ေယာက္်ားေလးပရိသတ္ေတြကို အလိုလိုက္မိရာက အခုလိုၿဖစ္သြားရတာပါဆိုတဲ့ ေဒါက္တာ နန္းေမြစံ

ျမန္မာ့႐ိုးရာယဥ္ေက်းမႈနဲ႔ မသင့္ေလ်ာ္တာေတြ ဝတ္စားတယ္ဆိုၿပီး ဓာတ္ပုံေမာ္ဒယ္လ္လုပ္ေနတဲ့ ေဒါက္တာ နန္းေမြစံကို ျမန္မာႏိုင္ငံ ေဆးေကာင္စီက ေဆးကုသခြင့္လိုင္စင္ သိမ္းလိုက္တာနဲ႔ ပတ္သက္ၿပီး ေဒါက္တာနန္းေမြစံ အေနနဲ႔ ရက္ ၆၀ အတြင္း အယူခံ ဝင္ႏိုင္တယ္လို႔ ေဆးေကာင္စီ ဥကၠ႒က ေျပာပါတယ္။

စည္းကမ္း ဥပေဒ ရွိပါတယ္။ ရက္ေပါင္း ၆၀ အတြင္းမွာ အယူခံ ဝင္လို႔ရပါတယ္။ အယူခံ ဝင္တဲ့ အခါက်ရင္ ဥပေဒ အရ၊ နည္းဥပေဒအရ ညီၫြတ္မယ္ဆိုလို႔ရွိရင္ေတာ့ ျမန္မာႏိုင္ငံ ေဆးေကာင္စီရဲ႕ အလုပ္အမႈေဆာင္ အဖြဲ႕ကေန ဆုံးျဖတ္ပါမယ္။ လိုအပ္ရင္ ေကာင္စီေခၚၿပီး ဆုံးျဖတ္လို႔ ရပါတယ္။ ဥပေဒ ရွိၿပီးသားပါ။ လူတစ္ေယာက္ရဲ႕ အခြင့္အေရး ကို ပိတ္ပင္တာလည္း မဟုတ္ဘူး။ ခ်ထားတဲ့ စည္းကမ္းနဲ႔လိုက္နာမယ္လို႔ ေျပာရင္ေတာ့။ ဥပေဒမွာလည္း ပါပါတယ္။ အယူခံ ဝင္ႏိုင္တယ္ဆိုတဲ့ ဥပေဒရွိပါတယ္” လို႔ ေဆးေကာင္စီ ဥကၠ႒ ပါေမာကၡ ေဒါက္တာ အက္စ္ေက်ာ္လွက ဘီဘီစီကို ေျပာပါတယ္။

ေဒါက္တာ နန္းေမြစံ အေနနဲ႔ ျမန္မာ့ ယဥ္ေက်းမႈ နဲ႔ သင့္ေလ်ာ္မႈ မရွိတဲ့ ဝတ္စားဆင္ယင္ပုံေတြကို ေဖ့စ္ဘုတ္ေပၚ ဓါတ္ပုံ႐ိုက္တင္တာနဲ႔ ပတ္သက္လို႔ ဆက္လက္ ေဆာင္႐ြက္ျခင္း မျပဳပါလို႔ ေဆးေကာင္စီကို ကတိျပဳထားခဲ့ေပမယ့္ သုံးလတိုင္ ဆက္လုပ္ေဆာင္ေနတာ ေတြ႕ရလို႔ သူ႔ရဲ႕ ေဆးကုသခြင့္ လိုင္စင္ ပိတ္သိမ္းတာလို႔ ေဆးေကာင္စီက ေျပာပါတယ္။

အခုလို ပိတ္ပင္တာဟာ လူ႔အခြင့္အေရးကို ထိပါးခံရတယ္လို႔ ယူဆေၾကာင္း ေဒါက္တာ နန္းေမြစံက ဘီဘီစီကို ေျပာပါတယ္။

