ဆုိင္ကယ္ဦးထုပ္မေဆာင္းရင္ ျမိဳ႕ထဲ၀င္ခြင့္မရွိေတာ့ေသာ ျမိဳ႕

Zawgyi ျဖင့္ဖတ္ရန္

စစ္ကိုင္းတိုင္းျမိဳ႕ေတာ္ မံုရြာျမိဳ႕သို႔ ဆုိင္ကယ္ျဖင့္ လာေရာက္သူမ်ား ဆိုင္ကယ္ဦးထုပ္မေဆာင္းပါက ေဖေဖာ္၀ါရီ ၂၃ ရက္မွ စ၍ ျမိဳ႕ထဲ အ၀င္မခံဘဲ ျပန္လႊတ္မည္ျဖစ္ေၾကာင္း အမွတ္ ၁၇ ယာဥ္ထိန္းရဲတပ္ဖြဲ႔ခြဲမွဴး႐ံုးမွ ရဲမွဴး ကုိကုိႏုိင္ ကေျပာသည္။

HelmetDay ဆိုင္ကယ္ဦးထုပ္ေဆာင္းသည့္ေန႔ဟု အမည္ေပးထားသည့္ ကမ္ပိန္းကို အပတ္စဥ္ စေနေန႔တိုင္း ျပဳလုပ္သြားမည္ျဖစ္ျပီးျမ ိဳ႕၀င္ျမိဳ႕ထြက္ စစ္ေဆးေရးဂိတ္မ်ားတြင္ အထူးစစ္ေဆးအေရးယူေရးအဖြဲ႔ ၂ဖြဲ႔မွ စစ္ေဆးသြားမည္ျဖစ္၍ ဦးထုပ္ေဆာင္းျပီးမွသာ ျပန္လည္ ၀င္ေရာက္ခံမည္ဟု ဆိုသည္။

၄င္းေန႔တြင္ မုံရြာျမိဳ႕တြင္း၌လည္း ဆုိင္ကယ္ ဦးထုပ္စီး ဦးထုပ္မေဆာင္းဘဲ ေမာင္းနွင္သူမ်ားကုိ ပစ္မွတ္ထား ဖမ္းဆီးသြားမည္ဟု ထုတ္ျပန္ေၾကညာ ထားသည္။

ဖမ္းခံရပါက တရားရုးံတြင္ ဒဏ္ေငြေဆာင္ေစျပီး အရည္အေသြးေကာင္းေသာ ဆုိင္ကယ္စီး ဦးထုပ္ကုိ သင့္ေတာ္ေသာ ေစ်းႏႈန္းျဖင့္ ၀ယ္ေဆာင္းေစရန္ စီမံမည္ဟု သိရသည္။

“အဲဒီေန႔မွာ ၀န္ထမ္းေတြနဲ႔ ၀န္ထမ္းမိသားစုေတြ ဆိုင္ကယ္နဲ႔အျပင္ထြက္စရာၾကံဳလာရင္ ဆိုင္ကယ္ဦးထုပ္ေဆာင္းဖို႕ သက္ဆိုင္ရာ ဌာနက ညႊန္ၾကားမယ္။ရပ္ကြက္ေနျပည္သူေတြ ပါ၀င္ဖို႔ အုပ္ခ်ဳပ္ေရးအဖြဲ႔က လႈံ႔ေဆာ္မယ္။”ဟု ရဲမွဴး ကိုကိုႏိုင္က ေျပာသည္။

စည္းကမ္ပ်က္ ယာဥ္မ်ားအား စစ္ေဆးအေရးယူျခင္းမ်ားကို အဆုိပါ ကမ္ပိန္းျပဳလုပ္သည့္ရက္တြင္မဟုတ္ဘဲ ေန႔စဥ္ပံုမွန္ၾကပ္မက္ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ ဇန္န၀ါရီ ၂၅မွ ေဖေဖာ္၀ါရီ ၁၄ရက္အထိ မံုရြာတြင္ စည္းကမ္းပ်က္ဆိုင္ကယ္ ၃၅၀ နီးပါး ဖမ္းဆီးႏိုင္ခဲ့ရာ တစ္ရက္လွ်င္ ၁၇စီးခန္႔ ဖမ္းမိေနျခင္းျဖစ္သည္။

ယမန္နွစ္၂၀၁၈ ခုနွစ္က မုံရြာျမိဳ႕တြင္ ယာဥ္တုိက္မႈေပါင္း ၁၇၀ျဖစ္ခဲ႔ရာ ေသဆုးံသူ ၅၀ ဦး၊ဒဏ္ရာရသူ ၃၀၀ ေက်ာ္ရွိခဲ့ျပီး အမ်ားစုမွာ ဆုိင္ကယ္စီးဦးထုပ္မေဆာင္း၍ ေသဆုးံျခင္းျဖစ္သည္ဟု မွတ္တမ္းမ်ားတြင္ေဖာ္ျပထားသည္။

ကမ္းပိန္းေန႔တြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႔၊လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ အုပ္ခ်ဳပ္ေရး အဖြဲ႔နွင့္ မုံရြာဆုိင္ကယ္ခ်စ္သူမ်ား ပါသည့္ အဖြဲ႔က ျမိဳ႕တြင္းလွည့္လည္ စီနင္း၍ ဦးထုပ္ေဆာင္းရန္ လႈံ႕ေဆာ္သြားမည္ျဖစ္သည္။

ဓာတ္ပုံ- မုံရြာတြင္ယာဥ္စည္းကမ္း လမ္းစည္းကမ္း ပညာေပးမႈေဆာင္ရြက္ခဲ႔စဥ္က

Credit –  အိအိမြန္

Unicode ျဖင့္ဖတ္ရန္

စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့သို့ ဆိုင်ကယ်ဖြင့် လာရောက်သူများ ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဖေဖော်ဝါရီ ၂၃ ရက်မှ စ၍ မြို့ထဲ အ၀င်မခံဘဲ ပြန်လွှတ်မည်ဖြစ်ကြောင်း အမှတ် ၁၇ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး ကိုကိုနိုင် ကပြောသည်။

HelmetDay ဆိုင်ကယ်ဦးထုပ်ဆောင်းသည့်နေ့ဟု အမည်ပေးထားသည့် ကမ်ပိန်းကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ပြီးမြ ို့၀င်မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် အထူးစစ်ဆေးအရေးယူရေးအဖွဲ့ ၂ဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်၍ ဦးထုပ်ဆောင်းပြီးမှသာ ပြန်လည် ၀င်ရောက်ခံမည်ဟု ဆိုသည်။

၄င်းနေ့တွင် မုံရွာမြို့တွင်း၌လည်း ဆိုင်ကယ် ဦးထုပ်စီး ဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများကို ပစ်မှတ်ထား ဖမ်းဆီးသွားမည်ဟု ထုတ်ပြန်ကြေညာ ထားသည်။

ဖမ်းခံရပါက တရားရုးံတွင် ဒဏ်ငွေဆောင်စေပြီး အရည်အသွေးကောင်းသော ဆိုင်ကယ်စီး ဦးထုပ်ကို သင့်တော်သော ဈေးနှုန်းဖြင့် ၀ယ်ဆောင်းစေရန် စီမံမည်ဟု သိရသည်။

“အဲဒီနေ့မှာ ၀န်ထမ်းတွေနဲ့ ၀န်ထမ်းမိသားစုတွေ ဆိုင်ကယ်နဲ့အပြင်ထွက်စရာကြုံလာရင် ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ သက်ဆိုင်ရာ ဌာနက ညွှန်ကြားမယ်။ရပ်ကွက်နေပြည်သူတွေ ပါ၀င်ဖို့ အုပ်ချုပ်ရေးအဖွဲ့က လှုံ့ဆော်မယ်။”ဟု ရဲမှူး ကိုကိုနိုင်က ပြောသည်။

စည်းကမ်ပျက် ယာဉ်များအား စစ်ဆေးအရေးယူခြင်းများကို အဆိုပါ ကမ်ပိန်းပြုလုပ်သည့်ရက်တွင်မဟုတ်ဘဲ နေ့စဉ်ပုံမှန်ကြပ်မက် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၂၅မှ ဖေဖော်ဝါရီ ၁၄ရက်အထိ မုံရွာတွင် စည်းကမ်းပျက်ဆိုင်ကယ် ၃၅၀ နီးပါး ဖမ်းဆီးနိုင်ခဲ့ရာ တစ်ရက်လျှင် ၁၇စီးခန့် ဖမ်းမိနေခြင်းဖြစ်သည်။

ယမန်နှစ်၂၀၁၈ ခုနှစ်က မုံရွာမြို့တွင် ယာဉ်တိုက်မှုပေါင်း ၁၇၀ဖြစ်ခဲ့ရာ သေဆုးံသူ ၅၀ ဦး၊ဒဏ်ရာရသူ ၃၀၀ ကျော်ရှိခဲ့ပြီး အများစုမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ သေဆုးံခြင်းဖြစ်သည်ဟု မှတ်တမ်းများတွင်ဖော်ပြထားသည်။

ကမ်းပိန်းနေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊လွှတ်တော်ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေး အဖွဲ့နှင့် မုံရွာဆိုင်ကယ်ချစ်သူများ ပါသည့် အဖွဲ့က မြို့တွင်းလှည့်လည် စီနင်း၍ ဦးထုပ်ဆောင်းရန် လှုံ့ဆော်သွားမည်ဖြစ်သည်။

ဓာတ်ပုံ- မုံရွာတွင်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးမှုဆောင်ရွက်ခဲ့စဉ်က

Credit – အိအိမွန်

Leave a Reply

Your email address will not be published. Required fields are marked *