ဝတ္စားဆင္ယင္မႈေၾကာင့္ ေဆးကုသခြင့္လက္မွတ္ အသိမ္းခံလိုက္ရတဲ့ ေဒါက္တာ နန္းေမြစံ

ဆရာဝန္မေလး နန္းေမြစံက Sexy Model တစ္ေယာက္အျဖစ္ အနုပညာလမ္းမမွာ နာမည္ၾကီးသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပုရိသကိုကိုေတြ စြဲမက္ေစတဲ့ သူမရဲ့ ခႏၵာကိုယ္ေကာက္ေၾကာင္းအလွနဲ့ ျမန္မာဆန္တဲ့ သူမရဲ့ ရုပ္ရည္ေၾကာင့္ အားေပးသူ ပရိသတ္အခိုင္အမာ ရရိွထားသူေလးတစ္ေယာက္ဆိုလည္း မမွားပါဘူး။ နန္းေမြစံက လက္ရိွမွာေတာ့ ဆရာဝန္အလုပ္နဲ့ Sexy Model တစ္ဦးအျဖစ္ ရပ္တည္ေနျပီး သရုပ္ေဆာင္အလုက္ေတာ့ မလုပ္ကိုင္ေသးပါဘူး။

ဒီေန့မွာေတာ့ နန္းေမြစံအတြက္ စိတ္မေကာင္းျဖစ္စရာ အျဖစ္အပ်က္တစ္ခု ျဖစ္ပ်က္ခဲ့ပါျပီ။ အဲ့ဒါကေတာ့ သူမရဲ့ အေထြေထြေဆးကုသခြင့္လက္မွတ္ကို ျမန္မာနိုင္ငံ ေဆးေကာင္စီအဖြဲ့က ရုတ္သိမ္းလိုက္တဲ့ ထုတ္ျပန္စာ ရရိွခဲ့တာပဲ ျဖစ္ပါတယ္။

ထိုထုတ္ျပန္စာထဲမွာ ပါဝင္တာကေတာ့ နန္းေမြစံက ျမန္မာ့ရိုးရာဝတ္စားဆင္ယင္မႈနဲ့ သင့္ေလ်ာ္မႈမရိွေသာ ဝတ္စားဆင္ယင္မႈမ်ားကို ေဖ့စ္ဘုတ္ လူမႈစာမ်က္နွာေပၚမွာ မတင္ဖို့ (၁၄.၁.၂၀၁၉) က ျမန္မာနိုင္ငံ ေဆးေကာင္စီဌာနကို ကတိကဝတ္ျပဳခဲ့ေပမယ့္ ဆက္လက္လုပ္ေဆာင္ေနေသးတာေၾကာင့္ ျမန္မာနုိင္ငံေဆးေကာင္စီဥပေဒ အခန္း(၁၂)၊ ပုဒ္မ(၄၅)၊ ပုဒ္မခြဲ(ဃ)နဲ့ အညီ နန္းေမြစံရဲ့ အေထြေထြ ေဆးကုသခြင့္လိုင္စင္ကို သိမ္းခဲ့တယ္လို့ သိရပါတယ္။

နန္းေမြစံကေတာ့ ထိုအမိန့္ေၾကျငာစာကို သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာေပၚမွာတင္ရင္း “What is human right? where is democracy???” ဆိုျပီး ေျပာဆိုထားပါတယ္။

လူတကာ တက္ခ်င္ေပမယ့္လည္း တက္ခြင့္မရတဲ့ ေဆးပညာကို အခ်ိန္အၾကာျပီး သင္ယူခဲ့ျပီးမွ အခုလို ျဖစ္ရတာဆိုေတာ့ စိတ္မေကာင္းစရာပဲေနာ္။ နန္းေမြစံတစ္ေယာက္ သူမခ်စ္တဲ့ ဆရာဝန္အလုပ္ကို ဆက္လက္လုပ္ကိုင္ခြင့္ရရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit-မိုမိုေလး

Unicode ျဖင့္ဖတ္ရန္

ဆရာဝန်မလေး နန်းမွေစံက Sexy Model တစ်ယောက်အဖြစ် အနုပညာလမ်းမမှာ နာမည်ကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပုရိသကိုကိုတွေ စွဲမက်စေတဲ့ သူမရဲ့ ခန္ဒာကိုယ်ကောက်ကြောင်းအလှနဲ့ မြန်မာဆန်တဲ့ သူမရဲ့ ရုပ်ရည်ကြောင့် အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ နန်းမွေစံက လက်ရှိမှာတော့ ဆရာဝန်အလုပ်နဲ့ Sexy Model တစ်ဦးအဖြစ် ရပ်တည်နေပြီး သရုပ်ဆောင်အလုက်တော့ မလုပ်ကိုင်သေးပါဘူး။

ဒီနေ့မှာတော့ နန်းမွေစံအတွက် စိတ်မကောင်းဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါပြီ။ အဲ့ဒါကတော့ သူမရဲ့ အထွေထွေဆေးကုသခွင့်လက်မှတ်ကို မြန်မာနိုင်ငံ ဆေးကောင်စီအဖွဲ့က ရုတ်သိမ်းလိုက်တဲ့ ထုတ်ပြန်စာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထိုထုတ်ပြန်စာထဲမှာ ပါဝင်တာကတော့ နန်းမွေစံက မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုနဲ့ သင့်လျော်မှုမရှိသော ဝတ်စားဆင်ယင်မှုများကို ဖေ့စ်ဘုတ် လူမှုစာမျက်နှာပေါ်မှာ မတင်ဖို့ (၁၄.၁.၂၀၁၉) က မြန်မာနိုင်ငံ ဆေးကောင်စီဌာနကို ကတိကဝတ်ပြုခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေသေးတာကြောင့် မြန်မာနိုင်ငံဆေးကောင်စီဥပဒေ အခန်း(၁၂)၊ ပုဒ်မ(၄၅)၊ ပုဒ်မခွဲ(ဃ)နဲ့ အညီ နန်းမွေစံရဲ့ အထွေထွေ ဆေးကုသခွင့်လိုင်စင်ကို သိမ်းခဲ့တယ်လို့ သိရပါတယ်။

နန်းမွေစံကတော့ ထိုအမိန့်ကြေငြာစာကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာတင်ရင်း “What is human right? where is democracy???” ဆိုပြီး ပြောဆိုထားပါတယ်။

လူတကာ တက်ချင်ပေမယ့်လည်း တက်ခွင့်မရတဲ့ ဆေးပညာကို အချိန်အကြာပြီး သင်ယူခဲ့ပြီးမှ အခုလို ဖြစ်ရတာဆိုတော့ စိတ်မကောင်းစရာပဲနော်။ နန်းမွေစံတစ်ယောက် သူမချစ်တဲ့ ဆရာဝန်အလုပ်ကို ဆက်လက်လုပ်ကိုင်ခွင့်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit-မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *