၁၀ တန္းကို ဂုဏ္ထူး ၄ ဘာသာျဖင့္ ထူးခြၽန္စြာ ေအာင္ေသာ္လည္း ရွင္သာမေဏဘဝကို မစြန႔္လြတ္ႏိုင္တဲ့ သူ

0
25

၁၀ တန္းကို ဂုဏ္ထူး ၄ ဘာသာျဖင့္ ထူးခြၽန္စြာ ေအာင္ေသာ္လည္း ရွင္သာမေဏဘဝကို မစြန႔္လြတ္ႏိုင္သူ

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေတာင္ဦးေက်း႐ြာေန ကိုေက်ာ္စြာဝင္း မရွမ္းမတို႔၏သား ေမာင္ဇာနည္သည္ ငယ္စဥ္ကတည္းက သာမေဏဝတ္ကာ အတန္းေက်ာင္း၌ စာသင္ရာ ဆယ္တန္းေရာက္ေသာအခါ မိဘမ်ား၏ ဆႏၵအရ သာမေဏခြၽတ္၍ ဆယ္တန္းတက္ခဲ့ေသာ္လည္း မိဘမ်ားထံမွ ကတိတစ္ခု ေတာင္းၿပီး ဆယ္တန္း စာေမးပြဲကို ဝင္ေရာက္ေျဖဆိုေပးခဲ့ပါသည္ ။

မိဘမ်ားထံမွ ေတာင္းေသာ ကတိမွာ ဆယ္တန္းေျဖၿပီးလ်င္ သာမေဏ ျပန္ဝတ္ေပးရမည္ျဖစ္ပါသည္ ။ ထို႔ေၾကာင့္ပင္ ဆယ္တန္းေျဖအၿပီး ၾသကၤန္ကာလ ၿပီးေျမာက္သည္ႏွင့္ အလႉေပးကာ သာမေဏ ဝတ္ေပးခဲ့ရပါသည္ ။ သာသနာ့ တာဝန္မ်ားကို ထမ္းေဆာင္မည္ဟု သိရပါသည္ ။

ေအာင္စာရင္း ထြက္ေသာအခါ ေလးဘာသာ ဂုဏ္ထူးျဖင့္ ထူးခြၽန္စြာ ေအာင္ျမင္ခဲ့ပါသည္ ။ ယခုအခ်ိန္တြင္ သာမေဏဝတ္ျဖင့္ ႐ြာဦးတိုက္ ေက်ာင္းတြင္ သီတင္းသုံး ေနထိုင္လ်က္ ရွိေသာ္လည္း ေရွ႕ဆက္မည့္ခရီး မသိရေသးပါေၾကာင္း ။

Credit : မူရင္းတင္သူ

Unicode ျဖင့္ဖတ္ရန္

၁၀ တန်းကို ဂုဏ်ထူး ၄ ဘာသာဖြင့် ထူးချွန်စွာ အောင်သော်လည်း ရှင်သာမဏေဘဝကို မစွန့်လွတ်နိုင်သူ

ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးကျေးရွာနေ ကိုကျော်စွာဝင်း မရှမ်းမတို့၏သား မောင်ဇာနည်သည် ငယ်စဉ်ကတည်းက သာမဏေဝတ်ကာ အတန်းကျောင်း၌ စာသင်ရာ ဆယ်တန်းရောက်သောအခါ မိဘများ၏ ဆန္ဒအရ သာမဏေချွတ်၍ ဆယ်တန်းတက်ခဲ့သော်လည်း မိဘများထံမှ ကတိတစ်ခု တောင်းပြီး ဆယ်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုပေးခဲ့ပါသည် ။

မိဘများထံမှ တောင်းသော ကတိမှာ ဆယ်တန်းဖြေပြီးလျင် သာမဏေ ပြန်ဝတ်ပေးရမည်ဖြစ်ပါသည် ။ ထို့ကြောင့်ပင် ဆယ်တန်းဖြေအပြီး သင်္ကြန်ကာလ ပြီးမြောက်သည်နှင့် အလှူပေးကာ သာမဏေ ဝတ်ပေးခဲ့ရပါသည် ။ သာသနာ့ တာဝန်များကို ထမ်းဆောင်မည်ဟု သိရပါသည် ။

အောင်စာရင်း ထွက်သောအခါ လေးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသည် ။ ယခုအချိန်တွင် သာမဏေဝတ်ဖြင့် ရွာဦးတိုက် ကျောင်းတွင် သီတင်းသုံး နေထိုင်လျက် ရှိသော်လည်း ရှေ့ဆက်မည့်ခရီး မသိရသေးပါကြောင်း ။

Credit : မူရင်းတင်သူ