မႏၲေလးသႀကၤန္ တာဝန္ထမ္းေဆာင္ေနေသာ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ဓားထိုးခံရ

မႏၲေလးသႀကၤန္ တာဝန္ထမ္းေဆာင္ေနတဲ့ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ဓားထိုးခံရ

မႏၲေလးၿမိဳ႕ ၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၇လမ္း နဲ႔ လမ္း၈၀ေထာင့္ မွာ သႀကၤန္ကာလ လံုျခံဳေရးတာဝန္ ထမ္းေဆာင္ေနတဲ့ ေမဃဂီရီရပ္ကြက္က အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ဓားထိုးခံရမႈျဖစ္စဥ္တစ္ခု ဒီကေန႔ သႀကၤန္အက်ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ပါတယ္။

” ျဖစ္တာက ကြ်န္ေတာ္တို႔ တပ္ဖြဲ႕ဝင္နဲ႔ေတာ့ မဆိုင္ပဲနဲ႔ ဒီအတိုင္း ဓားနဲ႔အထိုးခံရတာပါ၊ သူတို႔က အဖြဲ႕လိုက္လာၿပီးလုပ္သြားတာပါ ၊ လူနာကေတာ့ စိုးရိမ္စရာမရိွေတာ့ပါဘူး ” လို႔ ေအာင္ေျမသာစံၿမိဳ႕နယ္မီးသတ္ဦးစီးဌာန ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးထြန္းထြန္းလင္း က ေျပာပါတယ္။

ယခုလိုျဖစ္စဥ္ ျဖစ္ပြားတာေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္ေတြဟာ လက္နက္ကိုင္တပ္ဖြဲ႕မဟုတ္တဲ့အတြက္ ခုလိုပြဲေတာ္အခမ္းအနားေတြမွာ လံုျခံဳေရးတာဝန္ထမ္းေဆာင္ရတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြရဲ႕ လံုျခံဳေရးစိုးရိမ္ေနရတယ္လို႔ မီးသတ္တပ္ဖြဲ႕ဝင္အခ်ိဳ႕က ေျပာပါတယ္။

ျဖစ္စဥ္မွာ ပါဝင္တဲ့သူ အခ်ိဳ႕ကို ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၄)ရဲစခန္းမွာ ဖမ္းစီးထားၿပီးျဖစ္တယ္လို႔ ေအာင္ေျမသာစံၿမိဳ႕နယ္မီးသတ္ဦးစီးဌာန ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးထြန္းထြန္းလင္း ထံမွ ကနဦးသတင္း သိရပါတယ္။ဟိန္းကို(VOM)Voiceofmyanmar#မႏၲေလး- အရန္မီးသတ္တပ္ဖြဲ႕ဝင္ဓားထိုးခံရ

Unicode ျဖင့္ဖတ္ရန္

မန္တလေးသင်္ကြန် တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရ

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ ၁၇လမ်း နဲ့ လမ်း၈၀ထောင့် မှာ သင်္ကြန်ကာလ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ မေဃဂီရီရပ်ကွက်က အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရမှုဖြစ်စဉ်တစ်ခု ဒီကနေ့ သင်္ကြန်အကျနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

” ဖြစ်တာက ကျွန်တော်တို့ တပ်ဖွဲ့ဝင်နဲ့တော့ မဆိုင်ပဲနဲ့ ဒီအတိုင်း ဓားနဲ့အထိုးခံရတာပါ၊ သူတို့က အဖွဲ့လိုက်လာပြီးလုပ်သွားတာပါ ၊ လူနာကတော့ စိုးရိမ်စရာမရှိတော့ပါဘူး ” လို့ အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း က ပြောပါတယ်။

ယခုလိုဖြစ်စဉ် ဖြစ်ပွားတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့မဟုတ်တဲ့အတွက် ခုလိုပွဲတော်အခမ်းအနားတွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးစိုးရိမ်နေရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။

ဖြစ်စဉ်မှာ ပါဝင်တဲ့သူ အချို့ကို အောင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းမှာ ဖမ်းစီးထားပြီးဖြစ်တယ်လို့ အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း ထံမှ ကနဦးသတင်း သိရပါတယ်။ဟိန်းကို(VOM)Voiceofmyanmar#မန္တလေး- အရန်မီးသတ်တပ်ဖွဲ့ဝင်ဓားထိုးခံရ

Leave a Reply

Your email address will not be published. Required fields are marked *