မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာတဲ့ ကား တိမ်းမှောက် ၄ ဦးသေဆုံး

  • Aung Aung Bo
  • May 19, 2019
  • Comments Off on မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာတဲ့ ကား တိမ်းမှောက် ၄ ဦးသေဆုံး


ယနေ့  ၁၉.၅.၂၀၁၉ရက်နေ့နံနက်တွင် မြန်မာနိုင်ငံသား (၁၀)ဦးကျော်ခန့်သယ်ဆောင်လာသည့် ကားတစ်စီး


ကူညီမှူပေးနိုင်ရန် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက်အခင်းဖြစ်နေရာသို့ သွားရောက်နေပါသည်။


ဒီကနေ့မနက်(၁၉.၅.၂၀၁၉) ၇ နာရီဝန်းကျင်လောက်မှာ ပီနန်း မှ kl သို့အသွား(မိုင်တိုင်အမှတ် ၁၉၀.၈) မှာ လူ၁၄ ယောက်တင်လာတဲ့ အောက်လမ်းပွဲစားကားတစီးတိန်းမှောက်ပီး ကားအနောက်ခြမ်းတခုလုံးစုတ်ပြတ်ပီး တချို့ တံတားအောက်သို့လွင့်စင်သွားတယ် လက်ရှိမှာ ၃ ဦးပွဲချင်းပီးသေပီး အောက်သို့လွင့်သွားသူများ အသက်ရှင်ဖို့မသေချာ ကားသမားမှာပျောက်ဆုံးနေပီး ယောက်ျားလေး ၁၁ယောက် မိန်းခလေး ၁ ဖြစ်ကာ အားလုံးချင်းလူမျိုးများဖြစ်တယ်လို့သိရပါတယ်…







Photo..ကိုမင်းသန်း


Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာသောကား တိမ်းမှောက် ၄ ဦးသေဆုံး

ယနေ ့ ၁၉.၅.၂၀၁၉ရက်နေ့နံနက်တွင် မြန်မာနိူင်ငံသား (၁၀)ဦးကျော်ခန့်သယ်ဆောင်လာသည့် ကားတစ်စီး

မိုင်တိုင်အမှတ် ၁၉၀ကျော်ဟိုက်ဝေးလမ်းမပေါ်တွင် တိမ်းမှောက်သဖြင့် လူလေးဦးသေဆုံးကြောင်းကြားသိရသည့်အတွက်

ကူညီမှူပေးနိူင်ရန် မလေးရှားနိူင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက်အခင်းဖြစ်နေရာသို ့သွားရောက်နေပါသည်။

ကပုန်း(၇)ရက်သားသမီးနာရေးကူညီမူအသင်း မလေးရှား

ဒီကနေ့မနက်(၁၉.၅.၂၀၁၉) ၇ နာရီဝန်းကျင်လောက်မှာ ပီနန်း မှ kl သို့အသွား(မိုင်တိုင်အမှတ် ၁၉၀.၈) မှာ လူ၁၄ ယောက်တင်လာတဲ့ အောက်လမ်းပွဲစားကားတစီးတိန်းမှောက်ပီး ကားအနောက်ခြမ်းတခုလုံးစုတ်ပြတ်ပီး တချို့ တံတားအောက်သို့လွင့်စင်သွားတယ် လက်ရှိမှာ ၃ ဦးပွဲချင်းပီးသေပီး အောက်သို့လွင့်သွားသူများ အသက်ရှင်ဖို့မသေချာ ကားသမားမှာပျောက်ဆုံးနေပီး ယောကျ်ားလေး ၁၁ယောက် မိန်းခလေး ၁ ဖြစ်ကာ အားလုံးချင်းလူမျိုးများဖြစ်တယ်လို့သိရပါတယ်…

လက်ရှိမှာ တော့ ခရီးသွား ကိုမင်းသန်းက ဓာတ်ပုံနဲ့သတင်းရယူထားပီး သံရုံး နဲ့ချိတ်ဆက်က ကပုန်းနာရေးအသင်းက အခင်းဖြစ်ရာနေရာသို့သွားနေပီဟုသိရပါတယ်….

သနားစရာ ကောင်းပါတယ် တချို့ဆို မြန်မာစကားတောင်မပြောတက်… မိဘတွေတော့ရင်ကွဲပီး စိတ်ပူနေရောပေါ့ ချင်းပွဲစားလို့တော့ပြောပီး နာမည်ကိုတောင်မပြောနိုင်ကြ သူတို့က ဖုန်းနံပါတ် လေးတော့ပေးရှာပါတယ်

မလေးရှားမှာ တို့မြန်မာတွေ ခေါတ်ပျက်ပီဆို တခုခုတော့ဖောက်ကြပြန်ပီ…အဲ့လိုကားကို ကားသမားအပါအဝင် ၁၄ ယောက်တင်ပီးမောင်းသတဲ့ လောဘသားကောင်တွေလုပ်ကြပေါ့

ကဲ..အချင်းချင်းသာ ဖုန်းဆက်ကြပေါ့….

ပွဲစားဖုန်းနံပါတ်က 017 5777 991 တဲ့…

မောင်မင်းကြီးသားကျန်းမာစွာဖြင့် ပြေးနိုင်ပါစေဗျာ…..

Photo..ကိုမင်းသန်း

ကိုထက်(ဆွေးနွေးတိုင်ပင်အဖြေရှာ)