ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကိုဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၌ လုပ်ဆောင်မည်

0
8

Zawgyicode

ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကိုဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၌ လုပ်ဆောင်မည်

ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများ အား ငွေကြေးထောက်ပံ့ခြင်းကို လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်၌ လုပ်ဆောင်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။“ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကို၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်မှာ လုပ်ဆောင်ခဲ့တယ်။ ယခု ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ လုပ်ဆောင်ခဲ့ပြီး လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော ကြားသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး အသက်ရှစ်နှစ်အထိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း နှင့် ကလေးသူငယ်ပြုစုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး နှစ်နှစ်အထိ လူသားဘဝအစ ရက်ပေါင်း ၁၀၀၀ ကာလတွင် ဦးနှောက်ဖွံ့ ဖြိုးမှု အမြင့်မားဆုံးကာလဖြစ်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသော ကလေး အသက်နှစ်နှစ်အထိ အာဟာရ ပညာပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းကို မိခင်တစ်ဦးလျှင် တစ်လကျပ် ၁၅၀၀၀ နှုန်း ဖြင့်၂၀၁၇ -၂၀၁၈ ခုနှစ်တွင် ချင်း၊ ရခိုင်နှင့် နာဂတို့တွင် စတင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Credit ElevenMedia

Unicode

ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများ အား ငွေကြေးထောက်ပံ့ခြင်းကို လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္႑ာနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်၌ လုပ်ဆောင်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။“ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကို၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္႑ာနှစ်တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်မှာ လုပ်ဆောင်ခဲ့တယ်။ ယခု ၂၀၁၈ -၂၀၁၉ ဘဏ္႑ာနှစ်မှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ လုပ်ဆောင်ခဲ့ပြီး လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္႑ာနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော ကြားသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး အသက်ရှစ်နှစ်အထိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း နှင့် ကလေးသူငယ်ပြုစုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး နှစ်နှစ်အထိ လူသားဘဝအစ ရက်ပေါင်း ၁၀၀၀ ကာလတွင် ဦးနှောက်ဖွံ့ ဖြိုးမှု အမြင့်မားဆုံးကာလဖြစ်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသော ကလေး အသက်နှစ်နှစ်အထိ အာဟာရ ပညာပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းကို မိခင်တစ်ဦးလျှင် တစ်လကျပ် ၁၅၀၀၀ နှုန်း ဖြင့်၂၀၁၇ -၂၀၁၈ ခုနှစ်တွင် ချင်း၊ ရခိုင်နှင့် နာဂတို့တွင် စတင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္႑ာ နှစ်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို အစိုးရ ရန်ပုံငွေမှ ကျပ် ၁၇ ဒသမ ၈၃၂ ဘီလျံနှင့် နိုင်ငံတကာ ရန်ပုံငွေမှကျပ် ၅ ဒသမ ၅၉၂ ဘီလျံထောက်ပံ့ခဲ့ကြောင်း၊ အသက်ခြောက်လမှ သုံးနှစ်အထိ နေ့ကလေးထိန်းအရွယ်နှင့် မူကြိုကျောင်း မရှိသော ဒေသများရှိ သုံးနှစ်မှငါးနှစ်အထိ ကလေးများအတွက် နည်းစနစ်မှန်စွာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းကို ဆောင်ရွက်နိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မိခင်ဝိုင်း ၆၅၀ အထိ တိုးချဲ့ဖွင့်လှစ် ခဲ့ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လွှမ်းခြုံ မှု ပိုမိုမြင့်မားလာရန်နှင့် ဘဝတစ်သက်တာ အခြေခံအလေ့အကျင့်ကောင်းများရရှိရန် မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်းတွင် ရပ်ရွာအခြေပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို အစိုးရ၏အ သိအမှတ်ပြုပံ့ပိုးကူညီမှုဖြင့် ၁၀၂၅ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံရှိ ကလေးသူငယ် ၁ ဒသမ ၆ သန်း (ကလေး ၁၀ ဦးတွင် သုံးဦး)မှာ မွေးစာရင်းမှတ်ပုံတင်မရှိဘဲ နေထိုင်လျက်ရှိပြီး ယင်းကလေးငယ်များမှာ ရွှေ့ပြောင်းလုပ်သား မိသားစုများမှ ကလေးသူငယ်များနှင့် မိဘ နှင့် အတူမနေရသည့် ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။
Credit ElevenMedia