ျမန္မာကို ကမာၻက သိေအာင္ Youtube ကေန ထိုးေဖာက္ခ်င္တဲ႔ ဟန္တီ

0
15

ခ်စ္စရာေကာင္းတဲ့ အမူအရာ သြက္သြက္လက္လက္ စကားေျပာဟန္ေတြေၾကာင့္ ပရိသတ္ေတြ ဝန္းရံမႈကို ရရွိထားတဲ့ အလွမယ္ ဟန္တီကေတာ့ သူ႔အေနနဲ႔ ျမန္မာကို ကမာၻက သိေအာင္ Youtube ကေန ထိုးေဖာက္ခ်င္တယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။ သူ႔အေနနဲ႔ကေတာ့ ျမန္မာေတြ ဘာလုပ္ျပႏိုင္လဲဆိုတာကို ျပသခ်င္တဲ့အတြက္ သူကိုယ္တိုင္ Youtube Blog လုပ္မယ္လို႔ စိတ္ကူးထားေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ဟန္တီကေတာ့ Youtube လုပ္ဖို႔ရွိတာနဲ႔ ပတ္သက္ျပီး “ဟန္တီအခုခ်ိန္မွာ ခရီးသြားရမွာေတြ မ်ားေနပါတယ္။ ျပီးေတာ့ ေက်ာင္းျပန္တက္ရမွာလည္း ျဖစ္တာေၾကာင့္ ပရိသတ္ေတြနဲ႔ ဆက္စပ္မႈ တခုလိုခ်င္တယ္။ ဟန္တီအမ်ားၾကီး စဥ္းစားထားပါတယ္။ ဟန္တီက ဟန္တီ Life Style ကို ခ်ျပခ်င္တယ္။ သူငယ္ခ်င္းေတြနဲ႔ Life Style ကို ခ်ျပခ်င္တယ္။ အႏုပညာထက္စာရင္ ပိုျပီး သဘာဝဆန္တဲ့ လူေတြ မျမင္ႏိုင္တ့ဲအရာေတြကို ခ်ျပခ်င္တယ္။ အေတြ႔အၾကံဳေလးေတြေပါ့။ Youtube ကေန တဆင့္ လူေတြ စိတ္ဝင္စားမယ့္ အရာေတြကို ခ်ျပခ်င္ပါတယ္။ ေနာက္ေတာ့ ဟန္တီစဥ္းစားလိုက္တယ္။ ဗီဒီယိုေလးေတြ ခ်ျပမယ္ေပါ့။ ဘာလို႔လဲဆိုေတာ့ Youtube က International Fan ေတြမ်ားတယ္။ အဂၤလိ္ပ္လိုေရာ ျမန္မာလိုေရာ တင္ဖို႔ရွိတယ္။ အဂၤလိပ္ကိုေတာ့ အဓိက ထားျပီး တင္ဖို႔ ရွိပါတယ္”

ခရီးထြက္ဖု႔ိကေရာ ဘယ္ေနရာေတြကို သြားျဖစ္မွာလဲဆိုတဲ့ အေပၚမွာ “ဟန္တီ ခရီးေတြေတာ့ သြားဖို႔ရွိပါတယ္။ ဒါေပမယ့္အခုေလာေလာဆယ္ေတာ့ ဟန္တီ Europe Visa ေလွ်ာက္ထားတယ္။ အဲ့ကိုေတာ့ အရင္သြားမယ္။ ဟန္တီေက်ာင္းမဖြင့္ခင္ တလေလး အားေနတာနဲ႔ Europe ကိုသြားဖို႔ ရွိပါတယ္။ Visa ရတာနဲ႔ သြားမွာပါ။ ျပီးရင္ ဘန္ေကာက္မွာ ဟန္တီေက်ာင္းလာျပန္တက္မွာ ျဖစ္ပါတယ္။ ျပီးရင္ေတာ့ ခရီးေတြ ဆက္တိုက္သြားျဖစ္မွာပါ”

ဇာတ္ကားရိုက္ဖို႔ ကမ္းလွမ္းထားတာေတြေရာ ရွိလား ဆိုတဲ့အေပၚမွာ“သူတို႔ကမ္းလွမ္းထားတာေတြေတာ့ ရွိတယ္။ သူတို႔ကလည္း ဟန္တီကို ရိုက္ေစခ်င္တယ္။ ဒါေပမယ့္လည္း ဟန္တီအေနန႔ဲ မရိုက္ႏိုင္ေသးဘူး။ အဲ့အတြက္အခ်ိန္မေပးႏုိင္ေသးဘူး။ ဇာတ္လမ္းတြဲေတြရိုက္ဖိ႔ု ေျပာတာဆိုေတာ့ အဲ့ဒါက အခ်ိန္အမ်ားၾကီးေပးရပါတယ္။ ဟန္တီအေနနဲ႔ အဲ့ဒါကို ရိုက္ဖို႔ ေက်ာင္းကို ရပ္လိုက္ရင္လည္း အဆင္မေျပႏိုင္ဘူး။ ဟန္တီကလည္း ဘြဲ႔အရမ္းရခ်င္ပါတယ္။ ဟန္တီေက်ာင္းတတ္ရတာလည္း ေပ်ာ္တယ္။ ေက်ာင္းျပီးမွပဲ ဒီအႏုပညာလုပ္ငန္းေတြကို ေသခ်ာလုပ္သြားေတာ့မယ္”

