ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသမ်ား မိုး႐ြာမည္

0
17

Zawgyicode

ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသမ်ား မိုး႐ြာမည္

အေနာက္ေတာင္မုတ္သုံ စတင္ဝင္ေရာက္လာႏိုင္သည့္အတြက္ ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသမ်ားတြင္ ေမလ ၂၁ ရက္ေန႔မွ စတင္၍ မိုးရရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး ဦးေက်ာ္လြင္ဦးက ေျပာၾကားသည္။ေမလ ၂၁ ရက္ေန႔ေလာက္ကစၿပီး ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသအခ်ိဳ႕အပါအဝင္ ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသေတြမွာ ေန႔စဥ္ မိုးေရခ်ိန္ သုည ဒသမ ၂၀ လက္မ ႐ြာဖို႔ ရာခိုင္ႏႈန္းမ်ားလာတာေတြ႔ရတယ္”ဟု ၎က ေျပာဆိုသည္။မိုးႀကိဳကာလမွ မိုးဦးကာလသို႔ ေရာက္ရွိလာေတာ့မည္ျဖစ္သည့္အတြက္ မုတ္သုံေလဝင္ေရာက္စဥ္ကာလအတြင္း မိုးသက္ေလျပင္းတိုက္ခတ္ျခင္း၊ မိုးႀကိဳးပစ္ျခင္းႏွင့္ မိုးတိမ္ေတာင္မ်ားေၾကာင့္ ပင္လယ္ျပင္ႏွင့္ ေလေၾကာင္းမိုးေလဝသ အေျခအေနမ်ားဆိုး႐ြားတတ္သျဖင့္ ႀကိဳတင္သတိျပဳရန္လိုအပ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတိေပးထားသည္။

ေမလ ၂၁ ရက္ေန႔၌ ရန္ကုန္တိုင္းအပါအဝင္ ဧရာဝတီတိုင္းႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ ေနရာအႏွံ႔မိုး႐ြာသြန္းႏိုင္ၿပီး တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္လည္း မိုး႐ြာႏိုင္ဖြယ္ရွိေနသည့္အတြက္ ဆားလုပ္ငန္းအပါအဝင္ ေရထိမခံႏိုင္သည့္လုပ္ငန္းလုပ္ကိုင္သူမ်ားအေနျဖင့္သတိျပဳျပင္ဆင္ရန္လိုအပ္ေၾကာင္း မိုးေလဝသ ပညာရွင္မ်ားကလည္း သတိေပး ေျပာၾကားထားသည္။

Unicode

မြန်မာနိုင်ငံအောက်ပိုင်းဒေသများ မိုးရွာမည်
19-May-2019

ဓာတ်ပုံ- မိုး/ဇလ

ရန်ကုန်၊ မေ ၁၉

အနောက်တောင်မုတ်သုံ စတင်ဝင်ရောက်လာနိုင်သည့်အတွက် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မေလ ၂၁ ရက်နေ့မှ စတင်၍ မိုးရရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“မေလ ၂၁ ရက်နေ့လောက်ကစပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ နေ့စဉ် မိုးရေချိန် သုည ဒသမ ၂၀ လက်မ ရွာဖို့ ရာခိုင်နှုန်းများလာတာတွေ့ရတယ်”ဟု ၎င်းက ပြောဆိုသည်။

မိုးကြိုကာလမှ မိုးဦးကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မုတ်သုံလေဝင်ရောက်စဉ်ကာလအတွင်း မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးတိမ်တောင်များကြောင့် ပင်လယ်ပြင်နှင့် လေကြောင်းမိုးလေဝသ အခြေအနေများဆိုးရွားတတ်သဖြင့် ကြိုတင်သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

မေလ ၂၁ ရက်နေ့၌ ရန်ကုန်တိုင်းအပါအဝင် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာအနှံ့မိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း မိုးရွာနိုင်ဖွယ်ရှိနေသည့်အတွက် ဆားလုပ်ငန်းအပါအဝင် ရေထိမခံနိုင်သည့်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်သတိပြုပြင်ဆင်ရန်လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်များကလည်း သတိပေး ပြောကြားထားသည်။