ကားထဲမွာ ပိတ္မိေနတဲ့ သမီးေလးရဲ႕အသက္ကို ကယ္တင္လိုက္တဲ့ ေထာင္သားမ်ား ႐ုပ္သံ

  • Aung Aung Bo
  • May 15, 2019
  • Comments Off on ကားထဲမွာ ပိတ္မိေနတဲ့ သမီးေလးရဲ႕အသက္ကို ကယ္တင္လိုက္တဲ့ ေထာင္သားမ်ား ႐ုပ္သံ

အမႈအတြက္ တရားရင္ဆုိင္ၿပီး ဖေလာ္ရီဒါတရား႐ုံးကေန ထြက္ခြာလာတဲ့ အက်ဥ္းသားတစ္စုဟာ ကားထဲမ်ာ ပိတ္မိေနတဲ့ ကေလးမေလးရဲ႕အသက္ကို ဝုိင္းဝန္းကယ္တင္ခဲ့ၾကေၾကာင္း သိရပါတယ္။ ကေလးမေလးရဲ႕ဖခင္ျဖစ္သူဟာ ကားေသာ့ကို မယူဘဲ မွားယြင္းၿပီး ေလာ့ခ်ခဲ့မိလုိ႔ပါ။

ကားဟာ အလုံပိတ္ေနတာေၾကာင့္ အတြင္းထဲမွာက်န္ခဲ့တဲ့ ကေလးမေလးဟာ အသက္အႏၱရာယ္ စုိးရိမ္ရသည္အထိ ျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ ဒီအျဖစ္အပ်က္ကို ျမင္လုိက္တဲ့ အက်ဥ္းသား(၅)ဦးဟာ သံနဲ႔လုပ္ထားတဲ့ အက်ႌခ်ိတ္ကို အသုံးျပဳၿပီး ကားတံခါးကို ဖြင့္ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။

ဖခင္ျဖစ္သူကေတာ့ ဘာမွ မလုပ္တတ္ဘဲ ကားေဘးမွာ စုိးရိမ္စြာ ၾကည့္ေနခဲ့ပါတယ္။ မၾကာမီမွာ ကားတံခါး ဖြင့္လုိ႔ရသြားလုိ႔သာ ကေလးမေလးအတြက္ အသက္႐ွဴေခ်ာင္သြားခဲ့တာပါ။ ကေလးမေလးဟာ အသက္ တစ္ႏွစ္သာ ရွိေသးၿပီး၊ သူမကုိ ကယ္ဆယ္သူေတြထဲမွာ ရဲတပ္ဖြဲ႕ဝင္ေတြလည္း ပါဝင္ခဲ့ပါတယ္။

Pasco County Sheriff’s Office ရဲ႕ ထုတ္ျပန္ခ်က္အရ အက်ဥ္းသားေတြရဲ႕လုပ္ရပ္ဟာ ဂုဏ္ယူစရာျဖစ္ေစခဲ့ေၾကာင္း ေဖာ္ျပထားၿပီး၊ ကူညီခဲ့တဲ့ ရဲသားေတြကုိလည္း ေက်းဇူးတင္တယ္လုိ႔ ေျပာပါတယ္။ ဗြီဒီယုိကုိေတာ့ ကေလးမရဲ႕မိခင္ Shadow Lantry က မွတ္တမ္းရယူခဲ့တာပါ။

သူမတုိ႔ ဇနီးေမာင္ႏွံကလည္း ကူညီေပးခဲ့တဲ့ အက်ဥ္းသား(၅)ဦးကိုေရာ၊ ရဲတပ္ဖြဲ႕ကိုပါ ေက်းဇူးအထူးတင္မိေၾကာင္း ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။ သမီးေလးမွာ တစ္ျခား စုိးရိမ္စရာလည္း မေတြ႕ခဲ့ရဘူးလုိ႔ သိရပါတယ္။ အက်ဥ္းသားေတြကေတာ့ အခ်ဳပ္ကားနဲ႔ အက်ဥ္းေထာင္ဆီကို ျပန္သြားခဲ့ပါတယ္။

Video ၾကည့္ရန္

Credit –

Unicode ျဖင့္ဖတ္ရန္

အမှုအတွက် တရားရင်ဆိုင်ပြီး ဖလော်ရီဒါတရားရုံးကနေ ထွက်ခွာလာတဲ့ အကျဉ်းသားတစ်စုဟာ ကားထဲမျာ ပိတ်မိနေတဲ့ ကလေးမလေးရဲ့အသက်ကို ဝိုင်းဝန်းကယ်တင်ခဲ့ကြကြောင်း သိရပါတယ်။ ကလေးမလေးရဲ့ဖခင်ဖြစ်သူဟာ ကားသော့ကို မယူဘဲ မှားယွင်းပြီး လော့ချခဲ့မိလို့ပါ။

ကားဟာ အလုံပိတ်နေတာကြောင့် အတွင်းထဲမှာကျန်ခဲ့တဲ့ ကလေးမလေးဟာ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်ကို မြင်လိုက်တဲ့ အကျဉ်းသား(၅)ဦးဟာ သံနဲ့လုပ်ထားတဲ့ အကျႌချိတ်ကို အသုံးပြုပြီး ကားတံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။

ဖခင်ဖြစ်သူကတော့ ဘာမှ မလုပ်တတ်ဘဲ ကားဘေးမှာ စိုးရိမ်စွာ ကြည့်နေခဲ့ပါတယ်။ မကြာမီမှာ ကားတံခါး ဖွင့်လို့ရသွားလို့သာ ကလေးမလေးအတွက် အသက်ရှူချောင်သွားခဲ့တာပါ။ ကလေးမလေးဟာ အသက် တစ်နှစ်သာ ရှိသေးပြီး၊ သူမကို ကယ်ဆယ်သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

Pasco County Sheriff’s Office ရဲ့ ထုတ်ပြန်ချက်အရ အကျဉ်းသားတွေရဲ့လုပ်ရပ်ဟာ ဂုဏ်ယူစရာဖြစ်စေခဲ့ကြောင်း ဖော်ပြထားပြီး၊ ကူညီခဲ့တဲ့ ရဲသားတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ဗွီဒီယိုကိုတော့ ကလေးမရဲ့မိခင် Shadow Lantry က မှတ်တမ်းရယူခဲ့တာပါ။

သူမတို့ ဇနီးမောင်နှံကလည်း ကူညီပေးခဲ့တဲ့ အကျဉ်းသား(၅)ဦးကိုရော၊ ရဲတပ်ဖွဲ့ကိုပါ ကျေးဇူးအထူးတင်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သမီးလေးမှာ တစ်ခြား စိုးရိမ်စရာလည်း မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ အကျဉ်းသားတွေကတော့ အချုပ်ကားနဲ့ အကျဉ်းထောင်ဆီကို ပြန်သွားခဲ့ပါတယ်။

Video ကြည့်ရန်

Credit –