Myanmar Idol မွာ တင္ဇာေမာ္ကို ဒိုင္အျဖစ္ျပန္ျမင္ခ်င္တယ္ ဆိုတဲ့ က်ာ္ထက္ေအာင္

0
10

Myanmar Idol အစကတည္းက အစီစဥ္တင္ဆက္သူတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈကိုအထူးရရိွထားၿပီး သ႐ုပ္ေဆာင္ဘက္မွာလည္းညက်ရာဇာတ္႐ုပ္ကိုထူးခြၽန္ေျပာင္ေျမာက္စြာသ႐ုပ္ေဆာင္ႏိုင္တဲ့ ေက်ာ္ထက္ေအာင္တစ္ေယာက္ကို အားလံုးပဲသိၾကမွာပါ ။ အခုက်ေနာ္တို႔ေျပာခ်င္လြန္းလို႔မိတ္ေဆြေတြကို တင္ဆက္ေပးသြားခ်င္တာကေတာ့ ေက်ာ္ထက္ေအာင္နဲ႔ Sundayဂ်ာနယ္နဲ႔အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့အေၾကာင္းေတြပဲျဖစ္ပါတယ္ ။

လတ္တေလာလႈပ္႐ွားမႈေတြနဲ႔Idol ျပန္စေတာ့မယ့္အေၾကာင္းနဲ႔သူရဲ႕သရုပ္ေဆာင္တစ္ေယာက္အျဖစ္လုပ္ကိုင္မႈအေပၚအေတြ႕အျကံုေတြကို “လာေလာဆယ္ေတာ့ Idol ထြက္္ေပါ့ေနာ္ ။ Idol ၿပီးရင္ေတာ႔တိမ္ေတြေပၚကပန္း ကစ္နဲ႔၊ ဦးေမာင္နဲ႔ ကိုရီးယားမင္းသား နဲ႔ေပါ့ အဲ့တာ႐ိုက္ဖို႔ရိွပါတယ္ ။ ပရိတ္သတ္ေတြသေဘာက်ဖို႔ႀကိဳးစားေနရတာေပါ့ေနာ္။ ကိုယ္ကသင္ယူဆဲကာလဆိုေတာ့ ေတြ႔တဲ့အခက္အခဲေတြကို အယပညာရပ္တစ္ခုအေနနဲ႔ Experience တစ္ခုအေနနဲ႔ သင္ယူေနရေတာ့မွာပဲ ။ ကာ႐ိုက္တာကမိသြားတယ္ လို႔ေတာ့ေတာ္ေတာ္မ်ားမ်ားကခ်ီးက်ဴးၾကပါတယ္ ။ မ႐ိုက္ေစခ်င္ၾကတာက က်ေနာ့္အျပင္ပံုစံကုိ မ်က္စိထဲမွာစြဲေနတာျဖစ္ပါလိမ့္မယ္ ။အဲ့ဒါေၾကာင့္နဲ႔တူပါလိမ့္မယ္ ။

ဒါေပမယ့္ က်ေနာ္အျမဲတမ္းေျပာေနသလိုပါပဲကာ႐ိုက္တာကိုပဲသက္ဝင္ ေနဖို႔လိုပါတယ္ ။အဲ့ဒီအခ်ိန္မွာ ေက်ာ္ထက္ေအာင္ကိုေမ့သြားၿပီး တျခားလည္းေမ့သြားတယ္ ။တင္ေမာင္ဝင္း ဆိုတဲ့လူတစ္ေယာက္က ဒီလိူအက်င့္စာရိတၱရိွတဲ့လူတစ္ေယာက္ဆိုတာပံုေဖာ္ျပရတာကို သေဘာက်ပါတယ္ ။ ဒါကေတာ့ က်ေနာ္တို႔ Team Work တစ္ခုလံုးနဲ႔ဆိုင္ပါတယ္ ။ ဒီလိုမ်ိဳးShow Base ေပါ့ Show Base ကို ဘယ္လိုမ်ိဳး ကစားသြားမလဲဆိုတာလည္းမူတည္ပါတယ္ ။ ရင္ခုန္စရာေတြလည္း အမ်ားႀကီးပါမွာပါ ။ ကိုအခုေလာေလာဆယ္ ဒိုင္ေတြဘယ္သူေတြလည္းဆိုတာရင္ခုန္ေနတာ ၁၁ရက္ေန႔က်ရင္ေတာ့အားလံုးသိရမယ္ထင္ပါတယ္ ။ စာနယ္ဇင္းမိတ္ဆက္ပြဲလည္းရိွပါတယ္။ က်ေနာ္ကေတာ့က်ေနာ့္အစ္မကိုျပန္ပါေစခ်င္တယ္ ။ မတင္ဇာေမာ္ကိုျပန္ပါေစခ်င္တယ္ ။” ဆိုၿပီးေျပာျပျပသြားခဲ့ပါတယ္ ။

