ေမလ ေနာက္ဆုံးပတ္အတြင္း ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္း ျဖစ္ေပၚနိုင္

0
22

Zawgyicode

ေမလ ေနာက္ဆုံးပတ္အတြင္း ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္း ျဖစ္ေပၚနိုင္

ယခုလ ေနာက္ဆုံးပတ္အတြင္း ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္း ျဖစ္ေပၚနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန၏ ေမလ တတိယ ၁၀ ရက္ပတ္ ခန႔္မွန္းခ်က္တြင္ ေဖာ္ျပထားသည္။“မုတ္သုံအဝင္မွာ ေလဖိအားနည္းရပ္ဝန္းက ျဖစ္ေလ့ျဖစ္ထရွိတယ္။ မုန္တိုင္းျဖစ္နိုင္တာကိုေတာ့ မေတြ႕ရဘူး။ ဒါေပမဲ့ ေစာင့္ေတာ့ၾကည့္ရမယ္။ လက္ရွိကေတာ့ ေလဖိအားနည္းရပ္ဝန္း ျဖစ္နိုင္တယ္လို႔ေတာ့ ေပးထားတယ္။ မုတ္သုံကေတာ့ ေလာေလာဆယ္ ေတြ႕ရတဲ့ အေနအထားက ေမ ၂၁ ရက္ နဲ႕ ၂၃ ရက္မွာ ေတာင္ပိုင္းေဒသကို ဝင္ဖို႔မ်ားတယ္။ ျမစ္ဝကြၽန္းေပၚကိုလည္း ခန႔္မွန္းထားတဲ့အတိုင္း ဝင္လိမ့္မယ္” ဟု မိုးေလဝသႏွင့္ ဇလေဗဒ ၫြန္ၾကားမႈ ဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာၾကားသည္။

ခန႔္မွန္းခ်က္တြင္ အေနာက္ေတာင္ မုတ္သုံေလသည္ ေမ ၂၁ ရက္မွ ၂၃ ရက္အတြင္း ျမန္မာနိုင္ငံ ေတာင္ပိုင္းေဒသမ်ားသို႔ လည္းေကာင္း၊ ေမ ၂၄ ရက္မွ ၂၈ ရက္ အတြင္း ျမစ္ဝကြၽန္းေပၚ ေဒသမ်ားသို႔ လည္းေကာင္း၊ ေမ ၂၉ ရက္မွ ဇြန္ ၃ ရက္အတြင္း ျမန္မာနိုင္ငံ အလယ္ပိုင္း ေဒသမ်ားသို႔ လည္းေကာင္း ဝင္ေရာက္နိုင္ေၾကာင္း၊ ယင္းကာလအတြင္း အေနာက္ေတာင္ မုတ္သုံေလသည္ အားအသင့္အတင့္ ရွိနိုင္ေၾကာင္း၊ ဘဂၤလား ပင္လယ္ေအာ္ ေတာင္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္း တစ္ႀကိမ္ျဖစ္ေပၚနိုင္ၿပီး ကပၸလီ ပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္နိုင္ၿပီး က်န္ဘဂၤလား ပင္လယ္ေအာ္တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းနိုင္ေၾကာင္း ေဖာ္ျပထားသည္။

မိုး႐ြာသြန္းမႈ အေျခအေနျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ တနသၤာရီတိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲထက္ ပိုနိုင္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ မႏၱေလးတိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန႔္ ႐ြာနိုင္ေၾကာင္း ခန႔္မွန္းခ်က္တြင္ ေဖာ္ျပထားသည္။ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေျခာက္ရက္မွ ရွစ္ရက္ခန႔္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ မႏၱေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ သုံးရက္မွ ငါးရက္ခန႔္ မိုးထစ္ခ်ဳန္း ႐ြာနိုင္ေၾကာင္း ခန႔္မွန္းခ်က္တြင္ ေဖာ္ျပထားသည္။

ေန႕အပူခ်ိန္မ်ား အေနျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ မႏၱေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔တြင္ ေမလပုံမွန္ အပူခ်ိန္၏ ၁ ဒသမ ၅ ဒီဂရီစင္တီဂရိတ္ႏွင့္ အထက္ ပိုနိုင္ၿပီးစစ္ကိုင္းတိုင္း ေဒသႀကီး အထက္ပိုင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေမလ၏ ပုံမွန္အပူခ်ိန္ခန႔္သာ ရွိနိုင္ေၾကာင္း ခန႔္မွန္းခ်က္တြင္ ေဖာ္ျပထားသည္။
Credit ElevenMedia

Unicode

ယခုလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ မေလ တတိယ ၁၀ ရက်ပတ် ခန့်မှန်းချက်တွင် ဖော်ပြထားသည်။“မုတ်သုံအဝင်မှာ လေဖိအားနည်းရပ်ဝန်းက ဖြစ်လေ့ဖြစ်ထရှိတယ်။ မုန်တိုင်းဖြစ်နိုင်တာကိုတော့ မတွေ့ရဘူး။ ဒါပေမဲ့ စောင့်တော့ကြည့်ရမယ်။ လက်ရှိကတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တယ်လို့တော့ ပေးထားတယ်။ မုတ်သုံကတော့ လောလောဆယ် တွေ့ရတဲ့ အနေအထားက မေ ၂၁ ရက် နဲ့ ၂၃ ရက်မှာ တောင်ပိုင်းဒေသကို ဝင်ဖို့များတယ်။ မြစ်ဝကျွန်းပေါ်ကိုလည်း ခန့်မှန်းထားတဲ့အတိုင်း ဝင်လိမ့်မယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

ခန့်မှန်းချက်တွင် အနောက်တောင် မုတ်သုံလေသည် မေ ၂၁ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ လည်းကောင်း၊ မေ ၂၄ ရက်မှ ၂၈ ရက် အတွင်း မြစ်ဝကျွန်းပေါ် ဒေသများသို့ လည်းကောင်း၊ မေ ၂၉ ရက်မှ ဇွန် ၃ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ လည်းကောင်း ဝင်ရောက်နိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်း၊ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းမှု အခြေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ခြောက်ရက်မှ ရှစ်ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

နေ့အပူချိန်များ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မေလပုံမှန် အပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် အထက် ပိုနိုင်ပြီးစစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
Credit ElevenMedia