ရုပ္ရွင္ေလာကသားေတြရဲ႕ သားသမီးေတြ ေက်ာင္းအပ္တဲ့ရင္ အေထာက္အပံ့ျဖစ္ေအာင္ စာအုပ္ေတြလွူဒါန္းတဲ့ ​ေျပတီဦး

လြန္​ခဲ့တဲ့ ႏွစ္​​​ေတြကတည္​းက ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းသရုပ္ေဆာင္တစ္ဦးေနရာကေန ရပ္တည္ေနႏိုင္တဲ့ မင္းသားေျပတီဦးကေတာ့ မိသားစုကိုလည္​း အခ်ိန္​​ေပးရင္​း သ႐ုပ္​​ေဆာင္​အလုပ္​​ေတြလုပ္​​ေနတာပဲ ျဖစ္ပါတယ္။ အလွဴအတန္းဆိုရင္ လက္မေနွးတဲ့ ေျပတီဦးကေတာ့ ခ်စ္ဇနီးေခ်ာေလး အိျႏၵာေက်ာ္ဇင္နဲ႔အတူ အလွဴအတန္းေတြလည္း ျပဳလုပ္ေလ့ရွိပါတယ္။ လတ္တေလာမွာေတာ့ ေျပတီဦးက သူတို႔ရဲ႕ေဖာင္ေဒးရွင္းကေနျပီး လုပ္ျဖစ္တဲ့ အလွဴေလးအေၾကာင္းကို လူမႈကြန္ယက္မွာ ​ေဝမ်ွ​ေပးထားတာ ​ေတြ႔ရပါတယ္​။ အရမ္းကို ၾကည္ႏူးဖို႔ေကာင္းတဲ့ အလွဴေလးမို႔ ပရိသတ္ေတြကို ၾကည္ႏူးမႈေတြ ကူးစက္ေစခဲ့ပါတယ္ေနာ္။

မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ အရမ္းကို ၾကည္ႏူးဖို႔ေကာင္းတဲ့ ေျပတီဦးေဖာင္ေဒးရွင္းရဲ႕အလွဴေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေျပတီဦးကေတာ့ ‘ဒီေန့မနက္ က်ြန္ေတာ္တို့ရဲ့ ပညာေရးေဖာင္ေဒးရွင္းအေနနဲ့ အလွူေလးေတြလုပ္ျဖစ္ခဲ့ပါတယ္…ပထမေနရာက ရုပ္ရွင္အစည္းအရံုးပါ..ရုပ္ရွင္ေလာကသားေတြရဲ့သားသမီးေလးေတြ ေက်ာင္းအပ္တဲ့အခါ အေထာက္အပံ့ေလးျဖစ္ေအာင္ ေက်ာင္းသံုးဗလာစာအုပ္ ၃၀၀ လွူဒါန္းခဲ့ပါတယ္..ဒုတိယကေတာ့ ျမန္မာအမ်ိုးသမီးမ်ားဖြိ့ျဖိုးတိုးတက္ေရးအသင္းပါ.. ဝကၤပါလမ္းထဲမွာရွိပါတယ္..တနိုင္ငံလံုးက က်ြန္ေတာ္တို့ ရဲ့သားခ်င္း အခက္အခဲရွိေနတဲ့ ျမန္မာအမ်ိုးသမီးမ်ားကိုစနစ္တက် ျပုစုေစာင့္ေရွာက္ေပးေနတဲ့ေနရာေလးပါ..ေနရာနဲ့ အေဆာက္အဦးျကီးကေကာင္းေပမယ့္ ရန္ပံုေငြမလံုေလာက္လို့ အဲဒီက ဆရာမျကီးက ေရြွေက်ာင္းေျပာင္ေျပာင္ ဝမ္းေခါင္ေခါင္ျဖစ္ေနရတယ္လို့ေျပာေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္..ေနာက္တခါ မိသားစုနဲ့အတူ သြားလွူဦးမယ္ဆိုတဲ့စိတ္ျဖစ္မိသလို အမ်ိုးတို့ကိုလည္း ျကံုျကိုက္တဲ့အခါ သြားလွူဒါန္းေပးျကပါလို့လည္း တိုက္တြန္းခ်င္ပါတယ္ ဆိုျပီး သူ႔ရဲ႕အလွဴေလးကို ေဝမွ်ေပးထားတာပါ။

