတီဘဏ္ အုပ္ခ်ဳပ္မူအဖဲြ႕မွ ဘဏ္၏ လုပ္ထံုးလုပ္နည္းမ်ားကို ျပန္လည္စိစစ္ ေဆြးေႏြးတိုင္ပင္ၿပီး သက္ဆိုင္ရာမွ တရားဝင္စာျဖင့္ ၫႊန္ၾကားခ်က္မျပဳမခ်င္း ယံုၾကည္စြာအပ္နွံထားေသာ ေငြစာရင္းပိုင္ရွင္အား ၀န္ေဆာင္မႈ ဆက္လက္ေပးသြားရန္ ဆံုးျဖတ္ခဲ့ၿပီး နာရီပိုင္းအတြင္း ျပန္လည္ ဖြင့္လွစ္ေပးခဲ့ပါေၾကာင္း အသိေပးအပ္ပါသည္။

ထို႔အျပင္ လူႀကီးမင္းတို႔ ယံုၾကည္စြာအပ္ႏံွထားေသာေငြမ်ား ဆံုးရွံဴးမႈမရွိေစေရးအတြက္ မိမိတိုု႔ ဧရာဝတီဘဏ္အေနျဖင့္ အျပည့္အ၀ တာဝန္ယူ ေဆာင္ရြက္ေပးသြားမည္ျဖစ္ပါေၾကာင္း ေလးစားစြာ အသိေပးအပ္ပါသည္။

အမ်ားျပည္သူမ်ားအေနျဖင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေပၚမႈ၊ စိုးရိမ္ပူပန္ရမႈမ်ား ၾကားသိရသည့္အတြက္ မိမိတို႔ ဧရာ၀တီဘဏ္အေနျဖင့္ အႏူးအညြတ္ ေတာင္းပန္အပ္ပါသည္။

သတင္းထုတ္ျပန္ေရးေကာ္မတီ
ဧရာ၀တီဘဏ္

ရက္စြဲ၊ ၂၀၁၉ ခုႏွစ္္၊ ဇူလိုင္လ ၁၁ ရက္။

Unicode ျဖင့္ဖတ္ရန္

(၁၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ယာယီဝန်ဆောင်မှု ဆိုင်းငံ့ခဲ့သော ငွေစာရင်းနှင့် ပတ်သက်၍
အများပြည်သူသို့ ရှင်းလင်း တင်ပြခြင်း။

ယနေ့ဖြစ်ပေါ်ခဲ့သော ငွေစာရင်းအား ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသည့်အတွက် ဝန်ဆောင်မှု ယာယီဆိုင်းငံ့ခဲ့ရပါသည်။

ယင်းကိစ္စအပေါ် အထူးအလေးထား၍ ဧရာဝတီဘဏ် အုပ်ချုပ်မူအဖွဲ့မှ ဘဏ်၏ လုပ်ထုံးလုပ်နည်းများကို ပြန်လည်စိစစ် ဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ညွှန်ကြားချက်မပြုမချင်း ယုံကြည်စွာအပ်နှံထားသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မှု ဆက်လက်ပေးသွားရန် ဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါကြောင်း အသိပေးအပ်ပါသည်။

ထို့အပြင် လူကြီးမင်းတို့ ယုံကြည်စွာအပ်နှံထားသောငွေများ ဆုံးရှံူးမှုမရှိစေရေးအတွက် မိမိတိုု့ ဧရာဝတီဘဏ်အနေဖြင့် အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အများပြည်သူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်မှု၊ စိုးရိမ်ပူပန်ရမှုများ ကြားသိရသည့်အတွက် မိမိတို့ ဧရာဝတီဘဏ်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးကော်မတီ
ဧရာဝတီဘဏ်

ရက်စွဲ၊ ၂၀၁၉ ခုနှစ််၊ ဇူလိုင်လ ၁၁ ရက်။