ကြၽန္မႀကိဳးစားတဲ့ လက္မွတ္ကို အသုံးျပဳျခင္း မျပဳျခင္းက ဆိုင္ေတာ့မဆိုင္ဘူးေပါ့။ ဝတ္စားဆင္ယင္မႈဆိုၿပီး ျပန္သိမ္းလိုက္တာကေတာ့ Human Rights နဲ႔ ပတ္သက္ရင္ေတာ့ ထိပါးသြားတယ္လို႔ ခံစားလိုက္ရပါတယ္” လို႔ ဆိုပါတယ္။

ၿပီးေတာ့ အခုလို ေဆးကုသခြင့္ လိုင္စင္ အပိတ္ခံရတာနဲ႔ ပတ္သက္လို႔ ေဒါက္တာနန္းေမြစံက ေဆးကုသခြင့္ လိုင္စင္ ျပန္ရေအာင္လုပ္မယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ အႏုပညာ၊ ဖိုတိုေမာ္ဒယ္လ္ လမ္းေၾကာင္းထဲမွာ ေရာက္ေနၿပီ ျဖစ္လို႔ ဒီအလုပ္ကို ဆက္လုပ္သြားမယ္။ ဒါေပမဲ့ တစ္ခ်ိန္က်ရင္လည္း ဆရာဝန္အလုပ္ကို ျပန္လုပ္ခ်င္ေသးတယ္။ လိုအပ္တဲ့ ဆမ လက္မွတ္ကို ျပန္ေလွ်ာက္မယ္လို႔ေတာ့ စိတ္ကူးထားတယ္။ အဲဒီအတြက္လည္း ဆရာႀကီးေတြကို ျပန္ေတာင္းပန္မယ္။ ” လို႔ ေဒါက္တာ နန္းေမြစံက ဘီဘီစီကို ေျပာပါတယ္။

ေဆးေကာင္စီက သတိေပးတာနဲ႔ ပတ္သက္လို႔လည္း “ေျပာရမယ္ဆိုရင္ သုံးႀကိမ္ေျမာက္ေပါ့ေနာ္။ သုံးႀကိမ္ေျမာက္ကို ပိတ္သိမ္းလိုက္ပါၿပီဆိုၿပီး စာေရာက္တာ။ အရင္တုန္းကေတာ့ သတိေပးတာေပါ့။ ဆမ စာအုပ္ကို ျပန္လာအပ္ရင္အပ္၊ မအပ္ရင္လည္း ဓာတ္ပုံေတြ ဖ်က္ပါေပါ့။ သူတို႔က ကြၽန္မရဲ႕ ေဖ့စ္ဘုတ္ အေကာင့္ေရာ၊ ဓာတ္ပုံေတြ ဗီဒီယိုေတြကို ဖ်က္ခိုင္းတာ။ ဖ်က္ခိုင္းတယ္ဆိုေတာ့ ကြၽန္မအေနနဲ႔ ဒီဟာကို ပေရာ္ဖက္ရွင္နယ္ တစ္ခုကို ျဖစ္ေနၿပီးေလ။ ဒီဖိုတို ေမာ္ဒယ္လ္ အလုပ္ကို လုပ္ေနတယ္ဆိုေတာ့ ဓာတ္ပုံကို ဖ်က္ခိုင္းေတာ့ အဆင္မေျပဘူး။ ကြၽန္မလည္း မဖ်က္ဘဲ ထားထားလိုက္တာ။ အဲဒါကိုမွ မဖ်က္လို႔ ဆိုၿပီးေတာ့ ဒီစာ႐ြက္ႀကီး ေရာက္လာတာေပါ့ေနာ္”