သရုပ္ေဆာင္ ေျပတီဦးကေတာ့ လတ္တေလာမွာ အႏုပညာအလုပ္ေတြ ဆက္တိုက္ျပဳလုပ္ျဖစ္ေနတာျဖစ္ျပီး မိသားစုကိုလည္း အခ်ိန္ေပးရင္း ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပါ။ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံနွစ္ဦးကေတာ့ အျမဲလိုလုိ ပရိသတ္ကိုေရွ႕တန္းတင္ျပီး အႏုပညာအလုပ္ေတြလုပ္ကိုင္ေနတာေၾကာင့္ တစ္ေန႔တစ္ျခား ေအာင္ျမင္မႈေတြ တိုးတိုးလာတာဆိုရင္လည္း မမွားပါဘူး။ ခ်စ္စရာေကာင္းတဲ့ သားေလးနဲ႔ သမီးေလးကိုလည္း ပိုင္ဆိုင္ထားတဲ့ သူတို႔ဇနီးေမာင္နွံကေတာ့ အျမဲလိုလို ေပ်ာ္ရႊင္ေနရတာပဲ ျဖစ္ပါတယ္။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း ေျပတီဦးတို႔မိသားစုရဲ႕ ဝမ္​း​ေျမာက္​ဖြယ္​အလႉကို သာဓု​ေခၚလိုက္​ၾကပါဦး​ေနာ္။

Myint Myat
Source:Pyay Ti Oo’s Facebook Page

Unicode ျဖင့္ဖတ္ရန္

လွန်​ခဲ့တဲ့ နှစ်​​​တွေကတည်​းက မြန်မာနိုင်ငံရဲ့ထိပ်တန်းသရုပ်ဆောင်တစ်ဦးနေရာကနေ ရပ်တည်နေနိုင်တဲ့ မင်းသားပြေတီဦးကတော့ မိသားစုကိုလည်​း အချိန်​​ပေးရင်​း သရုပ်​​ဆောင်​အလုပ်​​တွေလုပ်​​နေတာပဲ ဖြစ်ပါတယ်။ အလှူအတန်းဆိုရင် လက်မနှေးတဲ့ ပြေတီဦးကတော့ ချစ်ဇနီးချောလေး အိန္ဒြာကျော်ဇင်နဲ့အတူ အလှူအတန်းတွေလည်း ပြုလုပ်လေ့ရှိပါတယ်။ လတ်တလောမှာတော့ ပြေတီဦးက သူတို့ရဲ့ဖောင်ဒေးရှင်းကနေပြီး လုပ်ဖြစ်တဲ့ အလှူလေးအကြောင်းကို လူမှုကွန်ယက်မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ အလှူလေးမို့ ပရိသတ်တွေကို ကြည်နူးမှုတွေ ကူးစက်စေခဲ့ပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ပြေတီဦးဖောင်ဒေးရှင်းရဲ့အလှူလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပြေတီဦးကတော့ ‘ဒီနေ့မနက် ကျွန်တော်တို့ရဲ့ ပညာရေးဖောင်ဒေးရှင်းအနေနဲ့ အလှူလေးတွေလုပ်ဖြစ်ခဲ့ပါတယ်…ပထမနေရာက ရုပ်ရှင်အစည်းအရုံးပါ..ရုပ်ရှင်လောကသားတွေရဲ့သားသမီးလေးတွေ ကျောင်းအပ်တဲ့အခါ အထောက်အပံ့လေးဖြစ်အောင် ကျောင်းသုံးဗလာစာအုပ် ၃၀၀ လှူဒါန်းခဲ့ပါတယ်..ဒုတိယကတော့ မြန်မာအမျိုးသမီးများဖွိ့ဖြိုးတိုးတက်ရေးအသင်းပါ.. ဝင်္ကပါလမ်းထဲမှာရှိပါတယ်..တနိုင်ငံလုံးက ကျွန်တော်တို့ ရဲ့သားချင်း အခက်အခဲရှိနေတဲ့ မြန်မာအမျိုးသမီးများကိုစနစ်တကျ ပြုစုစောင့်ရှောက်ပေးနေတဲ့နေရာလေးပါ..နေရာနဲ့ အဆောက်အဦးကြီးကကောင်းပေမယ့် ရန်ပုံငွေမလုံလောက်လို့ အဲဒီက ဆရာမကြီးက ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဖြစ်နေရတယ်လို့ပြောတော့ စိတ်မကောင်းဖြစ်မိပါတယ်..နောက်တခါ မိသားစုနဲ့အတူ သွားလှူဦးမယ်ဆိုတဲ့စိတ်ဖြစ်မိသလို အမျိုးတို့ကိုလည်း ကြုံကြိုက်တဲ့အခါ သွားလှူဒါန်းပေးကြပါလို့လည်း တိုက်တွန်းချင်ပါတယ် ဆိုပြီး သူ့ရဲ့အလှူလေးကို ဝေမျှပေးထားတာပါ။

သရုပ်ဆောင် ပြေတီဦးကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာတာဆိုရင်လည်း မမှားပါဘူး။ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပြေတီဦးတို့မိသားစုရဲ့ ဝမ်​း​မြောက်​ဖွယ်​အလှူကို သာဓု​ခေါ်လိုက်​ကြပါဦး​နော်။

Myint Myat

Source:Pyay Ti Oo’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *