ေအာင္ကိုလတ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔ ပါဝင္လာခဲ့တဲ့ Myanmar Idol Season 4”

ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈ ရရွိထားတဲ့ သီခ်င္းဆိုၿပိဳင္ပြဲတစ္ပြဲ ျဖစ္တဲ့ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲႀကီးကိုေတာ့ မၾကာခင္မွာ ျပန္လည္စတင္ေတာ့မွာပါ။

Myanmar Idol Season 4 ၿပိဳင္ပြဲႀကီးကို မၾကာခင္မွာ ျပန္လည္စတင္ေတာ့မွာ ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈ ရရွိထားတဲ့ Myanmar Idol ၿပိဳင္ပြဲ Season 4 အတြက္ အကဲျဖတ္ေပးမယ့္ ဒိုင္လူႀကီးေတြလည္း ေပၚထြက္လို႕ လာခဲ့ပါၿပီ။

သူတို႕ကေတာ့ ေတးေရးတစ္ဦးလည္း ျဖစ္သလို ဒါရိုက္တာ တစ္ဦးလည္း ျဖစ္တဲ့ ေအာင္ကိုလတ္ ၊ Myanmar Idol Season 2 မွာကတည္းက ပါဝင္လာတဲ့ အဆုိေတာ္ တင္ဇာေမာ္နဲ႕ ဂီတေလာကမွာေအာင္ျမင္မႈ ရရွိေနဆဲ ေတးသံရွင္ ျဖဴျဖဴေက်ာ္သိန္းတုိ႕ ျဖစ္ပါတယ္။Myanmar Idol Season 4 မွာေတာ့ Season 2 နဲ႕ 3 ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို အမ်ားဆံုး ရရွိခဲ့တဲ့ ဒိုင္လူႀကီးတစ္ဦးျဖစ္တဲ့ ျမန္မာျပည္ သိန္းတန္ပါဝင္လာျခင္း မရွိတာကို ေတြ႕ရပါတယ္။ ထို႕အတူ အဆုိေတာ္ ရန္ေအာင္နဲ႕ မ်ိဳးေက်ာ့္ၿမိဳင္တို႕လည္း ပါဝင္လာျခင္း မရွိပါဘူး။

Myanmar Idol ရဲ႕ Season 4 မွာ Host အျဖစ္ ပရိသတ္ေတြ သေဘာက် လက္ခံၿပီးသားျဖစ္တဲ့ ေက်ာ္ထက္ေအာင္ကပဲ ဆက္လက္ျပဳလုပ္ေပးသြားမွာ ျဖစ္ပါတယ္။

ဒီႏွစ္မွာ က်င္းပမယ့္ Myanmar Idol Season 4 ၿပိဳဳင္ပြဲႀကီးကို ယခင္ႏွစ္ေတြနဲ႕မတူ တမူထူးျခားတဲ့ အစီအစဥ္ေတြနဲ႕ျပဳလုပ္သြားမွာ ျဖစ္တယ္လို႕ ဒီေန႕ (ဇြန္လ၁၁ရက္)က ျပဳလုပ္တဲ့ Myanmar Idol Season 4 သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။ Mobile Casting မ်ားကို ဇြန္လလယ္ပိုင္းေလာက္စၿပီး လုပ္ေဆာင္သြားမွာ ျဖစ္ၿပီး အသံစစ္ေဆးမႈမ်ားကို ျမန္မာႏိုင္ငံရဲ႕ ၿမိဳ႕ႀကီး(၅)ၿမိဳ႕ျဖစ္တဲ့ ရန္ကုန္၊ မႏၱေလး၊ ေတာင္ႀကီး၊ ေတာင္ငူ၊ ဘားအံတို႕မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

