မူၾကိဳေက်ာင္းသူ တရားမွ်တေရးအတြက္ ရန္ကုန္မွာဆႏၵျပေနျပီ

Posted on

မူၾကိဳေက်ာင္းသူ တရားမွ်တေရးအတြက္ ရန္ကုန္မွာဆႏၵျပေန

သက္ငယ္မုဒိမ္းမႈက်ဴးလြန္ခံခဲ့ရတဲ့ ေနျပည္ေတာ္က မူၾကိဳေက်ာင္းသူ( ဗစ္တိုးရီးယား) အမႈနဲ႔ပတ္သက္ၿပီး တရားမွ်တ မႈရရွိေရးအတြက္ရည္ရြယ္ၿပီး ဆႏၵထုတ္ေဖာ္ပြဲကို ဒီကေန႔ ဇူလုိင္ ၆ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာၿပဳလုပ္ ေနပါတယ္။

ေက်ာက္ေတာ္ၾကီးဘုရားေရွ႕ကေန အင္းစိန္ မႈခင္းအထူးတပ္ဖြဲ႔ရံုး ( စီအုိင္ဒီ) ရံုးေရွ႕အထိ ခ်ီတက္ လမ္းေလွ်ာက္ၿပီး ဆႏၵထုတ္ေဖာ္သြားၾကမွာျဖစ္တယ္လို႔ ဆႏၵျပပြဲဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ကိုေအာင္ထိုက္မင္းက ဘီဘီစီကိုေျပာပါတယ္။

ဒီကေန႔ ဆႏၵျပပြဲမွာ ကေလးသူငယ္အေရးကူညီေဆာင္ရြက္ေနသူေတြ၊ရုပ္ရွင္သရုပ္ေဆာင္အခ်ိဳ႕နဲ႔ ရာနဲ႔ခ်ီတဲ့ ျပည္သူေတြ လာေရာက္၀န္းရံခဲ့ၾကတယ္လို႔သိရပါတယ္။

ဗစ္တိုးရီးယားအမႈ တရားမွ်တေရးအတြက္ ရန္ကုန္အျပင္ မႏၱေလး၊ေတာင္ငူ စတဲ့ၿမိဳ႕ေတြမွာလည္း ဆႏၵထုတ္ေဖာ္ပြဲေတြကို ဆက္လက္ၿပဳလုပ္သြားဖုိ႔ရွိတယ္လို႔လည္း စီစဥ္သူအခ်ိဳ႕ထံကသိရပါတယ္။

ဘီဘီစီျမန္မာပုိင္း

Unicode ျဖင့္ဖတ္ရန္

မူကြိုကျောင်းသူ တရားမျှတရေးအတွက် ရန်ကုန်မှာဆန္ဒပြနေ

သက်ငယ်မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့ နေပြည်တော်က မူကြိုကျောင်းသူ( ဗစ်တိုးရီးယား) အမှုနဲ့ပတ်သက်ပြီး တရားမျှတ မှုရရှိရေးအတွက်ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ဇူလိုင် ၆ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ် နေပါတယ်။

ကျောက်တော်ကြီးဘုရားရှေ့ကနေ အင်းစိန် မှုခင်းအထူးတပ်ဖွဲ့ရုံး ( စီအိုင်ဒီ) ရုံးရှေ့အထိ ချီတက် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ထိုက်မင်းက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ ကလေးသူငယ်အရေးကူညီဆောင်ရွက်နေသူတွေ၊ရုပ်ရှင်သရုပ်ဆောင်အချို့နဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေ လာရောက်ဝန်းရံခဲ့ကြတယ်လို့သိရပါတယ်။

ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် ရန်ကုန်အပြင် မန္တလေး၊တောင်ငူ စတဲ့မြို့တွေမှာလည်း ဆန္ဒထုတ်ဖော်ပွဲတွေကို ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း စီစဉ်သူအချို့ထံကသိရပါတယ်။

ဘီဘီစီမြန်မာပိုင်း