အိန္ဒြာကျော်ဇင်နဲ့တူတယ်လို့ နာမည်ကြီးနေတဲ့ မြစ်ကြီးနား သူလေး

Zawgyi ဖြင့်ဖတ်ရန်



Source : Marip Jaseng
Molly @CeleGabar

Unicode ဖြင့်ဖတ်ရန်

ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ကတော့ အနုပညာလောကမှာ ရပ်တည်လာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဇာတ်ရုပ်မရွေး သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ အူဝဲက တော့ အနုပညာမှော်ဝင်နေတဲ့ မင်းသမီးတစ်ယောက်ပဲဆိုတာ ပရိသတ်တွေသိပြီး ဖြစ်မှာပါနော် ။ နာမည်တူမရှားလူတူမရှားဆိုတဲ့ စကားအတိုင်း အူဝဲနဲ့ခွဲမရအောင် တူတဲ့ မိန်းကလေးတစ်ယောက်ကတော့ လူမှုကွန်ရက်စာမျက်နှာမှာ ရေပန်းစား လို့နေပါတယ်

သူကတော့ မြစ်ကြီးနားသူလေး Marip Jaseng ပဲဖြစ်ပါတယ် ။ သူမကို ပရိသတ်တွေက tik tok ကနေတစ်ဆင့် သတိထားမိခဲ့ကြတာဖြစ်ပြီး အူဝဲနဲ့အရမ်း တူလွန်းလို့ တအံ့တသြဖြစ်နေခဲ့ကြတာပါ ။ အူဝဲနဲ့ရုပ်ချင်းခွဲမရအောင် တူလွန်းလို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူသိများလာခဲ့ပြီး တကယ်လည်း အူဝဲနဲ့အမြွှာတွေလားလို့ ထင်ရလောက်အောင် ရုပ်ဆင်နေတာပဲဖြစ်ပါတယ် ။ CeleGabar ပရိသတ်ကြီးအတွက် အူဝဲနဲ့ခွဲမရအောင် တူတဲ့ မြစ်ကြီးနားသူလေးရဲ့ Tik tok တွေကို တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Marip Jaseng
Molly @CeleGabar

Leave a Reply

Your email address will not be published. Required fields are marked *