ရဲတပ္ဖြဲ႕ဝင္ (၉)ဦး သတ္ျဖတ္ခံရမႈမွာ တရားမွ်တမႈမရွိဟု ဥေရာပသမဂၢသံရံုးထုတ္ျပန္ၿပီ

ရခိုင္ျပည္နယ္ ပုဏၰားကၽြန္းၿမိဳ႕နယ္ ယုိးတရုတ္ေက်းရြာရဲကင္းစခန္းတြင္တာဝန္ထမ္းေဆာင္ေနေသာ ရဲတပ္ဖြဲ႕ဝင္(၉)ဦးသတ္ျဖတ္ခံရမႈမွာ တရားမွ်တမႈမရွိေၾကာင္း ဥေရာပသမဂၢသံရံုးက ထုတ္ျပန္လိုက္ေၾကာင္း သတင္းရရွိသည္။

အဆုိပါထုတ္ျပန္ခ်က္ကုိ ျမန္မာနိုင္ငံဆိုင္ရာ ဥေရာပသမဂၢသံရံုး ၊ ဥေရာပအဖြဲ႔၀င္နိုင္ငံ သံရံုးမ်ား ၊ ကေနဒါ နွင္႔ ေနာ္ေ၀ သံရံုးတို႔မွ သံရံုး အၾကီးအကဲမ်ားက မတ္လ ၁၄ ရက္ေန႔တြင္ ထုတ္ျပန္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါထုတ္ျပန္ခ်က္တြင္ ရဲစခန္းမ်ား၊ အရပ္ဖက္ အာဏာပိုင္မ်ားနွင္႔ လူပုဂၢိဳလ္မ်ားအား တိုက္ခိုက္မႈမ်ားကို ရပ္တန႔္ရမည္ ျဖစ္ၿပီး ၂၀၁၉ ခုနွစ္၊ မတ္လ (၉) ရက္ေန႔တြင္ ျဖစ္ပြားခဲ႔သည္႔ ရခိုင္ျပည္နယ္၊ ပုဏၰားကၽြန္းျမိဳ႕နယ္မွ ရဲတပ္ဖြဲ႔၀င္ (၉) ဦးတို႔ သတ္ျဖတ္ခံရျခင္းကဲ႔သို႔ေသာ လုပ္ရပ္မ်ားသည္ မည္သို႔မွ် တရားမွ်တမႈ မရိွပါဟု ေဖာ္ျပထားသည္။

ရခိုင္ျပည္နယ္နွင့္ ခ်င္းျပည္နယ္ ေတာင္ပိုင္းတို႔တြင္ AA လက္နက္ကိုင္အဖြဲ႔ နွင့္ ျမန္မာ့တပ္မေတာ္ၾကား ဆက္လက္ျဖစ္ပြားေနသည္႔ အၾကမ္းဖက္မႈမ်ားသည္ အသက္အိုးအိမ္ ဆံုးရံႈးနစ္နာမႈမ်ားနွင္႔ ဆိုးရြားသည့္လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာအေျခအေနကို ျဖစ္ေပၚေစၿပီး

ျပည္ေထာင္စုအစိုးရသည္ AA လက္နက္ကိုင္အဖြဲ႔နွင့္ ေဆြးေႏြးမႈမ်ားျပဳလုပ္ရန္ လက္ခံေၾကာင္းနွင္႔ သက္ဆိုင္ရာ တာ၀န္ရိွသူမ်ား အားလံုးမွလည္း ဤအခြင္႔အေရးကို ဆုပ္ကိုင္၍ အတိတ္မွ နာၾကည္းခ်က္မ်ားကို ေဆြးေႏြးမႈမ်ားနွင္႔ နိင္ငံေရး ျဖစ္စဥ္မ်ားမွတဆင္႔ ေျဖရွင္းေဆာင္ရြက္နိုင္ရန္အတြက္ အားထုတ္ေဆာင္ရြက္မႈမ်ားကို အရွိန္အဟုန္ျမင့္တင္ရန္ ေမွ်ာ္မွန္းေၾကာင္းကုိလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဓာတ္ပံု – ယုိးတရုတ္ရဲကင္းစခန္းတုိက္ခိုက္ခံရမႈေၾကာင့္ က်ဆံုးသြားသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ရုပ္အေလာင္းမ်ားအားေတြ႕ရစဥ္။

CentralNewsMyanmar

Unicode ျဖင့္ဖတ္ရန္

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာရဲကင်းစခန်းတွင်တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်(၉)ဦးသတ်ဖြတ်ခံရမှုမှာ တရားမျှတမှုမရှိကြောင်း ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး ၊ ဥရောပအဖွဲ့ဝင်နိုင်ငံ သံရုံးများ ၊ ကနေဒါ နှင့် နော်ဝေ သံရုံးတို့မှ သံရုံး အကြီးအကဲများက မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် (၉) ဦးတို့ သတ်ဖြတ်ခံရခြင်းကဲ့သို့သော လုပ်ရပ်များသည် မည်သို့မျှ တရားမျှတမှု မရှိပါဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် AA လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာ့တပ်မတော်ကြား ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများသည် အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုများနှင့် ဆိုးရွားသည့်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအခြေအနေကို ဖြစ်ပေါ်စေပြီး

ပြည်ထောင်စုအစိုးရသည် AA လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်ရန် လက်ခံကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးမှလည်း ဤအခွင့်အရေးကို ဆုပ်ကိုင်၍ အတိတ်မှ နာကြည်းချက်များကို ဆွေးနွေးမှုများနှင့် နိင်ငံရေး ဖြစ်စဉ်များမှတဆင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အားထုတ်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြင့်တင်ရန် မျှော်မှန်းကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ယိုးတရုတ်ရဲကင်းစခန်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များ၏ရုပ်အလောင်းများအားတွေ့ရစဉ်။

CentralNewsMyanmar

Leave a Reply

Your email address will not be published. Required fields are marked *