ပဋ္ဌာန်း​တရားသံကြားပြီး တရားနာချင်လို့ လိုက်ပို့ခိုင်းသော နိုင်ငံခြားသားတစ်ဦး

0
18









Nay Ni

Unicode ဖြင့်ဖတ်ရန်

ဘုန်းကြီးကျောင်းရှေ့က ဖြတ်သ​ွားရင်း ပဋ္ဌာန်း​တရားသံကြားပြီး တရားနာချင်လို့ပါဆိုပြီး လိုက်ပို့ခိုင်းတဲ့ နိုင်ငံခြားသားတစ်ဦး

ပုံထဲကလူ ဘာသာခြားတစ်ယောက်ပါ လမ်းသွားရင်း ကျောင်းတစ်ကျောင်းက ပဋ္ဌာန်း​တရားသံကြားပြီးနာချင်လို့ပါဆိုပြီး လိုက်ပို့ခိုင်းသတဲ့….

နောက်​တ​နေ့လဲ ပြန်ရောက်လာပြီးလာနာသတဲ့..

ဦးဇင်းတွေ ဘုရားကန်တော့တာတွေ့တော့သူလည်း လိုက်​ကန်တော့တယ်တဲ့

ဘာသာတရားကို စူးစမ်းခြင်တာ လေ့လာခြင်တာ မဟုတ်ပဲ တရားသံကိုထပ်ခါတလဲလဲကြားခြင်တာက ဗုဒ္ဓအလိုအရ ပါရမီ အထုံပါလာတဲ့သဘော(သမီးရည်းစားလိုဆို မြင်မြင်ခြင်းချစ်သွားတာက ဖူးစာပေါ့)

ပြီးတော့ ဗုဒ္ဓရဲ ့တရားးအေးချမ်းမှုကို ဘာသာခြားတစ်ယောက်က ခံစားလို ့ရတယ်ဆိုရင်ဘာသာတူတွေက ပိုခံစားတတ်ရမှာ မဟုတ်ဘူးလား?

ခုက ပေါလွန်းလို ့ ဗုဒ္ဓကို တန်ဖိုးမထားကြသလိုပဲ…မြန်မာတွေကတော့ ဘာသာရေးမှာ တဖြည်းဖြည်းအားနည်းလာသလိုပဲ

ဗုဒ္ဓဘာသာ ကမ္ဘာအနှံ့ ပျံ့နှံ့ပါစေသာ်

Nay Ni