တရားရံုးမ်ားတြင္က်င္လည္ က်က္စားေနသည့္ အမႈပြဲစားမ်ား ၊ နယ္စားေရွ႕ေနမ်ား ကုိ တုိင္ၾကားႏုိင္ၿပီ

0
13

Zawgyicode

တရားရံုးမ်ားတြင္က်င္လည္ က်က္စားေနသည့္ အမႈပြဲစားမ်ား ၊ နယ္စားေရွ႕ေနမ်ား ကုိ တုိင္ၾကားႏုိင္ၿပီ

တရားရံုးမ်ားတြင္ က်င္လည္ က်က္စားေနသည့္ အမႈပြဲစားမ်ား၊ နယ္စားေရွ႕ေနမ်ား၏ မမွန္မကန္လုပ္ရပ္မ်ားအား ေဖာ္ထုတ္အေရး ယူနိုင္ေရးအတြက္ တရားရံုးမ်ားတြင္ လာေရာက္ တိုင္ၾကားနိုင္ေၾကာင္း ျပည္ေထာင္စု တရား လႊတ္ေတာ္ခ်ဳပ္ရံုးမွ သိရသည္။“တရားရံုးမ်ားမွာ အမႈပြဲစားမ်ား၊က်က္စားေလ့ရွိျခင္းေၾကာင့္ တရားစီရင္ေရး မ႑ိဳင္တိမ္းေစာင္းမႈမရွိေစရန္အလို႔ငွာ ယင္းတို႔၏ မမွန္မကန္လုပ္ရပ္မ်ားကို ေဖာ္ထုတ္အေရးယူရန္ လိုအပ္လ်က္ရွိ ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ တရားရံုးသို႔ ဆက္ႏြယ္ေရာက္ရွိ လာၾကသူကလည္း အမႈပြဲစားေရွ႕ေနဆိုသူမ်ားနွင့္စပ္လ်ဥ္း၍တရားရံုးသို႔ ေဖာ္ထုတ္တိုင္ၾကား နိုင္ပါ တယ္”ဟု ျပည္ေထာင္စုတရားလႊတ္ေတာ္ ခ်ဳပ္ရံုးမွ တရားသူႀကီးဦးစိုးနိုင္ကေျပာသည္။

ယေန႔ က်င္းပျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းတြင္ ေကာ့ေသာင္းမဲဆႏၵနယ္မွ ကိုယ္စားလွယ္ ဦးခင္ေဇာ္မွ တရားရံုးမ်ားတြင္ အမႈပြဲစားမ်ားပေပ်ာက္ေရးကို မည္ကဲ့သို႔ စီမံေဆာင္ရြက္ေနျခင္းကို သိလိုျခင္း ေမးျမန္းမႈအေပၚ တရားသူႀကီးမွ အထက္ပါအတိုင္းျပန္ လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။ထို႔ျပင္ တရားရံုးသို႔ တိုင္ၾကားထားသူအား တရားရံုးမွ လက္ခံေက်နပ္ဖြယ္ရာ သက္ေသထင္ရွားေၾကာင္း စံုစမ္းေတြ႔ရွိပါက ၎ ၏ အမည္အား အမႈပြဲစားအမည္စာရင္းထည့္သြင္းျခင္းနွင့္ ထုတ္ျပန္ေၾကညာ သြားမည္ျဖစ္ေၾကာင္း ဦးစိုးနိုင္က ေျပာသည္။

တရားရံုးမ်ားတြင္ က်င္လည္ က်က္စားေနသည့္ အမႈပြဲစားမ်ား၊ နယ္စားေရွ႕ေနကိစၥမ်ားအား ေဖာ္ထုတ္အေရးယူနိုင္ရန္ အတြက္လည္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွ ညႊန္ၾကားခ်က္မ်ား ၊ေၾကညာခ်က္မ်ားက ထုတ္ျပန္ထားေၾကာင္း သိရသည္။ယင္းေၾကညာခ်က္မ်ားအရ မမွန္မကန္လုပ္ေဆာင္မႈ မ်ိဳးေဖာ္ထုတ္ေတြ႔ရွိပါက ထိုသူအား တရားသူႀကီးမ်ားမွ ထိေရာက္စြာ အေရးယူေပးရန္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွ ညႊန္ၾကားထားေၾကာင္း သိရသည္။ထို႔အတူ အမႈပြဲစားမ်ား၏မမွန္မကန္ လုပ္ေဆာင္မႈမ်ားတြင္ တရားသူႀကီးမ်ားနွင့္ တရားရံုး၀န္ထမ္းမ်ား ပူးေပါင္းပါ၀င္မႈ၊ အားေပးကူညီမႈ လံုး၀ မရွိေစေရးအတြက္လည္း ညႊန္ၾကားထားေၾကာင္း သိရသည္။

