ဘရာစီယာပုံ Crop Top နဲ့ ဖျော်ဖြေခဲ့လို့ ဝေဖန်ခံနေရတဲ့ အဆိုတော် ပိုပို

Posted on




Photo – ပိုပို

Unicode ဖြင့်ဖတ်ရန်

အသံသြဇာကောင်းကောင်းနဲ့ ပရိသတ်တွေကိုဖမ်းစားတတ်တဲ့ အဆိုတော်မလေးပိုပို တစ် ယောက် မန်းရွှေမြို့တော်ကြီးမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး ပရိသတ်တွေရဲ့ အံ့မခန်းအားပေး မှုကြောင့် မျက်ရည် ဝဲတဲ့အထိတောင် ကြည်နူးခဲ့ရတယ်လို့ သူမရဲ့လူမှုကွန်ယက်ကနေ တဆင့် ပြန်လည်ပြောပြ လိုက်တာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ သူမက အပြတ်အသတ်ပရိသတ် တွေနဲ့အတူ အမိုက်စားဖျော်ဖြေခဲ့ တာပဲ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ သူမဝတ်တဲ့ Crop Top ဟာ ဘရာစီယာလိုပုံစံဖြစ်နေပြီး ရင်ဘတ်အောက်ပိုင်းနဲ့ ခါးဟာ အတော်လေးလွတ်နေတာကြောင့် ပရိသတ်တွေက ဝေဖန်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို ဖျော်ဖြေရာမှာ သူမက အလွတ်လပ်အပေါ့ပါးဆုံးအဝတ်အစားနဲ့ ပေါ့ပေါ့ ပါးပါး အမိုက်စားဖျော်ဖြေခဲ့ တာပဲဖြစ်ပါတယ်။

သူမရဲ့ မန္တလေးပရိသတ်ကြီးတွေ့ဆုံမှုလေးကို ” တာဝန် ကျေတဲ့ မန္တလေးက ကြယ်ပွင့် လေးများကို အထူးချစ် တယ် အရမ်းပျော်လွန်းလို့ မျက်ရည်ပါဝဲတယ် ကျေးဇူး အထူးပါ ” ဆိုပြီး သူမရဲ့လူမှုကွန် ယက်ကနေ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ပိုပို့ကိုချစ်တဲ့ ပရိသတ် ကြီးလည်း ပိုပိုရဲ့ Masterpiece အခွေးလေးကို အားပေးလိုက်ပါဦးနော်။

Photo – ပိုပို