ျမစ္ဆံုကိစၥ အတိုင္ပင္ခံပုဂၢိဳလ္ေျပာပါၿပီ

ျမစ္ဆံုစီမံကိန္းကို ျပည္သူေတြအေနနဲ႔ အျမင္က်ယ္က်ယ္နဲ႔ အဘက္ဘက္က စဥ္းစားေစခ်င္တယ္လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

မတ္လ (၁၄)ရက္ က ျပည္ၿမိဳ႕မွာ လူထုနဲ႔ ေတြ႕ဆံုစဥ္ ေဒသခံတစ္ဦးရဲ႕ေမးျမန္းခ်က္ကို ျပန္လည္ ေျဖၾကားရာမွာ ထည့္သြင္းေျပာၾကား ခဲ့တာပါ။ အစိုးရအေနနဲ႔ စီမံကိန္းေတြကို စီးပြားေရး၊ လူမႈေရး၊ႏိုင္ငံေရးနဲ႔ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးစတဲ့ ႐ႈေထာင့္ေလးခုေပၚမူတည္ၿပီး ေရရွည္အက်ိဳး အတြက္ စဥ္းစားရတယ္လို႔ ဆိုပါတယ္။

အစိုးရအေနနဲ႔ တာ၀န္သိစိတ္နဲ႔ လုပ္မွာျဖစ္ၿပီး ဆံုးျဖတ္ခ်က္ခ် ရင္ ျပည္သူေတြကို ဘာေၾကာင့္ ဒီလိုလုပ္တယ္ဆိုတာ ရွင္းျပမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ျမစ္ဆံုစီမံကိန္းဟာ တပ္မေတာ္အစိုးရလက္ထက္က သေဘာတူခဲ့ တဲ့စီမံကိန္းျဖစ္ၿပီး အေကာင္အထည္ေဖာ္ခ်ိန္မွာ ကန္႔ကြက္မႈေတြရွိခဲ့ တာေၾကာင့္ ၿပီးခဲ့တဲ့ အစိုးရသက္တမ္းကစၿပီး အခုခ်ိန္အထိ စီမံကိန္းကို ရပ္ဆိုင္းထားတာျဖစ္ပါတယ္။5 PLUS NEWS

Unicode ျဖင့္ဖတ္ရန္

မြစ်ဆုံစီမံကိန်းကို ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်က စဉ်းစားစေချင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ (၁၄)ရက် က ပြည်မြို့မှာ လူထုနဲ့ တွေ့ဆုံစဉ် ဒေသခံတစ်ဦးရဲ့မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာမှာ ထည့်သွင်းပြောကြား ခဲ့တာပါ။ အစိုးရအနေနဲ့ စီမံကိန်းတွေကို စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ ရှုထောင့်လေးခုပေါ်မူတည်ပြီး ရေရှည်အကျိုး အတွက် စဉ်းစားရတယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ တာဝန်သိစိတ်နဲ့ လုပ်မှာဖြစ်ပြီး ဆုံးဖြတ်ချက်ချ ရင် ပြည်သူတွေကို ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ ရှင်းပြမှာဖြစ်တယ်လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းဟာ တပ်မတော်အစိုးရလက်ထက်က သဘောတူခဲ့ တဲ့စီမံကိန်းဖြစ်ပြီး အကောင်အထည်ဖော်ချိန်မှာ ကန့်ကွက်မှုတွေရှိခဲ့ တာကြောင့် ပြီးခဲ့တဲ့ အစိုးရသက်တမ်းကစပြီး အခုချိန်အထိ စီမံကိန်းကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။5 PLUS NEWS

Leave a Reply

Your email address will not be published. Required fields are marked *