ေဒါက္တာ နန္းေမြစံဟာ ျမန္မာ့ ယဥ္ေက်းမႈ နဲ႔ မသင့္ေလ်ာ္တဲ့ ဝတ္စားဆင္ယင္ပုံေတြကို ေဖ့စ္ဘုတ္ေပၚ ဓါတ္ပုံ႐ိုက္တင္တာနဲ႔ ပတ္သက္လို႔ ဆက္လက္ ေဆာင္႐ြက္ျခင္း မျပဳပါဘူးလို႔ ေဆးေကာင္စီကို ကတိေပးခဲ့တဲ့ ဇန္နဝါရီလ ေနာက္ပိုင္း သုံးလေက်ာ္ ဆက္လုပ္ေနလို႔ မတ္လ ၃၁ ရက္ ေဆးေကာင္စီ အလုပ္အမႈေဆာင္အဖြဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ေဒါက္တာနန္းေမြစံရဲ႕ အေထြေထြေဆးကုသခြင့္လိုင္စင္ကို အမိန႔္စာ ထုတ္ျပန္တဲ့ ေန႔ကစၿပီး ပိတ္လိုက္တယ္လို႔ ဇြန္လ ၃ ရက္ ေန႔စြဲနဲ႔ ေဆးေကာင္စီက ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

Source: BBC

#Unicode version

မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မသင့်လျော်တာတွေ ဝတ်စားတယ်ဆိုပြီး ဓာတ်ပုံမော်ဒယ်လ်လုပ်နေတဲ့ ဒေါက်တာ နန်းမွေစံကို မြန်မာနိုင်ငံ ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဒေါက်တာနန်းမွေစံ အနေနဲ့ ရက် ၆၀ အတွင်း အယူခံ ဝင်နိုင်တယ်လို့ ဆေးကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

စည်းကမ်း ဥပဒေ ရှိပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ အယူခံ ဝင်လို့ရပါတယ်။ အယူခံ ဝင်တဲ့ အခါကျရင် ဥပဒေ အရ၊ နည်းဥပဒေအရ ညီညွတ်မယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံ ဆေးကောင်စီရဲ့ အလုပ်အမှုဆောင် အဖွဲ့ကနေ ဆုံးဖြတ်ပါမယ်။ လိုအပ်ရင် ကောင်စီခေါ်ပြီး ဆုံးဖြတ်လို့ ရပါတယ်။ ဥပဒေ ရှိပြီးသားပါ။ လူတစ်ယောက်ရဲ့ အခွင့်အရေး ကို ပိတ်ပင်တာလည်း မဟုတ်ဘူး။ ချထားတဲ့ စည်းကမ်းနဲ့လိုက်နာမယ်လို့ ပြောရင်တော့။ ဥပဒေမှာလည်း ပါပါတယ်။ အယူခံ ဝင်နိုင်တယ်ဆိုတဲ့ ဥပဒေရှိပါတယ်” လို့ ဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ အက်စ်ကျော်လှက ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ နန်းမွေစံ အနေနဲ့ မြန်မာ့ ယဉ်ကျေးမှု နဲ့ သင့်လျော်မှု မရှိတဲ့ ဝတ်စားဆင်ယင်ပုံတွေကို ဖေ့စ်ဘုတ်ပေါ် ဓါတ်ပုံရိုက်တင်တာနဲ့ ပတ်သက်လို့ ဆက်လက် ဆောင်ရွက်ခြင်း မပြုပါလို့ ဆေးကောင်စီကို ကတိပြုထားခဲ့ပေမယ့် သုံးလတိုင် ဆက်လုပ်ဆောင်နေတာ တွေ့ရလို့ သူ့ရဲ့ ဆေးကုသခွင့် လိုင်စင် ပိတ်သိမ်းတာလို့ ဆေးကောင်စီက ပြောပါတယ်။

အခုလို ပိတ်ပင်တာဟာ လူ့အခွင့်အရေးကို ထိပါးခံရတယ်လို့ ယူဆကြောင်း ဒေါက်တာ နန်းမွေစံက ဘီဘီစီကို ပြောပါတယ်။

ကျွန်မကြိုးစားတဲ့ လက်မှတ်ကို အသုံးပြုခြင်း မပြုခြင်းက ဆိုင်တော့မဆိုင်ဘူးပေါ့။ ဝတ်စားဆင်ယင်မှုဆိုပြီး ပြန်သိမ်းလိုက်တာကတော့ Human Rights နဲ့ ပတ်သက်ရင်တော့ ထိပါးသွားတယ်လို့ ခံစားလိုက်ရပါတယ်” လို့ ဆိုပါတယ်။