credit : momolay

Unciode ျဖင့္ဖတ္ရန္

ချစ်စရာကောင်းတဲ့ အမူအရာ သွက်သွက်လက်လက် စကားပြောဟန်တွေကြောင့် ပရိသတ်တွေ ဝန်းရံမှုကို ရရှိထားတဲ့ အလှမယ် ဟန်တီကတော့ သူ့အနေနဲ့ မြန်မာကို ကမ္ဘာက သိအောင် Youtube ကနေ ထိုးဖောက်ချင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ သူ့အနေနဲ့ကတော့ မြန်မာတွေ ဘာလုပ်ပြနိုင်လဲဆိုတာကို ပြသချင်တဲ့အတွက် သူကိုယ်တိုင် Youtube Blog လုပ်မယ်လို့ စိတ်ကူးထားကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဟန်တီကတော့ Youtube လုပ်ဖို့ရှိတာနဲ့ ပတ်သက်ပြီး “ဟန်တီအခုချိန်မှာ ခရီးသွားရမှာတွေ များနေပါတယ်။ ပြီးတော့ ကျောင်းပြန်တက်ရမှာလည်း ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ ဆက်စပ်မှု တခုလိုချင်တယ်။ ဟန်တီအများကြီး စဉ်းစားထားပါတယ်။ ဟန်တီက ဟန်တီ Life Style ကို ချပြချင်တယ်။ သူငယ်ချင်းတွေနဲ့ Life Style ကို ချပြချင်တယ်။ အနုပညာထက်စာရင် ပိုပြီး သဘာဝဆန်တဲ့ လူတွေ မမြင်နိုင်တဲ့အရာတွေကို ချပြချင်တယ်။ အတွေ့အကြုံလေးတွေပေါ့။ Youtube ကနေ တဆင့် လူတွေ စိတ်ဝင်စားမယ့် အရာတွေကို ချပြချင်ပါတယ်။ နောက်တော့ ဟန်တီစဉ်းစားလိုက်တယ်။ ဗီဒီယိုလေးတွေ ချပြမယ်ပေါ့။ ဘာလို့လဲဆိုတော့ Youtube က International Fan တွေများတယ်။ အင်္ဂလိပ်လိုရော မြန်မာလိုရော တင်ဖို့ရှိတယ်။ အင်္ဂလိပ်ကိုတော့ အဓိက ထားပြီး တင်ဖို့ ရှိပါတယ်”

ခရီးထွက်ဖု့ိကရော ဘယ်နေရာတွေကို သွားဖြစ်မှာလဲဆိုတဲ့ အပေါ်မှာ “ဟန်တီ ခရီးတွေတော့ သွားဖို့ရှိပါတယ်။ ဒါပေမယ့်အခုလောလောဆယ်တော့ ဟန်တီ Europe Visa လျှောက်ထားတယ်။ အဲ့ကိုတော့ အရင်သွားမယ်။ ဟန်တီကျောင်းမဖွင့်ခင် တလလေး အားနေတာနဲ့ Europe ကိုသွားဖို့ ရှိပါတယ်။ Visa ရတာနဲ့ သွားမှာပါ။ ပြီးရင် ဘန်ကောက်မှာ ဟန်တီကျောင်းလာပြန်တက်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခရီးတွေ ဆက်တိုက်သွားဖြစ်မှာပါ”

ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာတွေရော ရှိလား ဆိုတဲ့အပေါ်မှာ“သူတို့ကမ်းလှမ်းထားတာတွေတော့ ရှိတယ်။ သူတို့ကလည်း ဟန်တီကို ရိုက်စေချင်တယ်။ ဒါပေမယ့်လည်း ဟန်တီအနေနဲ့ မရိုက်နိုင်သေးဘူး။ အဲ့အတွက်အချိန်မပေးနိုင်သေးဘူး။ ဇာတ်လမ်းတွဲတွေရိုက်ဖိ့ု ပြောတာဆိုတော့ အဲ့ဒါက အချိန်အများကြီးပေးရပါတယ်။ ဟန်တီအနေနဲ့ အဲ့ဒါကို ရိုက်ဖို့ ကျောင်းကို ရပ်လိုက်ရင်လည်း အဆင်မပြေနိုင်ဘူး။ ဟန်တီကလည်း ဘွဲ့အရမ်းရချင်ပါတယ်။ ဟန်တီကျောင်းတတ်ရတာလည်း ပျော်တယ်။ ကျောင်းပြီးမှပဲ ဒီအနုပညာလုပ်ငန်းတွေကို သေချာလုပ်သွားတော့မယ်”