ရည္းစားေဟာင္းကို ကတ္ေၾကးနဲ႔ အခ်က္ေပါင္းမ်ားစြာထိုးသတ္ခဲ့ရျခင္းအေၾကာင္း ထြက္ဆိုပါၿပီ

ရည္းစားေဟာင္းကို ကတ္ေၾကးနဲ႔ အခ်က္ေပါင္းမ်ားစြာထိုးသတ္ခဲ့ရျခင္းအေၾကာင္း ထြက္ဆိုျပီ

တာခ်ီလိတ္ၿမိဳ႕ တည္းခိုခန္းတစ္ခုမွာ အလုပ္လုပ္ေနတဲ့ ရည္းစားေဟာင္း ျဖစ္သူကို ကတ္ေၾကးနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခဲ့သူကို တာခ်ီလိတ္ၿမိဳ႕ အေဝးေျပးကားေလးဝင္းမွာ မတ္လ (၁၄)ရက္ ညေန (၅)နာရီခန္႔က ဖမ္းဆီးရမိတယ္လို႔ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းကေနသိရပါတယ္။

မတ္လ (၁၄)ရက္ မနက္အေစာ (၁)နာရီခန္႔က တာခ်ီလိတ္ၿမိဳ႕ တည္းခိုခန္းတစ္ခုမွာ အလုပ္လုပ္ေနတဲ့ မစုစုလိႈင္ကို ရည္းစားေဟာင္းျဖစ္သူ သန္းေဝက ကတ္ေၾကးနဲ႔ အခ်က္ေပါင္းမ်ားစြာ ထုိးခဲ့တာေၾကာင့္ မစုစုလိႈင္မွာ မတ္လ (၁၄)ရက္ မနက္ (၅)နာရီခန္႔မွာ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးမွာ ေသဆံုးခဲ့ပါတယ္။

မစုစုလိႈင္ေသဆံုးခဲ့တာေၾကာင့္ ကတ္ေၾကးျဖင့္ ထိုးသတ္သူ သန္းေဝကို တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔က လိုက္လံ စံုစမ္းရာမွာ သန္းေဝမွာ ၿမိဳင္ၿမိဳ႕နယ္၊ အုိက္မရြာမွာေနထုိင္သူျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕ကို မႏၲေလးကေနတစ္ဆင့္ ေလေၾကာင္းနဲ႔ ေရာက္ရွိလာတာကို စံုစမ္းသိခဲ့ရပါတယ္။

သန္းေဝ ေလယာဥ္လက္မွတ္ ဝယ္ယူစဥ္မွာ ဆက္သြယ္ခဲ့တဲ့ ဖုန္းနံပတ္ကေနတစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ဝင္ေတြက စံုစမ္းရာမွာ သန္းေဝရဲ႕ မိဘေတြနဲ႔ အဆက္အသြယ္ရရွိခဲ့ပါတယ္။

သန္းေဝရဲ႕ မိဘေတြကေနတစ္ဆင့္ သန္းေဝ ရွိတဲ့ေနရာကို ဆက္လက္စံုစမ္းရာမွာ သန္းေဝဟာ ေနရပ္ကိုျပန္ဖုိ႔ တာခ်ီလိတ္ၿမိဳ႕ အေဝးေျပးကားေလးဝင္းကုိ ေရာက္ရွိေနတာကို သိရၿပီး မတ္လ (၁၄)ရက္ေန႔ ညေန (၅)နာရီခန္႔မွာ ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လုိ႔ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး မ်ိဳးခိုင္က ေျပာပါတယ္။

“အခင္းျဖစ္ပြားၿပီး (၁၅)နာရီအတြင္း ကၽြန္ေတာ္တို႔ ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္” လို႔ သူက ေျပာပါတယ္။ဖမ္းဆီးရမိတဲ့ သန္းေဝကို စစ္ေဆးခ်က္အရ ေသဆံုးသူ မစုစုလိႈင္နဲ႔ သန္းေဝတုိ႔ဟာ လြန္ခဲ့တဲ့ (၅)ႏွစ္ခန္႔ကတည္းက ေဖ့စ္ဘြတ္မွာ ေတြ႔ဆံုကာ ခ်စ္ႀကိဳက္ေနခဲ့တယ္လို႔ သိရပါတယ္။

“သန္းေဝက မေလးရွားမွာ အလုပ္လုပ္ေနကတည္းက ေသဆံုးသြားတဲ့သူနဲ႔က ခ်စ္ႀကိဳက္ေနခဲ့တာပါ။ ဒါေပမယ့္ လြန္ခဲ့တဲ့ (၂)လေလာက္ကစၿပီး ေသဆံုးသူက ေဖ့စ္ဘြတ္ေရာ၊ မက္ဆင္ဂ်ာကေနေရာ ဘေလာ့သြားတယ္လုိ႔ ေျပာပါတယ္” လို႔ တာခ်ီလိတ္ၿမိဳ႕ရဲစခန္းမွဴးက ေျပာပါတယ္။