Credit – nanmalgyi

Unicode ျဖင့္ဖတ္ရန္

Myanmar Idol အစကတည်းက အစီစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုအထူးရရှိထားပြီး သရုပ်ဆောင်ဘက်မှာလည်းညကျရာဇာတ်ရုပ်ကိုထူးချွန်ပြောင်မြောက်စွာသရုပ်ဆောင်နိုင်တဲ့ ကျော်ထက်အောင်တစ်ယောက်ကို အားလုံးပဲသိကြမှာပါ ။ အခုကျနော်တို့ပြောချင်လွန်းလို့မိတ်ဆွေတွေကို တင်ဆက်ပေးသွားချင်တာကတော့ ကျော်ထက်အောင်နဲ့ Sundayဂျာနယ်နဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေပဲဖြစ်ပါတယ် ။

လတ်တလောလှုပ်ရှားမှုတွေနဲ့Idol ပြန်စတော့မယ့်အကြောင်းနဲ့သူရဲ့သရုပ်ဆောင်တစ်ယောက်အဖြစ်လုပ်ကိုင်မှုအပေါ်အတွေ့အကြုံတွေကို “လာလောဆယ်တော့ Idol ထွက််ပေါ့နော် ။ Idol ပြီးရင်တော့တိမ်တွေပေါ်ကပန်း ကစ်နဲ့၊ ဦးမောင်နဲ့ ကိုရီးယားမင်းသား နဲ့ပေါ့ အဲ့တာရိုက်ဖို့ရှိပါတယ် ။ ပရိတ်သတ်တွေသဘောကျဖို့ကြိုးစားနေရတာပေါ့နော်။ ကိုယ်ကသင်ယူဆဲကာလဆိုတော့ တွေ့တဲ့အခက်အခဲတွေကို အယပညာရပ်တစ်ခုအနေနဲ့ Experience တစ်ခုအနေနဲ့ သင်ယူနေရတော့မှာပဲ ။ ကာရိုက်တာကမိသွားတယ် လို့တော့တော်တော်များများကချီးကျူးကြပါတယ် ။ မရိုက်စေချင်ကြတာက ကျနော့်အပြင်ပုံစံကို မျက်စိထဲမှာစွဲနေတာဖြစ်ပါလိမ့်မယ် ။အဲ့ဒါကြောင့်နဲ့တူပါလိမ့်မယ် ။

ဒါပေမယ့် ကျနော်အမြဲတမ်းပြောနေသလိုပါပဲကာရိုက်တာကိုပဲသက်ဝင် နေဖို့လိုပါတယ် ။အဲ့ဒီအချိန်မှာ ကျော်ထက်အောင်ကိုမေ့သွားပြီး တခြားလည်းမေ့သွားတယ် ။တင်မောင်ဝင်း ဆိုတဲ့လူတစ်ယောက်က ဒီလိူအကျင့်စာရိတ္တရှိတဲ့လူတစ်ယောက်ဆိုတာပုံဖော်ပြရတာကို သဘောကျပါတယ် ။ ဒါကတော့ ကျနော်တို့ Team Work တစ်ခုလုံးနဲ့ဆိုင်ပါတယ် ။ ဒီလိုမျိုးShow Base ပေါ့ Show Base ကို ဘယ်လိုမျိုး ကစားသွားမလဲဆိုတာလည်းမူတည်ပါတယ် ။ ရင်ခုန်စရာတွေလည်း အများကြီးပါမှာပါ ။ ကိုအခုလောလောဆယ် ဒိုင်တွေဘယ်သူတွေလည်းဆိုတာရင်ခုန်နေတာ ၁၁ရက်နေ့ကျရင်တော့အားလုံးသိရမယ်ထင်ပါတယ် ။ စာနယ်ဇင်းမိတ်ဆက်ပွဲလည်းရှိပါတယ်။ ကျနော်ကတော့ကျနော့်အစ်မကိုပြန်ပါစေချင်တယ် ။ မတင်ဇာမော်ကိုပြန်ပါစေချင်တယ် ။” ဆိုပြီးပြောပြပြသွားခဲ့ပါတယ် ။

Credit – nanmalgyi