နေအိမ်ထဲဝင်ပြီး အနုကြမ်းစီးကာ ငွေကြေးနဲ့ ရွှေထည်ယူဆောင်သွားသူကို ဖမ်းဆီးရမိ

  • Moe Marn
  • May 19, 2019
  • Comments Off on နေအိမ်ထဲဝင်ပြီး အနုကြမ်းစီးကာ ငွေကြေးနဲ့ ရွှေထည်ယူဆောင်သွားသူကို ဖမ်းဆီးရမိ

Zawgyicode

နေအိမ်ထဲဝင်ပြီး အနုကြမ်းစီးကာ ငွေကြေးနဲ့ ရွှေထည်ယူဆောင်သွားသူကို ဖမ်းဆီးရမိ


Credit Duwun

Unicode

နေအိမ်ထဲကိုဝင်ရောက်ပြီး အနုကြမ်းစီးကာ ငွေကြေးနဲ့ ရွေထည်တွေယူဆောင်သွားသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့နေအိမ်တစ်လုံးကို လူတစ်ယောက်ကဝင်ရောက်လာပြီါ် အိမ်ထဲမှာရှိနေတဲ့ ဒေါ်ခင်သန်းမြင့် ကို သိုင်းဖက်ကာ ပါးစပ်ပိတ်ပြီး မအော်ဖို့ပြောဆိုပြီး ငွေနဲ့ ရွှေထည်ပစ္စည်းတချို့ယူဆောင်သွားခဲ့ပါတယ်။အဲ့တာကြောင့် ဒေါ်ခင်သန်းမြင့်က အဲ့ဒီအမျိုးသားဟာ ငွေ ၁၀ သိန်းနဲ့ ၁၇ သိန်းတန် စိန်ခြယ်နားကပ်တစ်ရံကို ယူဆောင်သွားတာကြောင့် အရေးယူပေးဖို့ အမှတ်(၁)နယ်မြေရဲစခန်းကိုတိုင်တန်းခဲ့တာကြောင့် ရဲစခန်းကနေ (ပ)၂၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၈၆ နဲ့ အမှုဖွင့် စစ်ဆေးခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကသိရပါတယ်။

အဲ့ဒီနောက် ပစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာ အခင်းဖြစ်နေအိမ်ဘေးက CCTV မှတ်တမ်းတွေအရ ပြစ်မှုကျူးလွန်သူဟာ အဲ့ဒီအိမ်မျက်စောင်းထိုးက ရွှေကျီးမုန့်ကြွပ်စက်ရုံက အလုပ်သမားဖြစ်သူ ဝင်းစိုး(ခ)တင်မောင်စိုး(၃၄)နှစ် ဖြစ်ကြောင်းသိရှိပြီး ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ဒါကြောင့် သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ ဝင်းစိုး(ခ)တင်မောင်စိုးကို အမှုဖွင့် ဆက်လက်စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။
Credit Duwun