မစိမ့်ထက်ရဲ့ ရုပ်အလောင်း ရောက်ရှိလာပါပြီ
Posted on
Unicode ဖြင့်ဖတ်ရန်
မစိမ့်ထက်ရဲ့ ရုပ်အလောင်း ယနေ့ညနေပိုင်းတောင်တက် ကယ်ဆယ်ရေးအဖွဲ့ နှင့် အတူပူတာအိုမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်းသိရှိရသည်။ ဂျိုး (ပူတာအို)Myitkyina News Journal
မစိမ့်ထက်၏ ရုပ်အလောင်းကို တွေ့ရှိရသည်နေရာမှာ အမြင့်ပေ ၁၁၈၀ဝ ရှိ ရေကန်အနီးတွင် ဖြစ်သည်ဟု သိရပါသည်။ တောင်ထိပ်မှာ ၁၄၀၉၅ ပေမြင့်ပီး ပြန်အဆင်း ခြေချော်ကျခဲ့သည့် အမြင့်ပေမှာ ၁၂၀ဝ၀ တွင်ဖြစ်သည်ဟု သိရပီး Body တွေ့ရှိရသည်မှာ အောက်ဘက် ပေ ၂၀ဝ ခန့် အကွာတွင်သာ ဖြစ်နေသည်မှာ ရင်နာဖွယ်ဖြစ်သည်။
ရှာဖွေခြင်းအမှုကို ဘာမှ မလုပ်ပေးခဲ့ကြသလို စစချင်း ပြောကြားကြသည့် အပိုင်းပိုင်းပြတ်သွားခြင်းမှာလဲ မဟုတ်မှန်ပါ။ ပုံစံအတိုင်း ပြန်လည်တွေ့ရှိရခြင်းဖြစ်သည်။ အကယ်၍သာ အားစိုက် ရှာဖွေခဲ့ပါက သူ၏ ကံကြမာမှာ တမျိုးတဖုံအပြောင်းအလဲ ရှိသွားနိုင်သည်။
ယခုအခါ ရုပ်အလောင်းသည် ပူတာအိုကို ရောက်ရှိလာပီဖြစ်ပီး ဆေးစစ်ချက်ရယူပီးနောက် သဂြိုဟ်မည်ဖြစ်သည်။ စိမ့်ထက်၏ အမှုမှ ပါဝင်ကြသူများအားလုံး တူသော အကျိုးပေးကို ခံစားနိုင်ကြပါစေ။ စိမ့်ထက်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိရခြင်းသည် ဖြစ်စဉ်အမှန်များကို ဖော်ထုတ်ခြင်း၏ အစဖြစ်ပါစေ။ သူမ၏ ဝိဉာဉ်ကတော့ ရေခဲတောင်ပေါ်က ပြန်လာခဲ့ပီ။
– ပူတာအိုတွင် မီးသဂြိုဟ်ပီး ကျန်ရစ်သော အရိုးပြာကို ရန်ကုန်သို့ ယူဆောင်မည်ဟု သိရသည်။
( ကာယကံရှင်၏ ဂုဏ်သိက္ခာအရ ဓာတ်ပုံများ လုံးဝ တင်မည်မဟုတ်ပါ။)Nay Thway