ထိုင္းဘုရင္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္မွာ ျမန္မာအက်ဥ္းသားေတြလည္း ပါဝင္လြတ္ေျမာက္

Posted on

ထိုင္းဘုရင္ လြတ္ျငိမ္းခ်မ္းသာခြင့္တြင္ ျမန္မာအပါအ၀င္ နိုင္ငံျခားသား အက်ဥ္းသားႏွင့္ ထိုင္းနိုင္ငံသားအက်ဥ္းသားေပါင္း ၃၀၀၀၀ ေက်ာ္ လြတ္ေျမာက္

May13,2019

မင္းဆက္ (၁၀) ဆက္ေျမာက္ ထိုင္းဘုရင္ မဟာ ဘာဂ်ီရာ ေလာင္ကြန္းနန္တက္ပြဲ နဲ ့အတူ အက်ဥ္းသားလြတ္ျငိမ္းခြင့္ ေပးခဲ့ရာမွာ ျပစ္ဒဏ္က်အက်ဥ္းသားေတြကို ေမလ ၁၀ ရက္ေန ့ ေသာၾကာေနကစတင္ လြတ္ေပးေနျပီျဖစ္ပါတယ္။

နိုင္ငံတ၀န္း အက်ဥ္းသားေပါင္း သံုးေသာင္းမွာ ငါးေသာင္းအၾကား လြတ္ေျမာက္ လာနိုင္ေၾကာင္း ထိုင္းသတင္းေတြမွာေ၇းသားေဖၚျပေနတာေတြ ့ရပါတယ္။

ထိုင္းတနိုင္ငံလံုး ဗဟိုအက်ဥ္းေထာင္ေပါင္း ၁၄၀ ေက်ာ္မွာ ျပစ္မွုၾကီး (မူးယစ္- လူသတ္)ေတြ နဲ ့ ေထာင္က်ေနသူ အက်ဥ္းသားဦးေရဟာ ၃၂၅၂၉၈ ဦး ရွိေနပါတယ္။ ကမၻာမွာ အက်ဥ္းသားအမ်ားဆံုး (၆) နိုင္ငံ မွာ ထိုင္းနိုင္ငံလည္း ပါ၀င္ပါတယ္။

ဘန္ေကာက္ျမိဳ ့က ဘန္ခင္ အက်ဥ္း ေထာင္ ခ်ြန္ဘူ၇ီ -စမုပရကန္ စတဲ့ ျမိဳ ့ေတြနဲ ့ ထိုင္းျမန္မာနွစ္နိုင္ငံ နယ္စပ္ျမိဳ ့ေတြျဖစ္တဲ့ မဲေဆာက္-ရေနာင္း-မဲဆိုင္ စတဲ့ အက်ဥ္းေထာင္ေတြမွာျမန္မာနိုင္ငံသားအက်ဥ္းသားေတြ အမ်ားဆံုးရွိေနတာျဖစ္ပါတယ္။

ယခုလြတ္ေျမာက္လာသူေတြမွာ သက္ၾကီးရြယ္အို အသက္မျပည္ေသးသူ လူငယ္ေတြ နဲ ့ ကုမရ ေရာဂါ (ကင္ဆာ- တီဘီ-AIDS )ေရာဂါသည္ေတြလည္း ပါ၀င္တာေတြ ့ရပါတယ္။

ဘုရင့္လြတ္ျငိမ္းခ်မ္းသာခြင့္ မွာ ပါ၀င္မယ့္ ျမန္မာအက်ဥ္းသားေတြကို ေထာင္ကေနျပီး တဆင့္ သက္ဆိုင္ရာျမိဳ ့နယ္ က လူ၀င္မွုၾကီးၾကပ္ေရး စခန္း IDC ကို ပို ့ျပီးမွာျဖစ္ျပီး ထိုင္းျမန္မာ နယ္စပ္ေဒသေတြဆီ ျပန္လြတ္ေပးသြားျဖစ္ပါတယ္။

SAW

Between 30,000 and 50,000 prisoners will be released and many others will see their sentences commuted in Thailand under a royal pardon granted by the king on Friday on occasion of his recent coronation.

Unicode ျဖင့္ဖတ္ရန္

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့်တွင် မြန်မာအပါအဝင် နိုင်ငံခြားသား အကျဉ်းသားနှင့် ထိုင်းနိုင်ငံသားအကျဉ်းသားပေါင်း ၃၀၀၀၀ ကျော် လွတ်မြောက်

May13,2019

မင်းဆက် (၁၀) ဆက်မြောက် ထိုင်းဘုရင် မဟာ ဘာဂျီရာ လောင်ကွန်းနန်တက်ပွဲ နဲ ့အတူ အကျဉ်းသားလွတ်ငြိမ်းခွင့် ပေးခဲ့ရာမှာ ပြစ်ဒဏ်ကျအကျဉ်းသားတွေကို မေလ ၁၀ ရက်နေ ့ သောကြာနေကစတင် လွတ်ပေးနေပြီဖြစ်ပါတယ်။

နိုင်ငံတဝန်း အကျဉ်းသားပေါင်း သုံးသောင်းမှာ ငါးသောင်းအကြား လွတ်မြောက် လာနိုင်ကြောင်း ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြနေတာတွေ ့ရပါတယ်။

ထိုင်းတနိုင်ငံလုံး ဗဟိုအကျဉ်းထောင်ပေါင်း ၁၄၀ ကျော်မှာ ပြစ်မှုကြီး (မူးယစ်- လူသတ်)တွေ နဲ ့ ထောင်ကျနေသူ အကျဉ်းသားဦးရေဟာ ၃၂၅၂၉၈ ဦး ရှိနေပါတယ်။ ကမ္ဘာမှာ အကျဉ်းသားအများဆုံး (၆) နိုင်ငံ မှာ ထိုင်းနိုင်ငံလည်း ပါဝင်ပါတယ်။

ဘန်ကောက်မြို ့က ဘန်ခင် အကျဉ်း ထောင် ချွန်ဘူရီ -စမုပရကန် စတဲ့ မြို ့တွေနဲ ့ ထိုင်းမြန်မာနှစ်နိုင်ငံ နယ်စပ်မြို ့တွေဖြစ်တဲ့ မဲဆောက်-ရနောင်း-မဲဆိုင် စတဲ့ အကျဉ်းထောင်တွေမှာမြန်မာနိုင်ငံသားအကျဉ်းသားတွေ အများဆုံးရှိနေတာဖြစ်ပါတယ်။

ယခုလွတ်မြောက်လာသူတွေမှာ သက်ကြီးရွယ်အို အသက်မပြည်သေးသူ လူငယ်တွေ နဲ ့ ကုမရ ရောဂါ (ကင်ဆာ- တီဘီ-AIDS )ရောဂါသည်တွေလည်း ပါဝင်တာတွေ ့ရပါတယ်။

ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့် မှာ ပါဝင်မယ့် မြန်မာအကျဉ်းသားတွေကို ထောင်ကနေပြီး တဆင့် သက်ဆိုင်ရာမြို ့နယ် က လူဝင်မှုကြီးကြပ်ရေး စခန်း IDC ကို ပို ့ပြီးမှာဖြစ်ပြီး ထိုင်းမြန်မာ နယ်စပ်ဒေသတွေဆီ ပြန်လွတ်ပေးသွားဖြစ်ပါတယ်။

SAW

Between 30,000 and 50,000 prisoners will be released and many others will see their sentences commuted in Thailand under a royal pardon granted by the king on Friday on occasion of his recent coronation.