အမေကို ဓားနဲ့လိုက်ပြီးအမွေတောင်းတဲ့ သီဟတင်စိုးအကြောင်း ပြောလာတဲ့ စည်သူတင်စိုး…

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် သီဟတင်စိုးက ငွေကြေးအရှုပ်အရှင်းကိစ္စတွေကြောင့် ကျိုက်လတ်မြို့မှာ အမှုဖွင့်အရေးယူခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

သီဟတင်စိုးတို့မိသားစုဟာ ငွေကြေးခိုင်မာတောင့်တင်းသူတွေဖြစ်ပြီး အခုလိုကိစ္စမျိုးနဲ့ ပက်သတ်ပြီး ပရိသတ်တွေက အမျိုးမျိုး ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး သီဟတင်စိုးရဲ့ ညီအရင်းဖြစ်သူ စည်သူတင်စိုးက အခုလိုပဲ ပွင့်လင်းစွာချပြပြောဆိုလာပါတယ်။

“ကိုယ်တိုင်သေချာမသိပဲ ကြားသုံးကြားထဲဝင်ပါပြီး လိုင်းပေါ်မှာထင်ရာမြင်ရာပြောနေကြလို့အမှန်တရားကိုရှင်းပြတာ။ အမေ့ကိုအမွေတောင်းတယ်။ ကုန်သွားမှာစိုးလို့ မပေးဘူးပြောတော့ အမေ့ကို ဓား နဲ့လိုက်တယ်။

မောင်နှမ၅ယောက်မှာတစ်ဦးချင်းဆီအတွက် သူ့ဝေစု ၊သူရသင့်ရထိုက်တဲ့သိန်းပေါင်း ၁၂၀၀၀ (ငွေကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထောင်)ပိုက်၊ပျော်ပျော်ပါးပါးကြီးယူ ထွက်သွားခဲ့တာ။ အမေသေလည်းမလာဘူး၊မောင်နှမတွေသေလည်းမလာဘူးဆိုပြီး တစ်ခါ တည်း ဆွေခန်းမျိုးခန်းဖြတ် သူကအရင်ဖြတ်သွားတာ။”

“အမေက ဘယ်သူ့ဘယ်သူအပေါ်မှ မတရားလုပ်ထားတာမရှိဘူး။ အားလုံးညီတူမျှတူပဲ။ သူမိန်းမယူတဲ့အချိန်တုန်းကလည်းအမေကသူ့မိန်းမရဲ့နောက်ကြောင်းအရှုပ်ထုပ်တွေကိုငွေထုပ်ပိုက်ပြီးတဖက်လူကိုခြေထောက်ဖက်တောင်းပန်ပြီးလျှော်ကြေးပေးခဲ့ရတာ အားလုံးသိတယ်။

သူသာ အကိုကြီးအဖရာအနေနဲ့ရော သားကြီးသြရသအနေနဲ့ရော နောက်ဆုံးသူကိုယ်တိုင်မွေးထားတဲ့ သူကလေးတွေ အပေါ်မှာရော ဘယ်တစ်ခုမှတာဝန်မကျေခဲ့ဘူး။ လင်မယားနှစ်ယောက်လုံးပျော်ပျော်ပါးပါး တက်ညီလက်ညီသုံးဖြုံန်းလိုက်ကြတာများ ခုဆို သူတို့ရဲ့ကလေး၂ယောက်စလုံးကိုပါ ကျောင်းထုတ်ပြစ်ထားတဲ့အထိ။”

“ကောင်းစားစဉ်ကလည်း အဖေ့ဆီကိုလင်မယားနှစ်ယောက်လုံးမသွားဘူး။ မလာဘူး။ သီတင်းကျွတ်တောင်သွားမကန်ခဲ့ကြဖူးဘူး၊၊သူတို့ဒုက္ခရောက်လို့ငတ်ပြတ်တဲ့အချိန်ကြမှ အဖေ့ကိုသွားအပူကပ်၊ငိုပြ၊နှိပ်စက်လိုက်ကြတာ အဖေဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဆုံးသွားခဲ့ရတဲ့အထိပဲ၊၊

ပိုစ့်တင်ထားတဲ့ဟိုတစ်ယောက်ရော သူ့ကိုသိပ်ချစ်ကြ ၊သိပ်အပြစ်ကင်းတယ်ထင်ပြီးလိုင်းပေါ်မှာအာချောင်နေကြတဲ့သူတွေရော၊ မနေနိုင်ရင် မကျေနပ်ရင်စုပေါင်းပြီးသာစိုက်လျှော်ပေးလိုက်ကြတော့ဗျို့။ ရှေ့မှာသူတို့လင်မယားမိုက်ခဲ့ကြသမျှ ကျန်တော့်အမေနောက်ကနေလိုက်ရှင်းခဲ့ရတာတွေကို တစ်ခုချင်းစီပြောပြရရင်စိတ်ဆင်းရဲပြီးကိုယ့်ကိုယ်တောင်သတ်သေသွားလိမ့်မယ်။”

“တစ်မိသားစုလုံးမှာသမီးမိန်းကလေးတစ်ယောက်ပဲပါလို့ ဝိုင်းပြီးချစ်ကြရတဲ့ ကျွန်တော့ညီမ၊ အိမ်ကစီပွားရေးလုပ်ငန်းမှန်သမျှသူ့နာမည်ပေးခဲ့တဲ့အထိတအိမ်လုံးကဝိုင်းချစ်ကြတဲ့ကျွန်တော့်ညီမ၊ အကိုအကြီးဆုံးကနေစပြီး အကိုအယောက်ဆီတိုင်းအပေါ်(သူ့အိမ်ထောင်နဲ့သူဖြစ်နေတာတောင်)တာဝန်ကျေတာထက် ပိုပြီး သိတတ်တဲ့ကျွန်တော့်ညီမ၊

သူတပါးမိသားစုအတွင်းရေးသေချာလည်းမသိဘဲရမ်းသန်းအာ ချောင်ချင်ပြီး သူ တစ်ခုခုဖြစ်တာနဲ့ ကျွန်တော့် ညီမကို လာပြောနေကြတဲ့သူတွေ သေသေချာချာ ဖတ်ကြည့်ပေးပါ။ ဒီထက်မှအသေး စိတ်သိချင်ကြသေးတယ်ဆိုရင်လည်း ကျွန်တော့်ဖုန်းနံပတ် ၀၉ ၄၅၁၄၆၆၆၁၆ ကို ဆက်မေးကြပါ။

တဖက်သတ်အမြင်နဲ့စိတ်ထင်ရာပေါက်ကရတွေ ဝင်ရေးဝင်မန့်နေကြတာ ကျေးဇူးပြုပြီးရပ်ပေးကြပါ။” လို့ စည်သူတင်စိုးက ပြော ထားတာပဲ ဖြစ်ပါတယ်။

Source: SiThu TinSoe’s fb

Credit – Cele Connections

Be the first to comment

Leave a Reply

Your email address will not be published.


*