အမႈပြဲစားအျဖစ္ေဆာင္ရြြက္ေနသူမ်ားသည္ တရားရံုးမ်ားတြင္ တရားရံုးအသီးသီးသို႔ တရားစြဲတင္ပို႔လာသည့္ ရာဇ၀တ္ေၾကာင္း ဆိုင္ရာ အမႈမ်ား၊ တရားမေၾကာင္းအရဆြဲဆိုထားသည့္ အမႈမ်ားတြင္ အစ မွ အဆံုးထိ အဆင္ေျပစြာ ေဆာင္ရြက္ေပးေရး၊ အမႈအနို္င္ရရွိေရး မ်ားအတြက္ တရားသူႀကီးမ်ားနွင့္ နီးစပ္မႈရယူကာ ပြဲစားအျဖစ္ ေဆာင္ရြက္ေနသည့္ အမႈမ်ားအား ဦးစားေပးေဆာင္ရြက္ေစျခင္း ၊ မမွန္မကန္တိုင္ၾကားေစျခင္း နည္းလမ္းမ်ားသံုး၍ ေဆာင္ရြက္ေနေၾကာင္း ဦးစိုးနိုင္က ေျပာသည္။
Credit – Power of Jurisprudence

Unicode

တရားရုံးများတွင် ကျင်လည် ကျက်စားနေသည့် အမှုပွဲစားများ၊ နယ်စားရှေ့နေများ၏ မမှန်မကန်လုပ်ရပ်များအား ဖော်ထုတ်အရေး ယူနိုင်ရေးအတွက် တရားရုံးများတွင် လာရောက် တိုင်ကြားနိုင်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှ သိရသည်။“တရားရုံးများမှာ အမှုပွဲစားများ၊ကျက်စားလေ့ရှိခြင်းကြောင့် တရားစီရင်ရေး မဏ္႑ိုင်တိမ်းစောင်းမှုမရှိစေရန်အလို့ငှာ ယင်းတို့၏ မမှန်မကန်လုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်လျက်ရှိ ပါတယ်။ အကြောင်းအမျိုးမျိုးဖြင့် တရားရုံးသို့ ဆက်နွယ်ရောက်ရှိ လာကြသူကလည်း အမှုပွဲစားရှေ့နေဆိုသူများနှင့်စပ်လျဉ်း၍တရားရုံးသို့ ဖော်ထုတ်တိုင်ကြား နိုင်ပါ တယ်”ဟု ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးမှ တရားသူကြီးဦးစိုးနိုင်ကပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအေ၀းတွင် ကော့သောင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးခင်ဇော်မှ တရားရုံးများတွင် အမှုပွဲစားများပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေခြင်းကို သိလိုခြင်း မေးမြန်းမှုအပေါ် တရားသူကြီးမှ အထက်ပါအတိုင်းပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ထို့ပြင် တရားရုံးသို့ တိုင်ကြားထားသူအား တရားရုံးမှ လက်ခံကျေနပ်ဖွယ်ရာ သက်သေထင်ရှားကြောင်း စုံစမ်းတွေ့ရှိပါက ၎င်း ၏ အမည်အား အမှုပွဲစားအမည်စာရင်းထည့်သွင်းခြင်းနှင့် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။

တရားရုံးများတွင် ကျင်လည် ကျက်စားနေသည့် အမှုပွဲစားများ၊ နယ်စားရှေ့နေကိစ္စများအား ဖော်ထုတ်အရေးယူနိုင်ရန် အတွက်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားချက်များ ၊ကြေညာချက်များက ထုတ်ပြန်ထားကြောင်း သိရသည်။ယင်းကြေညာချက်များအရ မမှန်မကန်လုပ်ဆောင်မှု မျိုးဖော်ထုတ်တွေ့ရှိပါက ထိုသူအား တရားသူကြီးများမှ ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားထားကြောင်း သိရသည်။ထို့အတူ အမှုပွဲစားများ၏မမှန်မကန် လုပ်ဆောင်မှုများတွင် တရားသူကြီးများနှင့် တရားရုံး၀န်ထမ်းများ ပူးပေါင်းပါ၀င်မှု၊ အားပေးကူညီမှု လုံး၀ မရှိစေရေးအတွက်လည်း ညွှန်ကြားထားကြောင်း သိရသည်။

အမှုပွဲစားအဖြစ်ဆောင်ရွွက်နေသူများသည် တရားရုံးများတွင် တရားရုံးအသီးသီးသို့ တရားစွဲတင်ပို့လာသည့် ရာဇ၀တ်ကြောင်း ဆိုင်ရာ အမှုများ၊ တရားမကြောင်းအရဆွဲဆိုထားသည့် အမှုများတွင် အစ မှ အဆုံးထိ အဆင်ပြေစွာ ဆောင်ရွက်ပေးရေး၊ အမှုအနို်င်ရရှိရေး များအတွက် တရားသူကြီးများနှင့် နီးစပ်မှုရယူကာ ပွဲစားအဖြစ် ဆောင်ရွက်နေသည့် အမှုများအား ဦးစားပေးဆောင်ရွက်စေခြင်း ၊ မမှန်မကန်တိုင်ကြားစေခြင်း နည်းလမ်းများသုံး၍ ဆောင်ရွက်နေကြောင်း ဦးစိုးနိုင်က ပြောသည်။
Credit – Power of Jurisprudence