ပြီးတော့ အခုလို ဆေးကုသခွင့် လိုင်စင် အပိတ်ခံရတာနဲ့ ပတ်သက်လို့ ဒေါက်တာနန်းမွေစံက ဆေးကုသခွင့် လိုင်စင် ပြန်ရအောင်လုပ်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

“လောလောဆယ်တော့ အနုပညာ၊ ဖိုတိုမော်ဒယ်လ် လမ်းကြောင်းထဲမှာ ရောက်နေပြီ ဖြစ်လို့ ဒီအလုပ်ကို ဆက်လုပ်သွားမယ်။ ဒါပေမဲ့ တစ်ချိန်ကျရင်လည်း ဆရာဝန်အလုပ်ကို ပြန်လုပ်ချင်သေးတယ်။ လိုအပ်တဲ့ ဆမ လက်မှတ်ကို ပြန်လျှောက်မယ်လို့တော့ စိတ်ကူးထားတယ်။ အဲဒီအတွက်လည်း ဆရာကြီးတွေကို ပြန်တောင်းပန်မယ်။ ” လို့ ဒေါက်တာ နန်းမွေစံက ဘီဘီစီကို ပြောပါတယ်။

ဆေးကောင်စီက သတိပေးတာနဲ့ ပတ်သက်လို့လည်း “ပြောရမယ်ဆိုရင် သုံးကြိမ်မြောက်ပေါ့နော်။ သုံးကြိမ်မြောက်ကို ပိတ်သိမ်းလိုက်ပါပြီဆိုပြီး စာရောက်တာ။ အရင်တုန်းကတော့ သတိပေးတာပေါ့။ ဆမ စာအုပ်ကို ပြန်လာအပ်ရင်အပ်၊ မအပ်ရင်လည်း ဓာတ်ပုံတွေ ဖျက်ပါပေါ့။ သူတို့က ကျွန်မရဲ့ ဖေ့စ်ဘုတ် အကောင့်ရော၊ ဓာတ်ပုံတွေ ဗီဒီယိုတွေကို ဖျက်ခိုင်းတာ။ ဖျက်ခိုင်းတယ်ဆိုတော့ ကျွန်မအနေနဲ့ ဒီဟာကို ပရော်ဖက်ရှင်နယ် တစ်ခုကို ဖြစ်နေပြီးလေ။ ဒီဖိုတို မော်ဒယ်လ် အလုပ်ကို လုပ်နေတယ်ဆိုတော့ ဓာတ်ပုံကို ဖျက်ခိုင်းတော့ အဆင်မပြေဘူး။ ကျွန်မလည်း မဖျက်ဘဲ ထားထားလိုက်တာ။ အဲဒါကိုမှ မဖျက်လို့ ဆိုပြီးတော့ ဒီစာရွက်ကြီး ရောက်လာတာပေါ့နော်”

ဒေါက်တာ နန်းမွေစံဟာ မြန်မာ့ ယဉ်ကျေးမှု နဲ့ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်ပုံတွေကို ဖေ့စ်ဘုတ်ပေါ် ဓါတ်ပုံရိုက်တင်တာနဲ့ ပတ်သက်လို့ ဆက်လက် ဆောင်ရွက်ခြင်း မပြုပါဘူးလို့ ဆေးကောင်စီကို ကတိပေးခဲ့တဲ့ ဇန်နဝါရီလ နောက်ပိုင်း သုံးလကျော် ဆက်လုပ်နေလို့ မတ်လ ၃၁ ရက် ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာနန်းမွေစံရဲ့ အထွေထွေဆေးကုသခွင့်လိုင်စင်ကို အမိန့်စာ ထုတ်ပြန်တဲ့ နေ့ကစပြီး ပိတ်လိုက်တယ်လို့ ဇွန်လ ၃ ရက် နေ့စွဲနဲ့ ဆေးကောင်စီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC

Leave a Reply

Your email address will not be published. Required fields are marked *