ေအေအတပ္ဖြဲ႔၀င္တဦး အလင္း၀င္ေရာက္ဟု တပ္မေတာ္ထုတ္ျပန္ျပီ

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခံဳေရးေဆာင္ရြက္လ်က္ရွိတဲ့  တပ္မေတာ္စခန္းကုိ ဇြန္လ ၃၀ ရက္ေန႔က ေအေအအဖြဲ႔၀င္ ၁ ဦး အလင္း၀င္ေရာက္ခဲ့တယ္လုိ႔ တပ္မေတာ္က ဇူလုိင္ ၆ ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

အလင္းဝင္ေရာက္လာသူဟာ စစ္ေတြတကၠသုိလ္မွာ တတိယႏွစ္အထိ တက္ေရာက္ခဲ့ဖူးသူ ျဖစ္ျပီး  ေအေအ အဖြဲ႔ရဲ႕ 2020 Arakan Dream ျဖင့္ဆြဲေဆာင္စည္း႐ုံးမႈေၾကာင့္ ေအေအအဖြဲ႔ကုိ ၀င္ေရာက္ခဲ့တာလုိ႔ ေဖာ္ျပထားပါတယ္။

ေအေအအဖြဲ႔က ရခုိင္ျပည္နယ္အတြင္း အမ်ားျပည္သူ သြားလာ အသုံးျပဳလ်က္ရွိတဲ့ လမ္းေတြမွာ မုိင္းေထာင္၊ မုိင္းခြဲျခင္း၊ အျပစ္မဲ့ေဒသခံျပည္သူေတြကုိ ၿခိမ္းေျခာက္သတ္ျဖတ္တာေတြနဲ႔ ေအေအအဖြဲ႔ရဲ႕လမ္းစဥ္ကုိ အယံုအၾကည္ မရွိေတာ့လုိ႔ ဥပေဒေဘာင္အတြင္း ၀င္ေရာက္လာတာလုိ႔ ဆုိရပါတယ္။

သူနဲ႔ ခင္မင္ရင္းႏွီးအဆက္အသြယ္ရွိသူေတြရဲ့ ဆက္သြယ္ေျပာဆုိမႈေတြအရ အေျခအေနေပးရင္ တရားဥပေဒေဘာင္အတြင္း ထပ္မံ၀င္ေရာက္လုိသူ အမ်ားအျပား ရွိေနေနတယ္ဆုိျပီး သတင္းထုတ္ျပန္ထားပါတယ္။

ဥပေဒေဘာင္အတြင္း ၀င္ေရာက္လာခဲ့သူကုိ တာ၀န္ရွိသူေတြက လုိအပ္တဲ့ ကူညီေထာက္ပ့ံမႈေတြ  ေဆာင္ရြက္ေပးေနတယ္လို႔ သိရပါတယ္။

ေအေအ တပ္ဖြဲ႔၀င္တဦး အလင္း၀င္ေရာက္ခဲ့တယ္ဆုိၿပီး တပ္မေတာ္ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ေအေအေျပာခြင့္ရ ခုိင္သုခကုိ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေပမယ့္ မရေသးပါဘူး။

Credit – dvb

Unicode ျဖင့္ဖတ္ရန္

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့  တပ်မတော်စခန်းကို ဇွန်လ ၃၀ ရက်နေ့က အေအေအဖွဲ့ဝင် ၁ ဦး အလင်းဝင်ရောက်ခဲ့တယ်လို့ တပ်မတော်က ဇူလိုင် ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်ရောက်လာသူဟာ စစ်တွေတက္ကသိုလ်မှာ တတိယနှစ်အထိ တက်ရောက်ခဲ့ဖူးသူ ဖြစ်ပြီး  အေအေ အဖွဲ့ရဲ့ 2020 Arakan Dream ဖြင့်ဆွဲဆောင်စည်းရုံးမှုကြောင့် အေအေအဖွဲ့ကို ဝင်ရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အေအေအဖွဲ့က ရခိုင်ပြည်နယ်အတွင်း အများပြည်သူ သွားလာ အသုံးပြုလျက်ရှိတဲ့ လမ်းတွေမှာ မိုင်းထောင်၊ မိုင်းခွဲခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူတွေကို ခြိမ်းခြောက်သတ်ဖြတ်တာတွေနဲ့ အေအေအဖွဲ့ရဲ့လမ်းစဉ်ကို အယုံအကြည် မရှိတော့လို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတာလို့ ဆိုရပါတယ်။

သူနဲ့ ခင်မင်ရင်းနှီးအဆက်အသွယ်ရှိသူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေအရ အခြေအနေပေးရင် တရားဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လိုသူ အများအပြား ရှိနေနေတယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့သူကို တာဝန်ရှိသူတွေက လိုအပ်တဲ့ ကူညီထောက်ပ့ံမှုတွေ  ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အေအေ တပ်ဖွဲ့ဝင်တဦး အလင်းဝင်ရောက်ခဲ့တယ်ဆိုပြီး တပ်မတော်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အေအေပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

Credit – dvb

Leave a Reply

Your email address will not be published. Required fields are marked *