Myanmar Idol Season 4မွာ Winner ရရွိသူကို ေငြက်ပ္ သိန္း ၅၀၀နဲ႕ တစ္ကိုယ္ေတာ္ ေတးစီးရီးတစ္ေခြ ထုတ္ေပးသြားမွာ ျဖစ္ပါတယ္။ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲႀကီးကို ၂၀၁၆ခုႏွစ္တြင္ စတင္က်င္းပခဲ့ၿပီး ပထမဆံုး Season 1 မွာ Winner ဆုကို ေစာလားေထာ္ဝါး၊ Season 2 ရဲ႕ Winner ဆုို သားငယ္နဲ႕ Season 3 ရဲ႕ Winner ဆုကို ၿဖိဳးျမတ္ေအာင္တို႕က ရရွိခဲ့ၾကပါတယ္။

Credit:Duwun

Unicode ျဖင့္ဖတ္ရန္

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိထားတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ပွဲ ဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကိုတော့ မကြာခင်မှာ ပြန်လည်စတင်တော့မှာပါ။

Myanmar Idol Season 4 ပြိုင်ပွဲကြီးကို မကြာခင်မှာ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိထားတဲ့ Myanmar Idol ပြိုင်ပွဲ Season 4 အတွက် အကဲဖြတ်ပေးမယ့် ဒိုင်လူကြီးတွေလည်း ပေါ်ထွက်လို့ လာခဲ့ပါပြီ။

သူတို့ကတော့ တေးရေးတစ်ဦးလည်း ဖြစ်သလို ဒါရိုက်တာ တစ်ဦးလည်း ဖြစ်တဲ့ အောင်ကိုလတ် ၊ Myanmar Idol Season 2 မှာကတည်းက ပါဝင်လာတဲ့ အဆိုတော် တင်ဇာမော်နဲ့ ဂီတလောကမှာအောင်မြင်မှု ရရှိနေဆဲ တေးသံရှင် ဖြူဖြူကျော်သိန်းတို့ ဖြစ်ပါတယ်။Myanmar Idol Season 4 မှာတော့ Season 2 နဲ့ 3 ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရရှိခဲ့တဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန်ပါဝင်လာခြင်း မရှိတာကို တွေ့ရပါတယ်။ ထို့အတူ အဆိုတော် ရန်အောင်နဲ့ မျိုးကျော့်မြိုင်တို့လည်း ပါဝင်လာခြင်း မရှိပါဘူး။

Myanmar Idol ရဲ့ Season 4 မှာ Host အဖြစ် ပရိသတ်တွေ သဘောကျ လက်ခံပြီးသားဖြစ်တဲ့ ကျော်ထက်အောင်ကပဲ ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ကျင်းပမယ့် Myanmar Idol Season 4 ပြိုင်ပွဲကြီးကို ယခင်နှစ်တွေနဲ့မတူ တမူထူးခြားတဲ့ အစီအစဉ်တွေနဲ့ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ (ဇွန်လ၁၁ရက်)က ပြုလုပ်တဲ့ Myanmar Idol Season 4 သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ Mobile Casting များကို ဇွန်လလယ်ပိုင်းလောက်စပြီး လုပ်ဆောင်သွားမှာ ဖြစ်ပြီး အသံစစ်ဆေးမှုများကို မြန်မာနိုင်ငံရဲ့ မြို့ကြီး(၅)မြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Myanmar Idol Season 4မှာ Winner ရရှိသူကို ငွေကျပ် သိန်း ၅၀၀နဲ့ တစ်ကိုယ်တော် တေးစီးရီးတစ်ခွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကို ၂၀၁၆ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပထမဆုံး Season 1 မှာ Winner ဆုကို စောလားထော်ဝါး၊ Season 2 ရဲ့ Winner ဆို သားငယ်နဲ့ Season 3 ရဲ့ Winner ဆုကို ဖြိုးမြတ်အောင်တို့က ရရှိခဲ့ကြပါတယ်။

Credit:Duwun

Leave a Reply

Your email address will not be published. Required fields are marked *