ေဒါက္တာ လဲ့လဲ့ေမာ္အား စုစုေပါင္းေထာင္ဒဏ္ အႏွစ္၃၀ခ် မွတ္ . .

ဒေါက်တာလဲ့လဲ့မော်အား စုစု ပေါင်းထောင်ဒဏ်အနှစ်၃၀ချ မှတ်ပြီး စတုတ္ထအမှုမှ မိသားစုပိုင်သည့် သရက်ချောင်းနေအိမ်ကို ပြည်သူ့ဘဏ္ဍာသိမ်းယူ

အဂတိလိုက်စားမှုဖြင့် တရား စွဲဆိုခြင်းခံခဲ့ရသည့်တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက် တာလဲ့လဲ့မော်ကို ထောင်ဒဏ်အနှစ် ၃၀ ချမှတ်လိုက် ကြောင်း သိရှိရသည်။

ပထမအမှုမှာ လမ်းဦးစီးသို့ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊

ဒုတိယအမှုမှာ လေယာဉ်ကွင်းခြုံရှင်းသည့်အမှုနှင့် တတိယအမှုမှာ GGS သဘာဝဓာတ်ငွေ့ကြေးကိစ္စတို့ဖြစ်သည်။

စတုတ္ထအမှုမှာဒေါက်တာလဲ့ လဲ့မော်မိသားစုပိုင်သည့် အိမ်နှင့်မြေကို GGS ကုမ္ပဏီသို့ရောင်းချခဲ့ပြီးနောက် အဆိုပါကုမ္ပဏီကို ဆောက်လုပ်ရေးလုပ်ငန်းများ ချပေးခဲ့သည်ဆိုကာ စွပ်စွဲခံထားရသည့် အမှုဖြစ်သည်။

ယင်းအမှုများ အတွက်ပထမအမှုနှင့်ဒုတိယအမှုကို ထောင် ဒဏ် ၁၀နှစ် စီ သီးခြားစီကျခံရန် အမိန့်ချမှတ်ခဲ့ပြီးတတိယ အမှုနှင့်စတုတ္ထအမှုကို ထောင် ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သော် လည်း တပေါင်းတည်းကျခံရန် တနင်္သာရီတိုင်းဒေသကြီးတရားရုံးက ယနေ့မေလ ၂၂ ရက်နေ့တွင် အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့်အမှုလေးခုပေါင်းအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံခဲ့ရပြီး ချုပ်ရက်များကို ခံစားခွင့်ပြုခဲ့သည်။

ထို့အတူစတုတ္ထအမှုတွင်ပါဝင်သည့် ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင်ဆိုင်သည့် သရက်ချောင်းနေအိမ် ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူကြောင်း တရားရုံးကကြေညာခဲ့သည်။

တတိယအမှုတွင်ပါဝင်သော GGS ကုမ္ပဏီမှ တာဝန် ရှိသူနှစ်ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီး စတုတ္ထအမှုတွင်ပါဝင်ခဲ့သည့် GGS ကုမ္မဏီမှ တာဝန် ရှိသူတစ်ဦးကိုမူ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့ကြောင်းသိရသည်။

Ref ; TheLadiesNews

ေဒါက္တာလဲ့လဲ့ေမာ္အား စုစု ေပါင္းေထာင္ဒဏ္အႏွစ္၃၀ခ် မွတ္ၿပီး စတုတၳအမႈမွ မိသားစုပိုင္သည့္ သရက္ေခ်ာင္းေနအိမ္ကို ျပည္သူ႔ဘ႑ာသိမ္းယူ

အဂတိလိုက္စားမႈျဖင့္ တရား စြဲဆိုျခင္းခံခဲ့ရသည့္တနသၤာရီ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္ တာလဲ့လဲ့ေမာ္ကို ေထာင္ဒဏ္အႏွစ္ ၃၀ ခ်မွတ္လိုက္ ေၾကာင္း သိရွိရသည္။

ပထမအမႈမွာ လမ္းဦးစီးသို႔ဘ႑ာေငြ တစ္လုံးတစ္ခဲတည္းခ်ေပးမႈႏွင့္ ၿခံစည္းရိုးကာရံမႈ၊

ဒုတိယအမႈမွာ ေလယာဥ္ကြင္းျခဳံရွင္းသည့္အမႈႏွင့္ တတိယအမႈမွာ GGS သဘာဝဓာတ္ေငြ႕ေၾကးကိစၥတို႔ျဖစ္သည္။

စတုတၳအမႈမွာေဒါက္တာလဲ့ လဲ့ေမာ္မိသားစုပိုင္သည့္ အိမ္ႏွင့္ေျမကို GGS ကုမၸဏီသို႔ေရာင္းခ်ခဲ့ၿပီးေနာက္ အဆိုပါကုမၸဏီကို ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ခ်ေပးခဲ့သည္ဆိုကာ စြပ္စြဲခံထားရသည့္ အမႈျဖစ္သည္။

ယင္းအမႈမ်ား အတြက္ပထမအမႈႏွင့္ဒုတိယအမႈကို ေထာင္ ဒဏ္ ၁၀ႏွစ္ စီ သီးျခားစီက်ခံရန္ အမိန႔္ခ်မွတ္ခဲ့ၿပီးတတိယ အမႈႏွင့္စတုတၳအမႈကို ေထာင္ ဒဏ္ ၁၀ ႏွစ္စီခ်မွတ္ခဲ့ေသာ္ လည္း တေပါင္းတည္းက်ခံရန္ တနသၤာရီတိုင္းေဒသႀကီးတရား႐ုံးက ယေန႔ေမလ ၂၂ ရက္ေန႔တြင္ အမိန႔္ ခ်မွတ္လိုက္ျခင္းျဖစ္သည္။

ထို႔ေၾကာင့္အမႈေလးခုေပါင္းအတြက္ ေထာင္ဒဏ္ အႏွစ္ ၃၀ ခ်မွတ္ခံခဲ့ရၿပီး ခ်ဳပ္ရက္မ်ားကို ခံစားခြင့္ျပဳခဲ့သည္။

ထို႔အတူစတုတၳအမႈတြင္ပါဝင္သည့္ ေဒါက္တာလဲ့လဲ့ေမာ္မိသားစုပိုင္ဆိုင္သည့္ သရက္ေခ်ာင္းေနအိမ္ ကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းယူေၾကာင္း တရား႐ုံးကေၾကညာခဲ့သည္။

တတိယအမႈတြင္ပါဝင္ေသာ GGS ကုမၸဏီမွ တာဝန္ ရွိသူႏွစ္ဦးကိုလည္း ေထာင္ဒဏ္ ၁၀ ႏွစ္စီ ခ်မွတ္ခဲ့ၿပီး စတုတၳအမႈတြင္ပါဝင္ခဲ့သည့္ GGS ကုမၼဏီမွ တာဝန္ ရွိသူတစ္ဦးကိုမူ ေထာင္ဒဏ္ငါးႏွစ္ခ်မွတ္ခဲ့ေၾကာင္းသိရသည္။

Ref ; TheLadiesNews

Be the first to comment

Leave a Reply

Your email address will not be published.


*