ဒီလို ဘေလာ့သြားတာခ်ိန္မွာ ေသဆံုးသူဟာ လုပ္ငန္းခြင္ထဲက တျခားတေယာက္နဲ႔ ခ်စ္ႀကိဳက္ေနတယ္လုိ႔ သန္းေဝက ၾကားသိရၿပီး တာခ်ီလိတ္အထိလိုက္လာကာ ေတြ႔ဆံုစကားေျပာရာကေန ကတ္ေၾကးနဲ႔ ထုိးသတ္ခဲ့တာ ျဖစ္တယ္လုိ႔ ဝန္ခံထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး မ်ိဳးခိုင္က ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့ သန္းေဝကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွာ (ပ)၁၃၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ အေရးယူ ေဆာင္ရြက္လွ်က္ရွိတယ္လုိ႔ သိရပါတယ္။သတင္း – ေရႊႀတိဂံေဒသသတင္

Unicode ျဖင့္ဖတ္ရန္

ရည်းစားဟောင်းကို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာထိုးသတ်ခဲ့ရခြင်းအကြောင်း ထွက်ဆိုပြီ

တာချီလိတ်မြို့ တည်းခိုခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်းစားဟောင်း ဖြစ်သူကို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သူကို တာချီလိတ်မြို့ အဝေးပြေးကားလေးဝင်းမှာ မတ်လ (၁၄)ရက် ညနေ (၅)နာရီခန့်က ဖမ်းဆီးရမိတယ်လို့ တာချီလိတ်မြို့မ ရဲစခန်းကနေသိရပါတယ်။

မတ်လ (၁၄)ရက် မနက်အစော (၁)နာရီခန့်က တာချီလိတ်မြို့ တည်းခိုခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ မစုစုလှိုင်ကို ရည်းစားဟောင်းဖြစ်သူ သန်းဝေက ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာကြောင့် မစုစုလှိုင်မှာ မတ်လ (၁၄)ရက် မနက် (၅)နာရီခန့်မှာ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးခဲ့ပါတယ်

မစုစုလှိုင်သေဆုံးခဲ့တာကြောင့် ကတ်ကြေးဖြင့် ထိုးသတ်သူ သန်းဝေကို တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းရာမှာ သန်းဝေမှာ မြိုင်မြို့နယ်၊ အိုက်မရွာမှာနေထိုင်သူဖြစ်ပြီး တာချီလိတ်မြို့ကို မန္တလေးကနေတစ်ဆင့် လေကြောင်းနဲ့ ရောက်ရှိလာတာကို စုံစမ်းသိခဲ့ရပါတယ်။

သန်းဝေ လေယာဉ်လက်မှတ် ဝယ်ယူစဉ်မှာ ဆက်သွယ်ခဲ့တဲ့ ဖုန်းနံပတ်ကနေတစ်ဆင့် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းရာမှာ သန်းဝေရဲ့ မိဘတွေနဲ့ အဆက်အသွယ်ရရှိခဲ့ပါတယ်။

သန်းဝေရဲ့ မိဘတွေကနေတစ်ဆင့် သန်းဝေ ရှိတဲ့နေရာကို ဆက်လက်စုံစမ်းရာမှာ သန်းဝေဟာ နေရပ်ကိုပြန်ဖို့ တာချီလိတ်မြို့ အဝေးပြေးကားလေးဝင်းကို ရောက်ရှိနေတာကို သိရပြီး မတ်လ (၁၄)ရက်နေ့ ညနေ (၅)နာရီခန့်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်က ပြောပါတယ်။

“အခင်းဖြစ်ပွားပြီး (၁၅)နာရီအတွင်း ကျွန်တော်တို့ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ဖမ်းဆီးရမိတဲ့ သန်းဝေကို စစ်ဆေးချက်အရ သေဆုံးသူ မစုစုလှိုင်နဲ့ သန်းဝေတို့ဟာ လွန်ခဲ့တဲ့ (၅)နှစ်ခန့်ကတည်းက ဖေ့စ်ဘွတ်မှာ တွေ့ဆုံကာ ချစ်ကြိုက်နေခဲ့တယ်လို့ သိရပါတယ်။

“သန်းဝေက မလေးရှားမှာ အလုပ်လုပ်နေကတည်းက သေဆုံးသွားတဲ့သူနဲ့က ချစ်ကြိုက်နေခဲ့တာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ (၂)လလောက်ကစပြီး သေဆုံးသူက ဖေ့စ်ဘွတ်ရော၊ မက်ဆင်ဂျာကနေရော ဘလော့သွားတယ်လို့ ပြောပါတယ်” လို့ တာချီလိတ်မြို့ရဲစခန်းမှူးက ပြောပါတယ်။

ဒီလို ဘလော့သွားတာချိန်မှာ သေဆုံးသူဟာ လုပ်ငန်းခွင်ထဲက တခြားတယောက်နဲ့ ချစ်ကြိုက်နေတယ်လို့ သန်းဝေက ကြားသိရပြီး တာချီလိတ်အထိလိုက်လာကာ တွေ့ဆုံစကားပြောရာကနေ ကတ်ကြေးနဲ့ ထိုးသတ်ခဲ့တာ ဖြစ်တယ်လို့ ဝန်ခံထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ သန်းဝေကို တာချီလိတ်မြို့မရဲစခန်းမှာ (ပ)၁၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။သတင်း – ရွှေတြိဂံဒေသသတင်

Leave a Reply

Your email address will not be published. Required fields are marked *